ဝယ်လက်ရှာမတွေ့တဲ့ အူရီယာရဲ့တစ်နှစ်ကျန်စာချုပ်ကို စပါးစ်ဖျက်သိမ်း

စပါးစ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဝယ်ယူလိုတဲ့ကလပ်ရှာမတွေ့ခဲ့တဲ့ဆာဂျီအူရီယာရဲ့စာချုပ်ကိုဖျက်သိမ်းလိုက်ပါတယ်။

အသက်၂၈နှစ်ရှိအူရီယာဟာစပါးစ်နှင့်တစ်နှစ်စာချုပ်ကျန်နေသေးပေမယ့်လည်းယခုအခါစာချုပ်ဖျက်သိမ်းလိုက်မှုကြောင့်ကလပ်လက်မဲ့ဖြစ်ကာအခြားကလပ်တစ်ခုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့နိုင်ပြီဖြစ်ပါတယ်။

စပါးစ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ဘာစီလိုနာညာနောက်ခံလူအီမာဆင်ရွိုင်ရယ်အားပေါင်၂၁သန်းဖြင့်ခေါ်ယူနိုင်ခဲ့ပြီးနောက်အူရီယာကိုစာချုပ်ဖျက်သိမ်းရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ညာနောက်ခံလူဟာ၂၀၁၇ခုနှစ်၊ဩဂုတ်လတွင်ပီအက်စ်ဂျီမှပေါင်၂၃သန်းဖြင့်ရောက်လာခဲ့ပါတယ်။သူဟာစပါးစ်သို့စတင်ရောက်တဲ့ပထမဆုံးနှစ်ရာသီမှာကီရန်ထရစ်ပီယာရှိနေမှုကြောင့်ပရီးမီးယားလိဂ်ပွဲ၂၅ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

သူဟာထရစ်ပီယာထွက်ခွာသွားပြီးနောက်၃၃ပွဲကစားခဲ့ရသော်လည်းပြီးခဲ့တဲ့ရာသီတုန်းကဒိုဟာတီနှင့်အလှည့်ကျသဘောမျိုးကစားခဲ့ရကာပရီးမီးယားလိဂ်တွင်၁၉ပွဲတည်းသာကစားခဲ့ရပါတယ်။

ZawGyi

ဝယ္လက္ရွာမေတြ႕တဲ့ အူရီယာရဲ႕တစ္ႏွစ္က်န္စာခ်ဳပ္ကို စပါးစ္ဖ်က္သိမ္း

စပါးစ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဝယ္ယူလိုတဲ့ကလပ္ရွာမေတြ႕ခဲ့တဲ့ဆာဂ်ီအူရီယာရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းလိုက္ပါတယ္။

အသက္၂၈ႏွစ္ရွိအူရီယာဟာစပါးစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ေနေသးေပမယ့္လည္းယခုအခါစာခ်ဳပ္ဖ်က္သိမ္းလိုက္မႈေၾကာင့္ကလပ္လက္မဲ့ျဖစ္ကာအျခားကလပ္တစ္ခုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ႏိုင္ၿပီျဖစ္ပါတယ္။

စပါးစ္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ဘာစီလိုနာညာေနာက္ခံလူအီမာဆင္႐ြိဳင္ရယ္အားေပါင္၂၁သန္းျဖင့္ေခၚယူႏိုင္ခဲ့ၿပီးေနာက္အူရီယာကိုစာခ်ဳပ္ဖ်က္သိမ္းရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ညာေနာက္ခံလူဟာ၂၀၁၇ခုႏွစ္၊ဩဂုတ္လတြင္ပီအက္စ္ဂ်ီမွေပါင္၂၃သန္းျဖင့္ေရာက္လာခဲ့ပါတယ္။သူဟာစပါးစ္သို႔စတင္ေရာက္တဲ့ပထမဆုံးႏွစ္ရာသီမွာကီရန္ထရစ္ပီယာရွိေနမႈေၾကာင့္ပရီးမီးယားလိဂ္ပြဲ၂၅ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။

သူဟာထရစ္ပီယာထြက္ခြာသြားၿပီးေနာက္၃၃ပြဲကစားခဲ့ရေသာ္လည္းၿပီးခဲ့တဲ့ရာသီတုန္းကဒိုဟာတီႏွင့္အလွည့္က်သေဘာမ်ိဳးကစားခဲ့ရကာပရီးမီးယားလိဂ္တြင္၁၉ပြဲတည္းသာကစားခဲ့ရပါတယ္။