ဝါရင့်စပိန်တိုက်စစ်မှူးဖာနန်ဒိုလိုရန်တီကို အူဒီးနီးစ်အားဖြည့်

အူဒီးနီးစ်အသင်းဟာနာပိုလီတွင်ရုန်းကန်နေရတဲ့စပိန်ဝါရင့်တိုက်စစ်မှူးဖာနန်ဒိုလိုရန်တီအား၂၀၂၂ခုနှစ်၊ဇွန်လအထိ စာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။

စပိန်တိုက်စစ်မှူးဟာလာမယ့်လမှာအသက်၃၆နှစ်ပြည့်မှာဖြစ်ပြီးအူဒီးနီးစ်တွင်မကစားမီတုန်းကနာပိုလီ၊ဂျူဗင်တပ် တို့တွင်ကစားခဲ့ဖူးရာစီးရီးအေအတွေ့အကြုံရင့်ကျက်သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်၊ဇွန်လတွင်စပါးစ်မှထွက်ခွာလာပြီးနောက်နာပိုလီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သူ ဖြစ်ပါတယ်။သူဟာနာပိုလီတွင်နေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူခြောက်လကျန်စာချုပ်အားဖျက်သိမ်းကာအူဒီးနီးစ်သို့ပြောင်းခဲ့ခြင်းလည်းဖြစ်ပါတယ်။

သူဟာအူဒီးနီးစ်မှာကျောနံပါတ်၃၂ကိုဝတ်ဆင်ကစားသွားပါမယ်။

ZawGyi




