
လီဗာပူးဂိုးသမားအလစ်ဆင်ဟာရယ်စရာကောင်းတဲ့အမှားကျူးလွန်ကာပထမပိုင်းမှာဝုဗ်ဘက်သို့လက်ဆောင်ဂိုးပေးခဲ့ပါတယ်။
လီဗာပူးဟာအက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်ပရီးမီးယားလိဂ်ပြိုင်ဘက်ဝုဗ်နှင့်ရင်ဆိုင်ခဲ့ရာမှာနှစ်ဂိုးစီသရေကျခဲ့ပါတယ်။
လီဗာပူးနည်းပြကလော့ပ်ဟာဝုဗ်နှင့်ပွဲမှာတောင့်တင်းတဲ့လူစာရင်းဖြင့်ပွဲထွက်လာခဲ့ပြီးပွဲထွက်ဂိုးသမားအလစ်ဆင်ကိုပဲအသုံးပြုသွားခဲ့ပါတယ်။
ဒါပေမဲ့လီဗာပူးဟာဘရာဇီးဂိုးသမားရဲ့အမှားကနေတဆင့်ဂိုးပေးခဲ့ရပါတော့တယ်။
ပွဲချိန်၂၆မိနစ်မှာအလစ်ဆင်ဟာဧရိယာအတွင်းမှာဘောလုံးရရှိပြီးနောက်ဝုဗ်ရဲ့ဖိအားပေးခြင်းခံခဲ့ရပါတယ်။
သူဟာဝုဗ်တိုက်စစ်သမားဂွန်ကာလိုဂူဒက်စ်ကိုကျော်ပြီးဘောလုံးပေးဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ပေါ်တူဂီလက်ရွေးစင်ကအလစ်ဆင်ပေးလိုက်တဲ့ဘောလုံးကိုရရှိသွားပြီးတချက်ထိန်းကာအပိုင်ကန်သွင်းခဲ့ပါတယ်။
အထက်ပါအမှားမျိုးကိုလီဗာပူးဂိုးသမားဟောင်းလိုရစ်ခရူးစ်လည်း၂၀၁၈ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာကျူးလွန်ခဲ့ဖူးပြီးရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီးမားကိုလက်ဆောင်ဂိုးပေးခဲ့ဖူးပါတယ်။
ZawGyi
ဝုဗ္ႏွင့္သေရက်တဲ့ အက္ဖ္ေအဖလားပြဲတြင္ ရယ္စရာေကာင္းတဲ့အမွားက်ဴးလြန္ခဲ့တဲ့ အလစ္ဆင္
လီဗာပူးဂိုးသမားအလစ္ဆင္ဟာရယ္စရာေကာင္းတဲ့အမွားက်ဴးလြန္ကာပထမပိုင္းမွာဝုဗ္ဘက္သို႔လက္ေဆာင္ဂိုးေပးခဲ့ပါတယ္။
လီဗာပူးဟာအက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ပရီးမီးယားလိဂ္ၿပိဳင္ဘက္ဝုဗ္ႏွင့္ရင္ဆိုင္ခဲ့ရာမွာႏွစ္ဂိုးစီသေရက်ခဲ့ပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္ဟာဝုဗ္ႏွင့္ပြဲမွာေတာင့္တင္းတဲ့လူစာရင္းျဖင့္ပြဲထြက္လာခဲ့ၿပီးပြဲထြက္ဂိုးသမားအလစ္ဆင္ကိုပဲအသုံးျပဳသြားခဲ့ပါတယ္။
ဒါေပမဲ့လီဗာပူးဟာဘရာဇီးဂိုးသမားရဲ႕အမွားကေနတဆင့္ဂိုးေပးခဲ့ရပါေတာ့တယ္။
ပြဲခ်ိန္၂၆မိနစ္မွာအလစ္ဆင္ဟာဧရိယာအတြင္းမွာေဘာလုံးရရွိၿပီးေနာက္ဝုဗ္ရဲ႕ဖိအားေပးျခင္းခံခဲ့ရပါတယ္။
သူဟာဝုဗ္တိုက္စစ္သမားဂြန္ကာလိုဂူဒက္စ္ကိုေက်ာ္ၿပီးေဘာလုံးေပးဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ဒါေပမဲ့ေပၚတူဂီလက္ေ႐ြးစင္ကအလစ္ဆင္ေပးလိုက္တဲ့ေဘာလုံးကိုရရွိသြားၿပီးတခ်က္ထိန္းကာအပိုင္ကန္သြင္းခဲ့ပါတယ္။
အထက္ပါအမွားမ်ိဳးကိုလီဗာပူးဂိုးသမားေဟာင္းလိုရစ္ခ႐ူးစ္လည္း၂၀၁၈ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာက်ဴးလြန္ခဲ့ဖူးၿပီးရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဘန္ဇီးမားကိုလက္ေဆာင္ဂိုးေပးခဲ့ဖူးပါတယ္။