ဝိန်းရွန်းနီရဲ့ဒါဘီကောင်တီကို ဝယ်ယူရန် အမေရိကန်ဘီလျှံနာကြိုးပမ်းလာ

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ခရစ်ကတ်ရှ်နာဟာဝိန်းရွန်းနီရဲ့ဒါဘီကောင်တီကိုပေါင်သန်း၅၀ဖြင့်ဝယ်ယူရန်ကမ်းလှမ်းလာပါတယ်။

ခရစ်ကတ်ရှ်နာဟာဘဏ္ဍရေးပြဿနာကြောင့်အစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်သို့ဝင်ထားရတဲ့ဒါဘီကောင်တီအားဝယ်ယူရေးအတွက်ကိုယ်ပိုင်လေယာဉ်ဖြင့် အင်္ဂလန်သို့ရောက်လာကာဒါဘီကောင်တီအားကြည့်ရှုလေ့လာမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။

ကတ်ရှ်နာဟာဒါဘီကောင်တီအားဝယ်ယူပြီးပါကအသင်းအားအရေးယူထားတဲ့ရမှတ်၁၂မှတ်ဖြတ်ထားမှုကိုလည်းဖယ်ရှားပေးစေလိုနေပါတယ်။ဒါဘီကောင်တီဟာအစိုးရစီမံအုပ်ချုပ်မှုအောက်သို့ဝင်မှုကြောင့်ရမှတ်၁၂မှတ်လျှော့ချခြင်းခံထားရပြီးယင်းကိုအယူခံဝင်ထားပါတယ်။

တစ်ဖက်တွင်ဒါဘီကောင်တီဟာ Financial Fair Play စည်းမျဉ်းကိုချိုးဖောက်မှုကြောင့်ရမှတ်၉မှတ်လျှော့ချခံရမယ့်အရေးလည်းရင်ဆိုင်နေရပါတယ်။

အမေရိကန်ဘီလျှံနာဟာရမှတ်လျှော့ချမှုများကိုဖယ်ရှားမှုပြုလုပ်နိုင်မှသာ ဒါဘီကောင်တီအားဝယ်ယူရေးအတွက်ရှေ့ဆက်တိုးလုပ်ဆောင်သွားဖို့လည်းရှိနေပါတယ်။လက်ရှိအချိန်မှာသူဟာအင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ချုပ်နှင့်ဆွေးနွေးမှုပြုလုပ်နေပါတယ်။

ZawGyi

ဝိန္း႐ြန္းနီရဲ႕ဒါဘီေကာင္တီကို ဝယ္ယူရန္ အေမရိကန္ဘီလွ်ံနာႀကိဳးပမ္းလာ

အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ခရစ္ကတ္ရွ္နာဟာဝိန္း႐ြန္းနီရဲ႕ဒါဘီေကာင္တီကိုေပါင္သန္း၅၀ျဖင့္ဝယ္ယူရန္ကမ္းလွမ္းလာပါတယ္။

ခရစ္ကတ္ရွ္နာဟာဘ႑ေရးျပႆနာေၾကာင့္အစိုးရရဲ႕စီမံအုပ္ခ်ဳပ္မႈေအာက္သို႔ဝင္ထားရတဲ့ဒါဘီေကာင္တီအားဝယ္ယူေရးအတြက္ကိုယ္ပိုင္ေလယာဥ္ျဖင့္ အဂၤလန္သို႔ေရာက္လာကာဒါဘီေကာင္တီအားၾကည့္ရႈေလ့လာမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

ကတ္ရွ္နာဟာဒါဘီေကာင္တီအားဝယ္ယူၿပီးပါကအသင္းအားအေရးယူထားတဲ့ရမွတ္၁၂မွတ္ျဖတ္ထားမႈကိုလည္းဖယ္ရွားေပးေစလိုေနပါတယ္။ဒါဘီေကာင္တီဟာအစိုးရစီမံအုပ္ခ်ဳပ္မႈေအာက္သို႔ဝင္မႈေၾကာင့္ရမွတ္၁၂မွတ္ေလွ်ာ့ခ်ျခင္းခံထားရၿပီးယင္းကိုအယူခံဝင္ထားပါတယ္။

တစ္ဖက္တြင္ဒါဘီေကာင္တီဟာ Financial Fair Play စည္းမ်ဥ္းကိုခ်ိဳးေဖာက္မႈေၾကာင့္ရမွတ္၉မွတ္ေလွ်ာ့ခ်ခံရမယ့္အေရးလည္းရင္ဆိုင္ေနရပါတယ္။

အေမရိကန္ဘီလွ်ံနာဟာရမွတ္ေလွ်ာ့ခ်မႈမ်ားကိုဖယ္ရွားမႈျပဳလုပ္ႏိုင္မွသာ ဒါဘီေကာင္တီအားဝယ္ယူေရးအတြက္ေရွ႕ဆက္တိုးလုပ္ေဆာင္သြားဖို႔လည္းရွိေနပါတယ္။လက္ရွိအခ်ိန္မွာသူဟာအဂၤလိပ္ေဘာလုံးလိဂ္အဖြဲ႕ခ်ဳပ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနပါတယ္။