ဝါရင့်နောက်ခံလူတီယာဂိုဆေးလ်ဗားကို ချဲလ်ဆီး စာချုပ်သက်တမ်းတိုး

ချဲလ်ဆီးဟာဝါရင့်နောက်ခံလူတီယာဂိုဆေးလ်ဗားအားတစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာနည်းပြသောမတ်စ်တူချယ်ကို၂၀၂၄ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ပင်ဘရာဇီးဗဟိုနောက်ခံလူကိုလည်းစာချုပ်ပါအချက်အတိုင်းတစ်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

ဆေးလ်ဗားဟာပြီးခဲ့တဲ့နွေရာသီတုန်းကပီအက်စ်ဂျီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့တာဖြစ်ပါတယ်။

သူဟာဖရန့်လမ်းပတ်လက်ထက်တုန်းကချက်ချင်းပင်အထိုင်ကျကာအဓိကနောက်ခံလူဖြစ်လာခဲ့ပါတယ်။သူဟာတူချယ်ရဲ့၃ယောက်တန်းနောက်တန်းတွင်လည်းအရေးပါတဲ့သူအဖြစ်ကစားခဲ့ပါတယ်။

အသက်၃၆နှစ်ရှိတီယာဂိုဆေးလ်ဗားဟာလွန်ခဲ့တဲ့တစ်ပတ်တုန်းကပေါ်တိုမှာချဲလ်ဆီးကိုချန်ပီယံလိဂ်ဖလားရရှိအောင်ကူညီနိုင်ခဲ့ပါတယ်။

ZawGyi

ဝါရင့္ေနာက္ခံလူတီယာဂိုေဆးလ္ဗားကို ခ်ဲလ္ဆီး စာခ်ဳပ္သက္တမ္းတိုး

ခ်ဲလ္ဆီးဟာဝါရင့္ေနာက္ခံလူတီယာဂိုေဆးလ္ဗားအားတစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာနည္းျပေသာမတ္စ္တူခ်ယ္ကို၂၀၂၄ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ပင္ဘရာဇီးဗဟိုေနာက္ခံလူကိုလည္းစာခ်ဳပ္ပါအခ်က္အတိုင္းတစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တာျဖစ္ပါတယ္။

ေဆးလ္ဗားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကပီအက္စ္ဂ်ီမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့တာျဖစ္ပါတယ္။

သူဟာဖရန႔္လမ္းပတ္လက္ထက္တုန္းကခ်က္ခ်င္းပင္အထိုင္က်ကာအဓိကေနာက္ခံလူျဖစ္လာခဲ့ပါတယ္။သူဟာတူခ်ယ္ရဲ႕၃ေယာက္တန္းေနာက္တန္းတြင္လည္းအေရးပါတဲ့သူအျဖစ္ကစားခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိတီယာဂိုေဆးလ္ဗားဟာလြန္ခဲ့တဲ့တစ္ပတ္တုန္းကေပၚတိုမွာခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဖလားရရွိေအာင္ကူညီႏိုင္ခဲ့ပါတယ္။