
ဂါလာတာစာရေးစတားမော်ရိုအိုင်ကာဒီဟာဇနီးသည်ဝန်ဒါနာရာနှင့်လမ်းခွဲလိုက်ပြီးနောက် တူရကီနာမည်ကျော်မင်းသမီးတစ်ဦးနှင့်တွဲနေကြောင်းသတင်းထွက်ပေါ်လာပါတယ်။
အိုင်ကာဒီနှင့်ဝါဒါနာရာတို့ဟာတရားဝင်ကွာရှင်းပြတ်စဲရေးအတွက်တရားရုံးရေးရာကိစ္စများစတင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။
ဒါပေမဲ့ယနေ့အွန်လိုင်းတွင်တက်လာတဲ့ဓာတ်ပုံတစ်ပုံကြောင့်အိုင်ကာဒီဟာတူရကီနာမည်ကျော်မင်းသမီးဒီဗရမ်အိုဇန်နှင့်ချစ်ကြိုက်နေတယ်လို့သတင်းထွက်ပေါ်လာပါတယ်။
ယင်းဓာတ်ပုံတွင်အိုင်ကာဒီဟာဒီဗရမ်အိုဇမ်နှင့်လက်ချင်းချိတ်ထားတာတွေ့ရပြီး လူးကပ်စ်တော်ရီရာလည်းပါဝင်တာတွေ့ရပါတယ်။
Marca ရဲ့ဖော်ပြချက်အရအသက်၂၄နှစ်ရှိတူရကီနာမည်ကျော်မင်းသမီးကိုဂါလာတာစာရေးရဲ့နောက်ပိုင်းပွဲများတွင်အစဉ်သဖြင့်မြင်တွေ့ရပြီးယခုကဲ့သို့လက်ချင်းချိတ်ထားတာဓာတ်ပုံထွက်ပေါ်လာမှုနဲ့အတူ ချစ်သူတွဖြစ်နေကြပြီလို့ယုံကြည်ရပါတယ်။
ဒီဗရမ်ဟာ Vuslat နှင့် Gelsin Hayat Bildigi Gibi အော်ပရာပြဇာတ်များဖြင့်တူရကီနိုင်ငံတွင်နာမည်ကျော်ကြားနေသူလည်းဖြစ်ပါတယ်။
ZawGyi
ဝန်ဒါနာရာနှင့်လမ်းခွဲလိုက်ပြီးနောက် တူရကီနာမည်ကျော်မင်းသမီးနှင့် တွဲလာတဲ့ အိုင်ကာဒီ