
နယ်သာလန်စတားကိုဒီဂတ်ပိုဟာလီဗာပူးကစားသမားအဖြစ်တရားဝင်မှတ်ပုံတင်လာပြီးနောက်လီဗာပူးအတွက်စတင်ကစားလာနိုင်တော့မှာဖြစ်ပါတယ်။
လီဗာပူးဟာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့ကတည်းကကိုဒီဂတ်ပိုအားပေါင်၃၇သန်းဖြင့်ခေါ်ယူရန်ပီအက်စ်ဗွီနှင့်သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးဟာကိုဒီဂတ်ပိုရဲ့အပြောင်းအရွှေ့အတွက်အောင်မြင်မှုအပေါ်မူတည်ပြီးထပ်ပေးရမဲ့အပိုဆုကြေးပါပါဝင်ပါကစုစုပေါင်းပေါင်၄၄သန်းအထိပေးလာရနိုင်ပါတယ်။
သူဟာပြီးခဲ့တဲ့ရက်များအတွင်းတွင်အင်္ဂလန်သို့ရောက်လာပြီးနောက်ဆေးစစ်ဆေးမှုခံယူခဲ့သလိုလက်စတာကိုအနိုင်ရရှိတဲ့အန်ဖီးလ်ပွဲစဉ်ကိုလည်းကြည်ရှုအားပေးခဲ့ပါတယ်။
ဒါပေမဲ့သူဟာလီဗာပူးကစားသမားအဖြစ်မှတ်ပုံတင်ရန်စောင့်ဆိုင်းနေမှုနဲ့အတူဘရန့်ဖို့ဒ်ကို၃-၁ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။
ယခုအခါသူဟာလီဗာပူးကစားသမားအဖြစ်မှတ်ပုံတင်လာနိုင်မှုနဲ့အတူပွဲကစားလာနိုင်တော့မှာဖြစ်ပါတယ်။
လီဗာပူးဟာလာမယ့်စနေနေ့တွင်အန်ဖီးလ်တွင်ဝုဗ်ကိုအက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်ဧည့်ခံကစားရပါမယ်။
ZawGyi
ဝုဗ္ႏွင့္အက္ဖ္ေအဖလားပြဲစဥ္တြင္ လီဗာပူးအတြက္ ပထမဆုံးပြဲကစားလာမဲ့ ကိုဒီဂတ္ပို
နယ္သာလန္စတားကိုဒီဂတ္ပိုဟာလီဗာပူးကစားသမားအျဖစ္တရားဝင္မွတ္ပုံတင္လာၿပီးေနာက္လီဗာပူးအတြက္စတင္ကစားလာႏိုင္ေတာ့မွာျဖစ္ပါတယ္။
လီဗာပူးဟာၿပီးခဲ့တဲ့အပတ္ဗုဒၶဟူးေန႔ကတည္းကကိုဒီဂတ္ပိုအားေပါင္၃၇သန္းျဖင့္ေခၚယူရန္ပီအက္စ္ဗြီႏွင့္သေဘာတူညီမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။
လီဗာပူးဟာကိုဒီဂတ္ပိုရဲ႕အေျပာင္းအေ႐ႊ႕အတြက္ေအာင္ျမင္မႈအေပၚမူတည္ၿပီးထပ္ေပးရမဲ့အပိုဆုေၾကးပါပါဝင္ပါကစုစုေပါင္းေပါင္၄၄သန္းအထိေပးလာရႏိုင္ပါတယ္။
သူဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းတြင္အဂၤလန္သို႔ေရာက္လာၿပီးေနာက္ေဆးစစ္ေဆးမႈခံယူခဲ့သလိုလက္စတာကိုအႏိုင္ရရွိတဲ့အန္ဖီးလ္ပြဲစဥ္ကိုလည္းၾကည္ရႈအားေပးခဲ့ပါတယ္။
ဒါေပမဲ့သူဟာလီဗာပူးကစားသမားအျဖစ္မွတ္ပုံတင္ရန္ေစာင့္ဆိုင္းေနမႈနဲ႔အတူဘရန႔္ဖို႔ဒ္ကို၃-၁ျဖင့္ရႈံးနိမ့္တဲ့ပြဲမွာပါဝင္ကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။
ယခုအခါသူဟာလီဗာပူးကစားသမားအျဖစ္မွတ္ပုံတင္လာႏိုင္မႈနဲ႔အတူပြဲကစားလာႏိုင္ေတာ့မွာျဖစ္ပါတယ္။
လီဗာပူးဟာလာမယ့္စေနေန႔တြင္အန္ဖီးလ္တြင္ဝုဗ္ကိုအက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ဧည့္ခံကစားရပါမယ္။