ဝုဗ်နှင့်ပွဲအတွက် အသင့်ဖြစ်နေစေရန် အန်တိုနီယိုကို ပေါင် ၁ သိန်းသုံးပြီး စင်းလုံးငှားလေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့တဲ့ ဝက်စ်ဟမ်းပိုင်ရှင်ဆူလေဗန်

ဝက်စ်ဟမ်းအသင်းပိုင်ရှင်ဒေးဗစ်ဆူလေဗန်ဟာတိုက်စစ်မှူးမီချယ်လီအန်တိုနီယိုကိုဂျာမေကာမှနေအိမ်သို့ပေါင်တစ်သိန်းသုံးပြီးစင်းလုံးငှားလေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းပိုင်ရှင်ဟာယခုအပတ်ဝုဗ်နှင့်ပွဲအတွက်အဆင်သင့်ဖြစ်နေစေရန်အတွက်ကိုယ်ပိုင်ငွေကြေးသုံးစွဲကာသူ့ရဲ့စတားတိုက်စစ်မှူးကိုလန်ဒန်သို့ပြန်လည်ခေါ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ယင်းသို့စင်းလုံးငှားလေယာဉ်ဖြင့်ခေါ်ဆောင်မှုကြောင့်အန်တိုနီယိုမှာပင်ပန်းမှုနည်းပါးကာယနေ့တွင်ဝက်စ်ဟမ်းအသင်းနှင့်ပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။သူဟာမနက်ဖြန်ဝုဗ်နှင့်ပွဲစဉ်တွင်ပါဝင်ပါမယ်။

အသက်၃၁နှစ်ရှိအန်တိုနီယိုဟာအယ်ဆာဗေးဒိုး၊အမေရိကန်တို့နှင့်တစ်ဂိုးစီသရေကျတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်ဂျာမေကာအတွက်ဂိုးများသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

အန်တိုနီယိုဟာယခုရာသီမှာအမြင့်ပျံနေတဲ့ဝက်စ်ဟမ်းအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၇ဂိုးသွင်းယူပြီးနောက်ထပ်ရာသီကောင်းတစ်ခုထပ်မံပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ZawGyi

ဝုဗ္ႏွင့္ပြဲအတြက္ အသင့္ျဖစ္ေနေစရန္ အန္တိုနီယိုကို ေပါင္ ၁ သိန္းသုံးၿပီး စင္းလုံးငွားေလယာဥ္ျဖင့္ ေခၚေဆာင္ခဲ့တဲ့ ဝက္စ္ဟမ္းပိုင္ရွင္ဆူေလဗန္

ဝက္စ္ဟမ္းအသင္းပိုင္ရွင္ေဒးဗစ္ဆူေလဗန္ဟာတိုက္စစ္မႉးမီခ်ယ္လီအန္တိုနီယိုကိုဂ်ာေမကာမွေနအိမ္သို႔ေပါင္တစ္သိန္းသုံးၿပီးစင္းလုံးငွားေလယာဥ္ျဖင့္ျပန္လည္ေခၚေဆာင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းအသင္းပိုင္ရွင္ဟာယခုအပတ္ဝုဗ္ႏွင့္ပြဲအတြက္အဆင္သင့္ျဖစ္ေနေစရန္အတြက္ကိုယ္ပိုင္ေငြေၾကးသုံးစြဲကာသူ႔ရဲ႕စတားတိုက္စစ္မႉးကိုလန္ဒန္သို႔ျပန္လည္ေခၚေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

ယင္းသို႔စင္းလုံးငွားေလယာဥ္ျဖင့္ေခၚေဆာင္မႈေၾကာင့္အန္တိုနီယိုမွာပင္ပန္းမႈနည္းပါးကာယေန႔တြင္ဝက္စ္ဟမ္းအသင္းႏွင့္ျပန္လည္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ပါတယ္။သူဟာမနက္ျဖန္ဝုဗ္ႏွင့္ပြဲစဥ္တြင္ပါဝင္ပါမယ္။

အသက္၃၁ႏွစ္ရွိအန္တိုနီယိုဟာအယ္ဆာေဗးဒိုး၊အေမရိကန္တို႔ႏွင့္တစ္ဂိုးစီသေရက်တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမ်ားတြင္ဂ်ာေမကာအတြက္ဂိုးမ်ားသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။

အန္တိုနီယိုဟာယခုရာသီမွာအျမင့္ပ်ံေနတဲ့ဝက္စ္ဟမ္းအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၇ဂိုးသြင္းယူၿပီးေနာက္ထပ္ရာသီေကာင္းတစ္ခုထပ္မံပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။