ဝီဂန်နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေတဲ့ စတီဗင်ဂျရတ်

စတီဗင်ဂျရတ်ဟာဝီဂန်နည်းပြသစ်ရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားနေကြောင်းသိရပါတယ်။ဂျရတ်ဟာဗီလာကို၁၁လကြာသာကိုင်တွယ်ခဲ့ရပြီးနောက် အောက်တိုဘာလတုန်းကထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

လီဗာပူးဂန္ထဝင်ကစားသမားဟာဗီလာရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက် အလုပ်သစ်ရှာဖွေနေပါတယ်။

သူဟာစကော့တလန်ပရီးမီးယားလိဂ်နှင့်ပရီးမီးယားလိဂ်တွင်ကျင်လည်ဖူးရာ ချန်ပီယံရှစ်ကလပ်ဝီဂန်ကိုရွေးချယ်ကိုရွေးချယ်လာပါကအဆင့်တစ်ဆင့်လျှော့ကျလာမယ်ဆိုပေမဲ့နည်းပြသင်ခန်းစာလေ့လာသင်ယူရန်အကောင်းဆုံးဖြစ်လာဖို့ရှိနေပါတယ်။

ဝီဂန်ဟာ၈ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက်နည်းပြလီယမ်ရစ်ချက်ဆင်ကိုထုတ်ပယ်ထားပါတယ်။၎င်းတို့ဟာသုံးနှစ်စာချုပ်သစ်ချုပ်ဆိုပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာဘဲနည်းပြရစ်ချက်ဆင်ကိုထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

၎င်းတို့ဟာနည်းပြရစ်ချက်ဆင်ကိုထုတ်ပယ်ပြီးနောက်စနေနေ့တုန်းကဘလက်ပူးလ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးတန်းဆင်းဇုန်နှင့်အဆင့်တစ်ဆင့်အကွာအဆင့်၂၂နေရာမှာရပ်တည်နေပါတယ်။

စတီဗင်ဂျရတ်ဟာဝီဂန်နည်းပြရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားနေပြီးအဲဗာတန်ယာယီနည်းပြဟောင်းဒန်ကန်ဖာဂူဆန်ကဒုတိယရေပန်းအစားဆုံးအဖြစ်ရပ်တည်နေပါတယ်။တတိယရေပန်းအစားဆုံးနည်းပြအဖြစ်ဘန်လေနည်းပြဟောင်းရှောင်ဒိုက်ချီကရပ်တည်နေပါတယ်။

ZawGyi

ဝီဂန္နည္းျပရာထူးအတြက္ ထိပ္ဆုံးမွ ေရပန္းစားေနတဲ့ စတီဗင္ဂ်ရတ္

စတီဗင္ဂ်ရတ္ဟာဝီဂန္နည္းျပသစ္ရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားေနေၾကာင္းသိရပါတယ္။ဂ်ရတ္ဟာဗီလာကို၁၁လၾကာသာကိုင္တြယ္ခဲ့ရၿပီးေနာက္ ေအာက္တိုဘာလတုန္းကထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

လီဗာပူးဂႏၴဝင္ကစားသမားဟာဗီလာရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ အလုပ္သစ္ရွာေဖြေနပါတယ္။

သူဟာစေကာ့တလန္ပရီးမီးယားလိဂ္ႏွင့္ပရီးမီးယားလိဂ္တြင္က်င္လည္ဖူးရာ ခ်န္ပီယံရွစ္ကလပ္ဝီဂန္ကိုေ႐ြးခ်ယ္ကိုေ႐ြးခ်ယ္လာပါကအဆင့္တစ္ဆင့္ေလွ်ာ့က်လာမယ္ဆိုေပမဲ့နည္းျပသင္ခန္းစာေလ့လာသင္ယူရန္အေကာင္းဆုံးျဖစ္လာဖို႔ရွိေနပါတယ္။

ဝီဂန္ဟာ၈ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီးေနာက္နည္းျပလီယမ္ရစ္ခ်က္ဆင္ကိုထုတ္ပယ္ထားပါတယ္။၎တို႔ဟာသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးရက္သတၱပတ္အနည္းငယ္အၾကာမွာဘဲနည္းျပရစ္ခ်က္ဆင္ကိုထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

၎တို႔ဟာနည္းျပရစ္ခ်က္ဆင္ကိုထုတ္ပယ္ၿပီးေနာက္စေနေန႔တုန္းကဘလက္ပူးလ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးတန္းဆင္းဇုန္ႏွင့္အဆင့္တစ္ဆင့္အကြာအဆင့္၂၂ေနရာမွာရပ္တည္ေနပါတယ္။

စတီဗင္ဂ်ရတ္ဟာဝီဂန္နည္းျပရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားေနၿပီးအဲဗာတန္ယာယီနည္းျပေဟာင္းဒန္ကန္ဖာဂူဆန္ကဒုတိယေရပန္းအစားဆုံးအျဖစ္ရပ္တည္ေနပါတယ္။တတိယေရပန္းအစားဆုံးနည္းျပအျဖစ္ဘန္ေလနည္းျပေဟာင္းေရွာင္ဒိုက္ခ်ီကရပ္တည္ေနပါတယ္။