ဝတ်ပရောက်စ်ကို ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဆောက်သမ်တန်

ဂျိမ်းစ်ဝတ်ပရောက်စ်ဟာဆောက်သမ်တန်နှင့်ငါးနှစ်စာချုပ်သစ်ချုပ်လိုက်ကာစပါးစ်သို့ပြောင်းမယ်လို့သတင်းထွက်ပေါ်နေမှုများကိုအဆုံးသတ်လိုက်ပါတယ်။

ဆောက်သမ်တန်အသင်းခေါင်းဆောင်ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်စပါးစ်အပြင်အက်စတွန်ဗီလာရဲ့စိတ်ဝင်စားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ဗီလာဟာလွန်ခဲ့တဲ့တစ်လတုန်းကမန်စီးတီးသို့ရောင်းချလိုက်တဲ့ဂျက်ဂရဲလ်လစ်ရှ်နေရာမှာအစားထိုးဖို့အတွက်အလယ်တန်းတိုက်စစ်သမားအားခေါ်ယူရန်ပေါင်၂၅သန်းဖြင့်ကမ်းလှမ်းခဲ့ပေမယ့်ဆောက်သမ်တန်ရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားက “ဒီကလပ်မှာကျွန်တော့်အနာဂတ်ဆက်ရှိနေခွင့်ရတဲ့အတွက်အရမ်းဂုဏ်ယူပါတယ်။ပြီးတော့ကျွန်တော့်အတွက်အခုကစပြီးစာမျက်နှာသစ်ဖွင့်လှစ်ပြီဖြစ်ပါတယ်။အခုနွေမှာကျွန်တော့်ကစားသမားဘဝမှာပထမဆုံးအကြိမ်အဖြစ်သတင်းတွေအများကြီးတာ၊ချိတ်ဆက်ခံရတာကြုံခဲ့ရပါတယ်။ဒါပေမယ့်ကျွန်တော်ဟာစာချုပ်သစ်ချုပ်ဆိုဖို့ပဲစိတ်အားထက်သန်နေခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၁၅နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့ဆောက်သမ်တန်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်အဲဗာတန်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။၎င်းတို့ဟာယခုအပတ်မှာဖေဖော်ဝါရီလတုန်းက၉-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ဖူးတဲ့မန်ယူနှင့်ရင်ဆိုင်ရပါမယ်။

ZawGyi





