ဝင်းဂါးရဲ့တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်မှာ အိုးထရက်ဖို့ဒ်တွင် ရယူခဲ့တဲ့အောင်မြင်မှုအားလုံးကို မှေးမှိန်စေကြောင်း ဆာအဲလက်စ်ဖာဂူဆန်ဝန်ခံ

ဆာအဲလက်စ်ဖာဂူဆန်ကအာစင်ဝင်းဂါးရဲ့အာဆင်နယ်အသင်းနှင့်အတူတစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့မှုမှာသူ့ရဲ့အိုးထရက်ဖို့ဒ်နည်းပြဘဝရယူခဲ့အောင်မြင်မှုအားလုံးထက်သာလွန်ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

အသက်၇၉နှစ်ရှိဖာဂူဆန်နှင့်အာစင်ဝင်းဂါးတို့ဟာပရီးမီးယားလိဂ်တွင်၁၇နှစ်ရာသီတိုင်တိုင်ပြင်းထန်တဲ့ပြိုင်ဘက်များအဖြစ်ပြိုင်ဆိုင်ခဲ့ကြသူများလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်ခန့်တုန်းကဦးနှောက်သွေးယိုမှုကြောင့်အသက်ဆုံးရှုံးရလုနီးပါးအထိဖြစ်ခဲ့တဲ့ဆာအဲလက်စ်ဖာဂူဆန်ဟာ Amazon Prime ကရိုက်ကူးတဲ့အာစင်ဝင်းဂါးအကြောင်းမှတ်တမ်းရုပ်ရှင်တွင်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာအိုးထရက်ဖို့ဒ်တွင်ဆယ်စုနှစ်သုံးခုနီးပါးတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း၁၉၉၈-၉၉ခုနှစ်တုန်းကအရေးပါတဲ့ဆုဖလားသုံးကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား၂ကြိမ်နှင့်ပရီးမီးယားလိဂ်ဖလား၁၃ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်အာစင်ဝင်းဂါးဟာလည်း၂၀၀၃-၀၄ရာသီတုန်းကတစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ကာ၁၈၈၈-၈၉ရာသီတုန်းကပရက်စ်တန်နောက်ပိုင်းတစ်ရာသီရှုံးပွဲမရှိဖြင့်အဆင့်မြင့်တန်းဖလားဆွတ်ခူးနိုင်တဲ့ပထမဆုံးအသင်းဖြစ်ခဲ့ပါတယ်။

ဖာဂူဆန်က “ဒီအောင်မြင်မှုတွေကကျန်တဲ့အောင်မြင်မှုတွေအားလုံးရဲ့အထက်မှာရှိနေပါလိမ့်မယ်”လို့ Amazon Prime ရဲ့အာစင်ဝင်းဂါးမှတ်တမ်းရုပ်ရှင် Trailer တွင်ဖော်ပြထားတွေ့ရပါတယ်။

၎င်းတို့နှစ်ဦးဟာ၁၉၉၀နှင့်၂၀၀၀ခုနှစ်များတုန်းကပြင်းထန်တဲ့ပြိုင်ဘက်များဖြစ်ခဲ့ကြသူများလည်းဖြစ်ပါတယ်။ဒါ့အပြင်စကော့တလန်လူမျိုးနည်းပြဟောင်းက “သူကစစ်ဖြစ်ချင်နေတာလားလို့ ကျွန်တော့်ကိုယ်ကျွန်တော်ပြောခဲ့တယ်”လို့လည်းဆိုထားပါတယ်။

အာစင်ဝင်းဂါးဟာအာဆင်နယ်အသင်းကို၂၂နှစ်ကြာကိုင်တွယ်ပြီးနောက်၂၀၁၈ခုနှစ်တုန်းကအာဆင်နယ်နည်းပြရာထူးမှထွက်ခွာခဲ့ပါတယ်။သူဟာအာဆင်နယ်နှင့်အတူပရီးမီးယားလိဂ်ဖလား၃ကြိမ်၊အက်ဖ်အေဖလား၇ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီးအာဆင်နယ်ကိုဟိုက်ဘူရီကွင်းမှာအမ်းမရိတ်ကွင်းသို့ပြောင်းနိုင်အောင်အရေးပါတဲ့နေရာမှလုပ်ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

အာစင်ဝင်းဂါးရဲ့မှတ်တမ်းရုပ်ရှင်တွင်အာဆင်နယ်ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့သီယာရီဟင်နရီ၊ဒင်းနစ်ဘားကမ့်၊ပက်ထရစ်ဗီအဲရာ၊ရောဘတ်ပီးရက်စ်၊အီရန်ရိုက်၊အီမန်နူရယ်ပီတစ်တို့ရဲ့အင်တာဗျူးများလည်းပါဝင်ပါတယ်။အာစင်ဝင်းဂါးမှတ်တမ်းရုပ်ရှင်ကို နိုဝင်ဘာလ၁၁ရက်နေ့တွင်ရုပ်ရှင်မှာဖြစ်ပြီးနိုဝင်ဘာလ၂၂ရက်နေ့တွင် DVD ၊ Blue-ray နှင့်အွန်လိုင်းဒေါင်းလော့ခ်အဖြစ်ရောင်းချသွားပါမယ်။

ZawGyi

ဝင္းဂါးရဲ႕တစ္ရာသီလုံးရႈံးပြဲမရွိစံခ်ိန္မွာ အိုးထရက္ဖို႔ဒ္တြင္ ရယူခဲ့တဲ့ေအာင္ျမင္မႈအားလုံးကို ေမွးမွိန္ေစေၾကာင္း ဆာအဲလက္စ္ဖာဂူဆန္ဝန္ခံ

ဆာအဲလက္စ္ဖာဂူဆန္ကအာစင္ဝင္းဂါးရဲ႕အာဆင္နယ္အသင္းႏွင့္အတူတစ္ရာသီလုံးရႈံးပြဲမရွိမွတ္တမ္းျဖင့္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့မႈမွာသူ႔ရဲ႕အိုးထရက္ဖို႔ဒ္နည္းျပဘဝရယူခဲ့ေအာင္ျမင္မႈအားလုံးထက္သာလြန္ေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

အသက္၇၉ႏွစ္ရွိဖာဂူဆန္ႏွင့္အာစင္ဝင္းဂါးတို႔ဟာပရီးမီးယားလိဂ္တြင္၁၇ႏွစ္ရာသီတိုင္တိုင္ျပင္းထန္တဲ့ၿပိဳင္ဘက္မ်ားအျဖစ္ၿပိဳင္ဆိုင္ခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။

လြန္ခဲ့တဲ့သုံးႏွစ္ခန႔္တုန္းကဦးေႏွာက္ေသြးယိုမႈေၾကာင့္အသက္ဆုံးရႈံးရလုနီးပါးအထိျဖစ္ခဲ့တဲ့ဆာအဲလက္စ္ဖာဂူဆန္ဟာ Amazon Prime က႐ိုက္ကူးတဲ့အာစင္ဝင္းဂါးအေၾကာင္းမွတ္တမ္း႐ုပ္ရွင္တြင္ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ဟာအိုးထရက္ဖို႔ဒ္တြင္ဆယ္စုႏွစ္သုံးခုနီးပါးတာဝန္ထမ္းေဆာင္ခဲ့စဥ္အတြင္း၁၉၉၈-၉၉ခုႏွစ္တုန္းကအေရးပါတဲ့ဆုဖလားသုံးႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလား၂ႀကိမ္ႏွင့္ပရီးမီးယားလိဂ္ဖလား၁၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္အာစင္ဝင္းဂါးဟာလည္း၂၀၀၃-၀၄ရာသီတုန္းကတစ္ရာသီလုံးရႈံးပြဲမရွိမွတ္တမ္းျဖင့္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ကာ၁၈၈၈-၈၉ရာသီတုန္းကပရက္စ္တန္ေနာက္ပိုင္းတစ္ရာသီရႈံးပြဲမရွိျဖင့္အဆင့္ျမင့္တန္းဖလားဆြတ္ခူးႏိုင္တဲ့ပထမဆုံးအသင္းျဖစ္ခဲ့ပါတယ္။

ဖာဂူဆန္က “ဒီေအာင္ျမင္မႈေတြကက်န္တဲ့ေအာင္ျမင္မႈေတြအားလုံးရဲ႕အထက္မွာရွိေနပါလိမ့္မယ္”လို႔ Amazon Prime ရဲ႕အာစင္ဝင္းဂါးမွတ္တမ္း႐ုပ္ရွင္ Trailer တြင္ေဖာ္ျပထားေတြ႕ရပါတယ္။

၎တို႔ႏွစ္ဦးဟာ၁၉၉၀ႏွင့္၂၀၀၀ခုႏွစ္မ်ားတုန္းကျပင္းထန္တဲ့ၿပိဳင္ဘက္မ်ားျဖစ္ခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။ဒါ့အျပင္စေကာ့တလန္လူမ်ိဳးနည္းျပေဟာင္းက “သူကစစ္ျဖစ္ခ်င္ေနတာလားလို႔ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေျပာခဲ့တယ္”လို႔လည္းဆိုထားပါတယ္။

အာစင္ဝင္းဂါးဟာအာဆင္နယ္အသင္းကို၂၂ႏွစ္ၾကာကိုင္တြယ္ၿပီးေနာက္၂၀၁၈ခုႏွစ္တုန္းကအာဆင္နယ္နည္းျပရာထူးမွထြက္ခြာခဲ့ပါတယ္။သူဟာအာဆင္နယ္ႏွင့္အတူပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊အက္ဖ္ေအဖလား၇ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၿပီးအာဆင္နယ္ကိုဟိုက္ဘူရီကြင္းမွာအမ္းမရိတ္ကြင္းသို႔ေျပာင္းႏိုင္ေအာင္အေရးပါတဲ့ေနရာမွလုပ္ေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။

အာစင္ဝင္းဂါးရဲ႕မွတ္တမ္း႐ုပ္ရွင္တြင္အာဆင္နယ္ဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့သီယာရီဟင္နရီ၊ဒင္းနစ္ဘားကမ့္၊ပက္ထရစ္ဗီအဲရာ၊ေရာဘတ္ပီးရက္စ္၊အီရန္႐ိုက္၊အီမန္ႏူရယ္ပီတစ္တို႔ရဲ႕အင္တာဗ်ဴးမ်ားလည္းပါဝင္ပါတယ္။အာစင္ဝင္းဂါးမွတ္တမ္း႐ုပ္ရွင္ကို ႏိုဝင္ဘာလ၁၁ရက္ေန႔တြင္႐ုပ္ရွင္မွာျဖစ္ၿပီးႏိုဝင္ဘာလ၂၂ရက္ေန႔တြင္ DVD ၊ Blue-ray ႏွင့္အြန္လိုင္းေဒါင္းေလာ့ခ္အျဖစ္ေရာင္းခ်သြားပါမယ္။