ဝင်းဂါးရဲ့၂နှစ်၁ကြိမ် ကမ္ဘာ့ဖလားကျင်းပရေးအစီအစဉ်ကို ဟင်နရီဝေဖန်

သီယာရီဟင်နရီဟာဆရာဟောင်းအာစင်ဝင်းဂါးရဲ့၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအစီအစဉ်ကိုမေးခွန်းထုတ်လိုက်ပါတယ်။

ဖီဖာဟာအငြင်းပွားဖွယ်ရာကောင်းတဲ့၂နှစ်၁ကြိမ်ပြိုင်ပွဲကျင်းပရေးကိုအလျှင်စလို ဖြစ်မြောက်လာအောင်လုပ်ဆောင်နေပြီးယခုနှစ်မကုန်မီမဲခွဲဆုံးဖြတ်မှုပြုလုပ်ရန်စီစဉ်နေပါတယ်။

ဖီဖာဟာယူအီးအက်ဖ်အေနှင့်ကလပ်အမြောက်အမြားတို့ရဲ့ဆန့်ကျင်မှုများနှင့်ရင်ဆိုင်နေရပေမယ့်လည်းကမ္ဘာ့ဖလားပြိုင်ပွဲကို၂နှစ်၁ကြိမ်ကျင်းပရန်စီစဉ်နေတာပါ။

၂နှစ်၁ကြိမ်ကမ္ဘာ့ဖလားကျင်းပရေးအစီအစဉ်ကိုဥရောပမှဘောလုံးအင်အားကြီးနိုင်ငံများရဲ့ဆန့်ကျင်မှုများနှင့်ရင်ဆိုင်နေရပေမယ့်လည်းအာဖရိက၊အာရှနိုင်ငံအများစုတို့ကထောက်ခံနေတယ်လို့ယူဆရပါတယ်။

ယခုအခါဟင်နရီက “လက်ရှိကစားနေတဲ့ကစားသမားတွေဘယ်လိုတွေးကြမလဲဆိုတဲ့ ဖီဖာအနေနဲ့တစ်ချက်စဉ်းစားကြည့်သင့်ပါတယ်။ကမ္ဘာ့ဖလားလေးကြိမ်နှင့်ယူရိုသုံးကြိမ်ကစားခဲ့ဖူးပါတယ်။ကျွန်တော်ဟာစိတ်ဖိစီးမှုကြားကနေရုန်းကန်ခဲ့ရတာချည်းပါပဲ။ကစားရတဲ့ပွဲကြောင့်မဟုတ်ပါဘူး။ကမ္ဘာ့ဖလားအတွက်ပြင်ဆင်ရမှုကြောင့်ပါ။ကလပ်နဲ့တစ်ရာသီလုံးကစားရပြီးတော့မှကမ္ဘာ့ဖလားသို့သွားရတာပါ။နှစ်နှစ်တစ်ကြိမ်ကစားမယ်ဆိုတော့ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းအတွက်အရမ်းခက်ခဲလာပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဝင္းဂါးရဲ႕၂ႏွစ္၁ႀကိမ္ ကမာၻ႔ဖလားက်င္းပေရးအစီအစဥ္ကို ဟင္နရီေဝဖန္

သီယာရီဟင္နရီဟာဆရာေဟာင္းအာစင္ဝင္းဂါးရဲ႕၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးအစီအစဥ္ကိုေမးခြန္းထုတ္လိုက္ပါတယ္။

ဖီဖာဟာအျငင္းပြားဖြယ္ရာေကာင္းတဲ့၂ႏွစ္၁ႀကိမ္ၿပိဳင္ပြဲက်င္းပေရးကိုအလွ်င္စလို ျဖစ္ေျမာက္လာေအာင္လုပ္ေဆာင္ေနၿပီးယခုႏွစ္မကုန္မီမဲခြဲဆုံးျဖတ္မႈျပဳလုပ္ရန္စီစဥ္ေနပါတယ္။

ဖီဖာဟာယူအီးအက္ဖ္ေအႏွင့္ကလပ္အေျမာက္အျမားတို႔ရဲ႕ဆန႔္က်င္မႈမ်ားႏွင့္ရင္ဆိုင္ေနရေပမယ့္လည္းကမာၻ႔ဖလားၿပိဳင္ပြဲကို၂ႏွစ္၁ႀကိမ္က်င္းပရန္စီစဥ္ေနတာပါ။

၂ႏွစ္၁ႀကိမ္ကမာၻ႔ဖလားက်င္းပေရးအစီအစဥ္ကိုဥေရာပမွေဘာလုံးအင္အားႀကီးႏိုင္ငံမ်ားရဲ႕ဆန႔္က်င္မႈမ်ားႏွင့္ရင္ဆိုင္ေနရေပမယ့္လည္းအာဖရိက၊အာရွႏိုင္ငံအမ်ားစုတို႔ကေထာက္ခံေနတယ္လို႔ယူဆရပါတယ္။

ယခုအခါဟင္နရီက “လက္ရွိကစားေနတဲ့ကစားသမားေတြဘယ္လိုေတြးၾကမလဲဆိုတဲ့ ဖီဖာအေနနဲ႔တစ္ခ်က္စဥ္းစားၾကည့္သင့္ပါတယ္။ကမာၻ႔ဖလားေလးႀကိမ္ႏွင့္ယူ႐ိုသုံးႀကိမ္ကစားခဲ့ဖူးပါတယ္။ကြၽန္ေတာ္ဟာစိတ္ဖိစီးမႈၾကားကေန႐ုန္းကန္ခဲ့ရတာခ်ည္းပါပဲ။ကစားရတဲ့ပြဲေၾကာင့္မဟုတ္ပါဘူး။ကမာၻ႔ဖလားအတြက္ျပင္ဆင္ရမႈေၾကာင့္ပါ။ကလပ္နဲ႔တစ္ရာသီလုံးကစားရၿပီးေတာ့မွကမာၻ႔ဖလားသို႔သြားရတာပါ။ႏွစ္ႏွစ္တစ္ႀကိမ္ကစားမယ္ဆိုေတာ့ကစားသမားေတြရဲ႕စိတ္ဓာတ္ပိုင္းအတြက္အရမ္းခက္ခဲလာပါမယ္”လို႔ေျပာၾကားသြားပါတယ္။