ဝီလီယမ်ဆာလီဘာကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာဝီလီယမ်ဆာလီဘာကိုအသင်းတွင်၂၀၂၄ခုနှစ်၊ဇွန်လအထိဆက်ထိန်းထားနိုင်မဲ့စာချုပ်အားသက်တမ်းတိုးချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ဗဟိုနောက်ခံလူဟာယခုရာသီတွင်မီခေးလ်အာတီတာရဲ့အာဆင်နယ်အသင်းတွင်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်အာဆင်နယ်သို့ပေါင်၂၇သန်းဖြင့်ပြောင်းခဲ့ပေမဲ့လည်း အငှားဖြင့်သွားကစားခဲ့ရပြီးယခုရာသီအစတုန်းကပဲလေ့စ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်မှအာဆင်နယ်အတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့ပါတယ်။

သူဟာယင်းနောက်ပိုင်းတွင်အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ပွဲတိုင်းပါဝင်ကစားပြီး၁၄မိနစ်သာလွဲထားပါတယ်။

ဒါပေမဲ့ဆာလီဘာရဲ့ယခင်စာချုပ်ကယခုရာသီအကုန်တွင်ကုန်ဆုံးပါမယ်။

ဒါပေမဲ့အာဆင်နယ်ဟာဆာလီဘာကိုစာချုပ်တွင်ပါဝင်တဲ့အတိုင်းနောက်ထပ် ၁၂လသက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ဆာလီဘာဟာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြင်သစ်အသင်းတွင်ရွေးချယ်ခြင်းခံခဲ့ရပေမဲ့တူနီးရှားနှင့်ပွဲတွင်အရန်ခုံမှထကာတစ်ပွဲတည်းသာစားခဲ့ရပါတယ်။

ZawGyi

ဝီလီယမ္ဆာလီဘာကို ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္တဲ့ အာဆင္နယ္

အာဆင္နယ္ဟာဝီလီယမ္ဆာလီဘာကိုအသင္းတြင္၂၀၂၄ခုႏွစ္၊ဇြန္လအထိဆက္ထိန္းထားႏိုင္မဲ့စာခ်ဳပ္အားသက္တမ္းတိုးခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူဟာယခုရာသီတြင္မီေခးလ္အာတီတာရဲ႕အာဆင္နယ္အသင္းတြင္အဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားေနသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္အာဆင္နယ္သို႔ေပါင္၂၇သန္းျဖင့္ေျပာင္းခဲ့ေပမဲ့လည္း အငွားျဖင့္သြားကစားခဲ့ရၿပီးယခုရာသီအစတုန္းကပဲေလ့စ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္မွအာဆင္နယ္အတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့ပါတယ္။

သူဟာယင္းေနာက္ပိုင္းတြင္အာဆင္နယ္ရဲ႕ပရီးမီးယားလိဂ္ပြဲတိုင္းပါဝင္ကစားၿပီး၁၄မိနစ္သာလြဲထားပါတယ္။

ဒါေပမဲ့ဆာလီဘာရဲ႕ယခင္စာခ်ဳပ္ကယခုရာသီအကုန္တြင္ကုန္ဆုံးပါမယ္။

ဒါေပမဲ့အာဆင္နယ္ဟာဆာလီဘာကိုစာခ်ဳပ္တြင္ပါဝင္တဲ့အတိုင္းေနာက္ထပ္ ၁၂လသက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ဆာလီဘာဟာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ျပင္သစ္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံခဲ့ရေပမဲ့တူနီးရွားႏွင့္ပြဲတြင္အရန္ခုံမွထကာတစ္ပြဲတည္းသာစားခဲ့ရပါတယ္။