
အာဆင်နယ်ကအလယ်တန်းကစားသမားဝီလီယံကိုနှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ကစားသမားမှာဘရာဇီးကလပ်ကိုရင်သီယန်သို့ပြောင်းရွှေ့တော့မှာဖြစ်ကြောင်းကြေညာလာပါတယ်။
ဘရာဇီးအလယ်တန်းကစားသမားဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကချဲလ်ဆီးမှအာဆင်နယ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။
အာဆင်နယ်ဟာဝီလီယံမှာထိုစဉ်ကအသက်၃၂နှစ်ရှိနေပြီဖြစ်ပေမယ့်လည်းတစ်ပတ်လုပ်ခပေါင်၂၂၀၀၀၀တန်သုံးနှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ၂နှစ်စာချုပ်သက်တမ်းကျန်နေသေးတဲ့ဝီလီယံကိုစာချုပ်ဖျက်သိမ်းလိုက်နိုင်မှုနဲ့အတူပေါင်၂၀.၅သန်းသက်သာလာတော့မှာဖြစ်ပါတယ်။
ဝီလီယံဟာသူကစားသမားဘဝကိုစတင်ခဲ့တဲ့ကိုရင်သီယန်သို့ပြောင်းရွှေ့သွားတော့မှာဖြစ်ပါတယ်။
ဝီလီယံဟာအာဆင်နယ်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်အာဆင်နယ်အတွက်အကောင်းဆုံးမလုပ်ပေးနိုင်မှုအတွက်ပရိသတ်များကိုတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။
ZawGyi
ဝီလီယံကို စာချုပ်ဖျက်သိမ်းလိုက်နိုင်လို့ ပေါင် ၂၀.၅ သန်းသက်သာလာခဲ့တဲ့ အာဆင်နယ်