ဝီရှိုင်းယားကို အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းခွင့်ပေးထားတဲ့အပြင် နည်းပြလိုင်စင်ရအောင် ကူညီပေးနေတဲ့ အသင်းဟောင်း

ဂျက်ဝီရှိုင်းယားဟာကလပ်သစ်ရှာဖွေတွေ့ရှိရေးအတွက်ကြိုးပမ်းနေစဉ် ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်နေစေဖို့အသင်းဟောင်းအာဆင်နယ်နှင့်အတူလေ့ကျင့်ခန်းဆင်းနေပါတယ်။

အသက်၂၉နှစ်ရှိအင်္ဂလန်စတားဟောင်းဟာကလပ်တစ်ခုခုရဲ့ကမ်းလှမ်းမှုမရရှိလာမီ ကြံ့ခိုင်မှုပိုင်းအဆင်သင့်ဖြစ်နေအောင်ကြိုးစားနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အကယ်ဒမီထွက်ဝီရှိုင်းယားဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ဘုန်းမောက်မှထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာကစားသမားဟောင်းဂျက်ဝီရှိုင်းယားကိုကလပ်သစ်ရှာနေစဉ်အတွင်း ကြံ့ခိုင်မှုပိုင်းကောင်းမွန်နေစေဖို့အသင်းတွင်လာရောက်လေ့ကျင့်ခန်းဆင်းခွင့်ပေးထားသလို ကလပ်သစ်ရှာမရဘဲနည်းပြလောကသို့ဝင်ရောက်မည်ဆိုပါကလည်းအဆင်သင့်ဖြစ်နေအောင် နည်းပြလိုင်စင်ရရှိရေးအတွက်လည်းအကူအညီပေးနေပါတယ်။

ZawGyi




