
ဆာဂျီယိုအဂွဲရိုးကတကြိမ်တွင်သူဝနေမှုကြောင့်မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့အရန်ခုံသို့ပို့ခြင်းခံခဲ့ရဖူးကြောင်းဖွင့်ဟလာပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟောင်းဟာမန်စီးတီးတွင်၁၀နှစ်ကြာကစားစဉ်အတွင်းဂိုး၂၆၀သွင်းယူကာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသလိုပရီးမီးယားလိဂ်ဖလား၅ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာမန်စီးတီးတွင်ကစားစဉ်တုန်းကဂိုးများသွင်းယူနိုင်ခဲ့ပေမဲ့တင်းကြပ်လှတဲ့ဂွါဒီယိုလာရဲ့စည်းမျဉ်းများကြောင့်လူစာရင်းတွင်ချန်လှပ်ခံလာရပါတယ်။
နှလုံးပြဿနာကြောင့်ကစားသမားဘဝမှအနားယူခဲ့ရတဲ့အဂွဲရိုးက “ပထမရာသီတုန်းက သူက’မင်းဝနေလို့ဒီတစ်ပတ်မပါဘူး’လို့ပြောလာပါတယ်။ကျုပ်ဘာများသွားပြန်ပြောရမလဲ။သူမှန်တယ်။ကျွန်တော်လည်းဝနေတယ်။ဥပမာကြက်သားနည်းနည်းစားပြီဆိုတာနဲ့၅၀ဂရမ်ကျော်လာမယ်။ခင်ဗျားရဲ့စိတ်ကူးအလေးချိန်က၇၉-၈၀ကီလိုဆိုပါတော့။မင်းက၈၀ကီလိုရှိနေမယ်။၁၀၀ဆိုရင်လည်းကိုယ့်ကိုယ်ကိုယ်အဆင်ပြေသေးတယ်။ဒါပေမဲ့မင်းကစားခွင့်ရမှာမဟုတ်ဘူး။သူပြောတာနည်းလမ်းကျတယ်။အဲဒီတုန်းကကျွန်တော့်မှာသူ့လိုယုံကြည်ချက်မျိုးမရှိဘူး။ဒါပေမဲ့ကျွန်တော်ကနည်းပြတွေအပေါ်အမြဲလေးစားတဲ့သူပါ”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်အဂွဲရိုးကအစောပိုင်းကာလများတွင်၎င်းမှာဂွါဒီယိုလာရဲ့Pressing Style ကစားဟန်ဖြင့်အသားကျရန်ရုန်းကန်ခဲ့ရကြောင်းဆိုသွားပါတယ်။
ZawGyi
ဝေနမႈေၾကာင့္ ဂြါဒီယိုလာရဲ႕အရန္ခုံသို႔ ပို႔ျခင္းခံခဲ့ရေၾကာင္း အဂြဲ႐ိုးဖြင့္ဟ
ဆာဂ်ီယိုအဂြဲ႐ိုးကတႀကိမ္တြင္သူဝေနမႈေၾကာင့္မန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕အရန္ခုံသို႔ပို႔ျခင္းခံခဲ့ရဖူးေၾကာင္းဖြင့္ဟလာပါတယ္။
အာဂ်င္တီးနားတိုက္စစ္မႉးေဟာင္းဟာမန္စီးတီးတြင္၁၀ႏွစ္ၾကာကစားစဥ္အတြင္းဂိုး၂၆၀သြင္းယူကာကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသလိုပရီးမီးယားလိဂ္ဖလား၅ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာမန္စီးတီးတြင္ကစားစဥ္တုန္းကဂိုးမ်ားသြင္းယူႏိုင္ခဲ့ေပမဲ့တင္းၾကပ္လွတဲ့ဂြါဒီယိုလာရဲ႕စည္းမ်ဥ္းမ်ားေၾကာင့္လူစာရင္းတြင္ခ်န္လွပ္ခံလာရပါတယ္။
ႏွလုံးျပႆနာေၾကာင့္ကစားသမားဘဝမွအနားယူခဲ့ရတဲ့အဂြဲ႐ိုးက “ပထမရာသီတုန္းက သူက’မင္းဝေနလို႔ဒီတစ္ပတ္မပါဘူး’လို႔ေျပာလာပါတယ္။က်ဳပ္ဘာမ်ားသြားျပန္ေျပာရမလဲ။သူမွန္တယ္။ကြၽန္ေတာ္လည္းဝေနတယ္။ဥပမာၾကက္သားနည္းနည္းစားၿပီဆိုတာနဲ႔၅၀ဂရမ္ေက်ာ္လာမယ္။ခင္ဗ်ားရဲ႕စိတ္ကူးအေလးခ်ိန္က၇၉-၈၀ကီလိုဆိုပါေတာ့။မင္းက၈၀ကီလိုရွိေနမယ္။၁၀၀ဆိုရင္လည္းကိုယ့္ကိုယ္ကိုယ္အဆင္ေျပေသးတယ္။ဒါေပမဲ့မင္းကစားခြင့္ရမွာမဟုတ္ဘူး။သူေျပာတာနည္းလမ္းက်တယ္။အဲဒီတုန္းကကြၽန္ေတာ့္မွာသူ႔လိုယုံၾကည္ခ်က္မ်ိဳးမရွိဘူး။ဒါေပမဲ့ကြၽန္ေတာ္ကနည္းျပေတြအေပၚအၿမဲေလးစားတဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္အဂြဲ႐ိုးကအေစာပိုင္းကာလမ်ားတြင္၎မွာဂြါဒီယိုလာရဲ႕Pressing Style ကစားဟန္ျဖင့္အသားက်ရန္႐ုန္းကန္ခဲ့ရေၾကာင္းဆိုသြားပါတယ္။