
မန်စီးတီးဂန္ထဝင်ကစားသမားယာယာတိုရေးဟာမန်နေဂျာတစ်ဦးဖြစ်လာရန်ရည်မှန်းချက်ရှိပေမဲ့လည်းဝီဂန်ရဲ့ဆက်သွယ်လာမှုကိုပယ်ချကာစပါးစ်ယူ-၁၆အသင်းကိုသာဆက်လက်ကိုင်တွယ်သွားဦးမှာဖြစ်ကြောင်းသိရပါတယ်။
အသက်၃၉နှစ်ရှိယာယာတိုရေးဟာယူကရိန်းကလပ်အိုလမ်ပစ်ဒိုနက်စ်၊ရုရှားကလပ်အက်ခ်မက်ဂရော့ဇ်နီတို့တွင်လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာချန်ပီယံရှစ်ကလပ်ဝီဂန်ကနည်းပြအဖြစ်ခန့်အပ်ရန်ဆက်သွယ်ခြင်းခံရပေမဲ့ပယ်ချထားပါတယ်။
အိုင်ဗရီကို့စ်သမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားများထဲမှတစ်ဦးဖြစ်တဲ့တိုရေးဟာဩဂုတ်လကတည်းကစပါးစ်ယူ-၁၆အသင်းကိုင်တွယ်လာခဲ့သူလည်းဖြစ်ပါတယ်။
သူဟာစပါးစ်ယူ-၁၆အသင်းကိုကိုင်တွယ်ရင်း ပျော်ရွှင်နေမှုနှင့်အတူ ဝီဂန်ရဲ့ဆက်သွယ်လာမှုကိုပယ်ချခဲ့တာဖြစ်ပါတယ်။
ZawGyi
ဝီဂန်ရဲ့ကမ်းလှမ်းမှုကို ပယ်ချကာ စပါးစ်ယူ-၁၆ ကိုဆက်လက်ကိုင်တွယ်သွားမဲ့ ယာယာတိုရေး