
အီရန်ထိပ်တန်းကစားသမားတစ်ဦးဟာဝါဒဖြန့်ချိတယ်ဆိုပြီးစွပ်စွဲချက်ဖြင့် အီရန်အာဏာပိုင်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တို့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
အသက်၃၅နှစ်ရှိဗိုရီယာဂါဖူရီဟာကြာသပတေးနေ့တုန်းကသူ့ကလပ် Foolad Khuzestan နှင့်အတူလေ့ကျင့်ခန်းအစီအစဉ်တစ်ခုပြုလုပ်ပြီးချိန်တွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
သူဟာလက်ရွေးစင်အသင်းကိုဂုဏ်သိက္ခာကျဆင်းစေမှု၊နိုင်ငံတော်ကိုဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှုတို့ဖြင့်စွဲချက်တင်ခြင်းခံထားရပါတယ်။
အီရန်အာဏာပိုင်တို့ရဲ့မီဒီယာကအသက်၃၅နှစ်ရှိကစားသမားကို နိုင်ငံတော်ကိုဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှု၊ဆန္ဒပြသူများကိုအားပေးထောက်ခံမှုတို့ဖြင့်ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြသွားပါတယ်။
ဂါဖူရီဟာအီရန်ရဲ့၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အီရန်နှင့်အတူပါဝင်ခဲ့သူဖြစ်ပြီး၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အီရန်အသင်းတွင်ရွေးချယ်ခြင်းမခံထားရပါဘူး။
သူဟာအစောပိုင်းတုန်းကအီရန်ကလပ် Esteghlalတွင်ကစားခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက် Foolad Khuzestanသို့ပြောင်းခဲ့ပါတယ်။သူဟာအီရန်အစိုးရအားဆန့်ကျင်ဆန္ဒပြသူများကိုအားပေးထောက်ခံမှုနှင့်အတူစာချုပ်ဖျက်သိမ်းခြင်းခံရတာလို့ယူဆရပါတယ်။
အီရန်လက်ရွေးစင်အသင်းဟာလည်းအီရန်နိုင်ငံအတွင်းဖြစ်ပျက်နေတဲ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုထောက်ခံတဲ့အနေဖြင့် အင်္ဂလန်နှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်နိုင်ငံတော်သီချင်းမသီဆိုဘဲသပိတ်မှောက်ခဲ့ကြပါတယ်။
ဒါကြောင့်လည်းအီရန်လက်ရွေးစင်ကစားသမားများဟာလက်ရှိဥပဒေအရ အီရန်နိုင်ငံသို့ပြန်ရောက်ချိန်တွင်သေဒဏ်ချမှတ်ခံရနိုင်တဲ့အနေအထားမျိုးတွင်လည်းရှိနေပါတယ်။
အီရန်နိုင်ငံတွင်စက်တင်ဘာလတုန်းကအသက်၂၂နှစ်အရွယ်ရှိအာမီနီအမည်ရှိကျောင်းသူတစ်ဦးကိုခေါင်းမြီးမခြုံမှုအတွက်ဖမ်းဆီးထိန်းသိမ်းပြီးနောက် အချုပ်ခန်းအတွင်းတွင်သတ်လိုက်ပြီးနောက်ဆန္ဒပြသပိတ်မှောက်မှုများဖြစ်ပျက်နေပါတယ်။
အီရန်အာဏာပိုင်တို့ဟာဆန္ဒပြသူ၁၅၀၀၀ကျော်တို့ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့အပြင်ရာပေါင်းများစွာတို့ကိုသတ်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။
ZawGyi
ဝါဒျဖန႔္ခ်ီမႈေၾကာင့္ ေလ့က်င့္ေရးကြင္းတြင္ အီရန္ထိပ္တန္းကစားသမားဂါဖူရီကို အာဏာပိုင္တို႔ ဖမ္းဆီးထိန္းသိမ္း
အီရန္ထိပ္တန္းကစားသမားတစ္ဦးဟာဝါဒျဖန႔္ခ်ိတယ္ဆိုၿပီးစြပ္စြဲခ်က္ျဖင့္ အီရန္အာဏာပိုင္တို႔ရဲ႕လုံၿခဳံေရးတပ္ဖြဲ႕ဝင္တို႔ရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။
အသက္၃၅ႏွစ္ရွိဗိုရီယာဂါဖူရီဟာၾကာသပေတးေန႔တုန္းကသူ႔ကလပ္ Foolad Khuzestan ႏွင့္အတူေလ့က်င့္ခန္းအစီအစဥ္တစ္ခုျပဳလုပ္ၿပီးခ်ိန္တြင္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။
သူဟာလက္ေ႐ြးစင္အသင္းကိုဂုဏ္သိကၡာက်ဆင္းေစမႈ၊ႏိုင္ငံေတာ္ကိုဆန႔္က်င္တဲ့ဝါဒျဖန႔္ခ်ိမႈတို႔ျဖင့္စြဲခ်က္တင္ျခင္းခံထားရပါတယ္။
အီရန္အာဏာပိုင္တို႔ရဲ႕မီဒီယာကအသက္၃၅ႏွစ္ရွိကစားသမားကို ႏိုင္ငံေတာ္ကိုဆန႔္က်င္တဲ့ဝါဒျဖန႔္ခ်ိမႈ၊ဆႏၵျပသူမ်ားကိုအားေပးေထာက္ခံမႈတို႔ျဖင့္ဖမ္းဆီးထိန္းသိမ္းလိုက္ျခင္းျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။
ဂါဖူရီဟာအီရန္ရဲ႕၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အီရန္ႏွင့္အတူပါဝင္ခဲ့သူျဖစ္ၿပီး၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္အီရန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံထားရပါဘူး။
သူဟာအေစာပိုင္းတုန္းကအီရန္ကလပ္ Esteghlalတြင္ကစားခဲ့ၿပီးအသင္းေခါင္းေဆာင္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ေပမဲ့စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရၿပီးေနာက္ Foolad Khuzestanသို႔ေျပာင္းခဲ့ပါတယ္။သူဟာအီရန္အစိုးရအားဆန႔္က်င္ဆႏၵျပသူမ်ားကိုအားေပးေထာက္ခံမႈႏွင့္အတူစာခ်ဳပ္ဖ်က္သိမ္းျခင္းခံရတာလို႔ယူဆရပါတယ္။
အီရန္လက္ေ႐ြးစင္အသင္းဟာလည္းအီရန္ႏိုင္ငံအတြင္းျဖစ္ပ်က္ေနတဲ့အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားသူမ်ားကိုေထာက္ခံတဲ့အေနျဖင့္ အဂၤလန္ႏွင့္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္းမသီဆိုဘဲသပိတ္ေမွာက္ခဲ့ၾကပါတယ္။
ဒါေၾကာင့္လည္းအီရန္လက္ေ႐ြးစင္ကစားသမားမ်ားဟာလက္ရွိဥပေဒအရ အီရန္ႏိုင္ငံသို႔ျပန္ေရာက္ခ်ိန္တြင္ေသဒဏ္ခ်မွတ္ခံရႏိုင္တဲ့အေနအထားမ်ိဳးတြင္လည္းရွိေနပါတယ္။
အီရန္ႏိုင္ငံတြင္စက္တင္ဘာလတုန္းကအသက္၂၂ႏွစ္အ႐ြယ္ရွိအာမီနီအမည္ရွိေက်ာင္းသူတစ္ဦးကိုေခါင္းၿမီးမၿခဳံမႈအတြက္ဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ အခ်ဳပ္ခန္းအတြင္းတြင္သတ္လိုက္ၿပီးေနာက္ဆႏၵျပသပိတ္ေမွာက္မႈမ်ားျဖစ္ပ်က္ေနပါတယ္။
အီရန္အာဏာပိုင္တို႔ဟာဆႏၵျပသူ၁၅၀၀၀ေက်ာ္တို႔ကိုဖမ္းဆီးထိန္းသိမ္းထားတဲ့အျပင္ရာေပါင္းမ်ားစြာတို႔ကိုသတ္ျဖတ္ခဲ့ၾကၿပီးျဖစ္ပါတယ္။