ဝေဖန်မှုများကို ဂရုမစိုက်တဲ့ပုံမျိုးဖြင့် အောင်ပွဲခံခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားကို ရွိုင်ကိန်းဝေဖန်

မန်ယူဂန္ထဝင်ကစားသမားရွိုင်ကိန်းဟာမနေ့ညတုန်းကအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်အင်္ဂလန်အတွက်အဖွင့်ဂိုးကိုသွင်းယူပြီးနောက် ဝေဖန်မှုများဂရုမစိုက်ကြောင်းနားကိုပိတ်ကာအောင်ပွဲခံခဲ့တဲ့ဟယ်ရီမက်ဂွိုင်းယားကို ‘ဂုဏ်သရေယုတ်တယ်’ဆိုပြီးဝေဖန်ပြောကြားလိုက်ပါတယ်။

မန်ယူတွင်ခြေစွမ်းပျောက်ဆုံးနေတဲ့အသက်၂၈နှစ်ရှိဟယ်ရီမက်ဂွိုင်းယားဟာဝင်ဘာလေကွင်းတွင်အယ်ဘေးနီးယားအား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပွဲအစ၉မိနစ်တွင်ပင်အင်္ဂလန်အတွက်ဦးဆောင်ဂိုးကိုခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ရွိုင်ကိန်းက “ဒါကရှက်စရာပါ။သူဟာလွန်ခဲ့တဲ့လတွေမှာမန်ယူမှာဂုဏ်သရေယုတ်နေခဲ့တဲ့သူပါ”လို့ပြောကြားသွားပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာခေါင်းတိုက်ဂိုးသွင်းပြီးနောက်နားနှစ်ဖက်ကိုလက်ဖြင့်ကာပြီးနောက်နားကိုလက်ညှိုးဖြင့်ထိုးပိတ်ပြီးဒူးထောက်အောင်ပွဲခံခဲ့ပါတယ်။သူဟာသူ့ကိုမုန်းတီးဝေဖန်သူများကိုတုံ့ပြန်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်လက်ပြီးကိန်းက “သူ့နားတွေကိုနားထည့်ပိတ်တာကဝေဖန်မှုတွေကိုနားပိတ်ထားတယ်လို့ဆိုလိုတာပါ။ဒါပေမယ့်ဒါကရှက်စရာပါ။သူကဂိုးသွင်းလိုက်ရင်ဝေဖန်မှုတွေပိတ်သွားပြီလို့ထင်တယ်။ရှက်စရာကြီးဗျာ”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်ဟယ်ရီမက်ဂွိုင်းယားကမူ “အောင်ပွဲခံပုံကဒူးထောက်လျှောထိုးအောင်ပွဲခံပုံပါ။ဒီအတိုင်းအောင်ပွဲခံတာပါ။နိုင်ငံအတွက်ဂိုးသွင်းရတာအံ့ဩစရာကောင်းတဲ့ခံစားချက်ပါ။ဘယ်သူကိုမှတိုက်ရိုက်မရည်ရွယ်ပါဘူး။ဒီအတိုင်းပဲလုပ်လိုက်တာပါ”လို့ကာကွယ်ပြောကြားသွားပါတယ်။

အယ်ဘေးနီးယားအားအင်္ဂလန်က၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်စပါးစ်တွင်ခြေစွမ်းပျောက်မှုကြောင့်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရတဲ့အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကဟက်ထရစ်သွင်းခဲ့ပြီးကျန်တစ်ဂိုးကိုဟင်ဒါဆင်ကသွင်းခဲ့ပါတယ်။အင်္ဂလန်ဟာပထမပိုင်းသွင်းဂိုး၅ဂိုးဖြင့်အယ်ဘေးနီးယားကိုအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ေဝဖန္မႈမ်ားကို ဂ႐ုမစိုက္တဲ့ပုံမ်ိဳးျဖင့္ ေအာင္ပြဲခံခဲ့တဲ့ ဟယ္ရီမက္ဂြိဳင္းယားကို ႐ြိဳင္ကိန္းေဝဖန္

မန္ယူဂႏၴဝင္ကစားသမား႐ြိဳင္ကိန္းဟာမေန႔ညတုန္းကအဂၤလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲတြင္အဂၤလန္အတြက္အဖြင့္ဂိုးကိုသြင္းယူၿပီးေနာက္ ေဝဖန္မႈမ်ားဂ႐ုမစိုက္ေၾကာင္းနားကိုပိတ္ကာေအာင္ပြဲခံခဲ့တဲ့ဟယ္ရီမက္ဂြိဳင္းယားကို ‘ဂုဏ္သေရယုတ္တယ္’ဆိုၿပီးေဝဖန္ေျပာၾကားလိုက္ပါတယ္။

မန္ယူတြင္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့အသက္၂၈ႏွစ္ရွိဟယ္ရီမက္ဂြိဳင္းယားဟာဝင္ဘာေလကြင္းတြင္အယ္ေဘးနီးယားအား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားေျခစစ္ပြဲတြင္ပြဲအစ၉မိနစ္တြင္ပင္အဂၤလန္အတြက္ဦးေဆာင္ဂိုးကိုေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

႐ြိဳင္ကိန္းက “ဒါကရွက္စရာပါ။သူဟာလြန္ခဲ့တဲ့လေတြမွာမန္ယူမွာဂုဏ္သေရယုတ္ေနခဲ့တဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာေခါင္းတိုက္ဂိုးသြင္းၿပီးေနာက္နားႏွစ္ဖက္ကိုလက္ျဖင့္ကာၿပီးေနာက္နားကိုလက္ညႇိဳးျဖင့္ထိုးပိတ္ၿပီးဒူးေထာက္ေအာင္ပြဲခံခဲ့ပါတယ္။သူဟာသူ႔ကိုမုန္းတီးေဝဖန္သူမ်ားကိုတုံ႔ျပန္မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဆက္လက္ၿပီးကိန္းက “သူ႔နားေတြကိုနားထည့္ပိတ္တာကေဝဖန္မႈေတြကိုနားပိတ္ထားတယ္လို႔ဆိုလိုတာပါ။ဒါေပမယ့္ဒါကရွက္စရာပါ။သူကဂိုးသြင္းလိုက္ရင္ေဝဖန္မႈေတြပိတ္သြားၿပီလို႔ထင္တယ္။ရွက္စရာႀကီးဗ်ာ”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္ဟယ္ရီမက္ဂြိဳင္းယားကမူ “ေအာင္ပြဲခံပုံကဒူးေထာက္ေလွ်ာထိုးေအာင္ပြဲခံပုံပါ။ဒီအတိုင္းေအာင္ပြဲခံတာပါ။ႏိုင္ငံအတြက္ဂိုးသြင္းရတာအံ့ဩစရာေကာင္းတဲ့ခံစားခ်က္ပါ။ဘယ္သူကိုမွတိုက္႐ိုက္မရည္႐ြယ္ပါဘူး။ဒီအတိုင္းပဲလုပ္လိုက္တာပါ”လို႔ကာကြယ္ေျပာၾကားသြားပါတယ္။

အယ္ေဘးနီးယားအားအဂၤလန္က၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္စပါးစ္တြင္ေျခစြမ္းေပ်ာက္မႈေၾကာင့္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရတဲ့အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကဟက္ထရစ္သြင္းခဲ့ၿပီးက်န္တစ္ဂိုးကိုဟင္ဒါဆင္ကသြင္းခဲ့ပါတယ္။အဂၤလန္ဟာပထမပိုင္းသြင္းဂိုး၅ဂိုးျဖင့္အယ္ေဘးနီးယားကိုအႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။