ဝုဗ်နှင့်ပွဲတွင် ဟယ်ရီကိန်း ပါဝင်လာမလား မသိသေးကြောင်း စပါးစ်နည်းပြဝန်ခံ

စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုကမန်စီးတီးသို့ပြောင်းမယ်လို့သတင်းထွက်နေတဲ့ အသင်းခေါင်းဆောင်ဟယ်ရီကိန်းမှာယခုအပတ်ဝုဗ်နှင့်ရင်ဆိုင်ရမယ့်ပွဲတွင်ပါဝင်လာမလားအတိအကျမပြောနိုင်သေးကြောင်းဖွင့်ဟလာပါတယ်။

စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာကြံ့ခိုင်မှုမပြည့်ဝသေးမှုနဲ့အတူမနေ့ညတုန်းကချန်ပီယံမန်စီးတီးအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုလွဲချော်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်အသင်းနှင့်သုံးနှစ်စာချုပ်ကျန်နေသေးပေမယ့်လည်းပက်ဂွါဒီယိုလာရဲ့မန်စီးတီးသို့ပြောင်းရွှေ့လိုကြောင်းလူသိရှင်ကြားပြုလုပ်ထားသူလည်းဖြစ်ပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာဟယ်ရီကိန်းအတွက်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အထိတောင်းဆိုထားပြီးမန်စီးတီးကပေါင်သန်း၁၂၀အထိသာပေးလိုနေပါတယ်။

စပါးစ်ဟာကြာသပတေးနေ့မှာယူရိုပါကွန်ဖရင့်လိဂ်ခြေစစ်ပွဲအဖြစ်ပေါ်တူဂီကလပ်ပါကို့စ်ဒီဖာရဲရာနှင့်ရင်ဆိုင်ကစားရပါမယ်။

နူနိုက “ဟယ်ရီကကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။သူ့ကိုပိုင်ဆိုင်ထားတာအရမ်းကံကောင်းပါတယ်။သူ့ဘက်ကအဆင်သင့်ဖြစ်ပြီဆိုတာနဲ့အသင်းကိုကူညီလာမှာပါ။လောလောဆယ်တော့သူကစားနိုင်မလားမသိသေးပါဘူး။ပေါ်တူဂီသွားကစားပြီးမှဝုဗ်နဲ့ပွဲကိုတွေးပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဝုဗ္ႏွင့္ပြဲတြင္ ဟယ္ရီကိန္း ပါဝင္လာမလား မသိေသးေၾကာင္း စပါးစ္နည္းျပဝန္ခံ

စပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုကမန္စီးတီးသို႔ေျပာင္းမယ္လို႔သတင္းထြက္ေနတဲ့ အသင္းေခါင္းေဆာင္ဟယ္ရီကိန္းမွာယခုအပတ္ဝုဗ္ႏွင့္ရင္ဆိုင္ရမယ့္ပြဲတြင္ပါဝင္လာမလားအတိအက်မေျပာႏိုင္ေသးေၾကာင္းဖြင့္ဟလာပါတယ္။

စပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာႀကံ့ခိုင္မႈမျပည့္ဝေသးမႈနဲ႔အတူမေန႔ညတုန္းကခ်န္ပီယံမန္စီးတီးအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္အသင္းႏွင့္သုံးႏွစ္စာခ်ဳပ္က်န္ေနေသးေပမယ့္လည္းပက္ဂြါဒီယိုလာရဲ႕မန္စီးတီးသို႔ေျပာင္းေ႐ႊ႕လိုေၾကာင္းလူသိရွင္ၾကားျပဳလုပ္ထားသူလည္းျဖစ္ပါတယ္။

စပါးစ္ဥကၠဌလီဗိုင္းဟာဟယ္ရီကိန္းအတြက္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀အထိေတာင္းဆိုထားၿပီးမန္စီးတီးကေပါင္သန္း၁၂၀အထိသာေပးလိုေနပါတယ္။

စပါးစ္ဟာၾကာသပေတးေန႔မွာယူ႐ိုပါကြန္ဖရင့္လိဂ္ေျခစစ္ပြဲအျဖစ္ေပၚတူဂီကလပ္ပါကို႔စ္ဒီဖာရဲရာႏွင့္ရင္ဆိုင္ကစားရပါမယ္။

ႏူႏိုက “ဟယ္ရီကကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္ပါတယ္။သူ႔ကိုပိုင္ဆိုင္ထားတာအရမ္းကံေကာင္းပါတယ္။သူ႔ဘက္ကအဆင္သင့္ျဖစ္ၿပီဆိုတာနဲ႔အသင္းကိုကူညီလာမွာပါ။ေလာေလာဆယ္ေတာ့သူကစားႏိုင္မလားမသိေသးပါဘူး။ေပၚတူဂီသြားကစားၿပီးမွဝုဗ္နဲ႔ပြဲကိုေတြးပါမယ္”လို႔ေျပာၾကားသြားပါတယ္။