ဝေဖန်မှုများအကြားမှာ ပျော်ရွှင်နေပြီဖြစ်ကြောင်း ဆိုးလ်ရှားဖွင့်ဟလာ

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားက၎င်းမှာအပတ်စဉ်အပတ်တိုင်းမရိုးရအောင်ဝေဖန်မှုများအကြားရှင်သန်နေထိုင်နိုင်ပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာယခုရာသီတွင်ရလဒ်ပိုင်းမတည်ငြိမ်မှုကြောင့်အိုးထရက်ဖို့ဒ်ကာလရှည်အနာဂတ်မရေမရာဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားဟာအပတ်စဉ်အပတ်တိုင်းဝေဖန်မှုပေါင်းများစွာဖြင့်ရင်ဆိုင်လာခဲ့ရပေမယ့်လည်းမန်ယူဘုတ်အဖွဲ့ရဲ့ယုံကြည်မှုအပြည့်အဝရနေသူလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “ဝေဖန်မှုကကိုယ့်ကိုယ်ကိုသံသယဝင်လာနိုင်သလိုကိုယ့်အတွက်ကိုယ်ကိုယ်တိုင်ပိုပြီးတော့ရပ်တည်ရမယ်ဆိုတာလည်းသိလာစေပါတယ်။ဝေဖန်မှုတွေအပေါ်မှာပျော်ရွှင်ပါတယ်။ထပ်ပြီးတော့လည်းရောက်လာကြဦးမှာပါ။အဆင်ပြေပါတယ်။ဂျာနယ်လစ်၊ဝေဖန်ရေးသမားတွေ၊ကျွမ်းကျင်သူတွေအားလုံးအလုပ်ကွဲပြားပါတယ်။သူတို့အလုပ်ကသူတို့အမြင်ကိုပြောဖို့ပါ။သူတို့နဲ့တိုက်ခိုက်ဖို့ဒီကိုရောက်လာတာမဟုတ်ပါဘူး။ဘယ်သူနဲ့မှပြဿနာတက်စရာမလိုပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာအိုးထရက်ဖို့ဒ်တွင်ခါးသီးတဲ့ပြိုင်ဘက်လီဗာပူကို၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ပြီးခဲ့တဲ့အပတ်တုန်းကစပါးစ်ကိုအဝေးကွင်းတွင်၃-၀ဂိုးဖြင့်အနိုင်ယူကာပြန်လည်နိူးထနိုင်ခဲ့ပါတယ်။၎င်းတို့ဟာယနေ့ညတွင်အတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးစနေနေ့တွင်လည်းမြို့ခံပြိုင်ဘက်မန်စီးတီးနှင့်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ZawGyi

ေဝဖန္မႈမ်ားအၾကားမွာ ေပ်ာ္႐ႊင္ေနၿပီျဖစ္ေၾကာင္း ဆိုးလ္ရွားဖြင့္ဟလာ

မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားက၎မွာအပတ္စဥ္အပတ္တိုင္းမ႐ိုးရေအာင္ေဝဖန္မႈမ်ားအၾကားရွင္သန္ေနထိုင္ႏိုင္ၿပီျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားလာပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာယခုရာသီတြင္ရလဒ္ပိုင္းမတည္ၿငိမ္မႈေၾကာင့္အိုးထရက္ဖို႔ဒ္ကာလရွည္အနာဂတ္မေရမရာျဖစ္ေနခဲ့သူလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားဟာအပတ္စဥ္အပတ္တိုင္းေဝဖန္မႈေပါင္းမ်ားစြာျဖင့္ရင္ဆိုင္လာခဲ့ရေပမယ့္လည္းမန္ယူဘုတ္အဖြဲ႕ရဲ႕ယုံၾကည္မႈအျပည့္အဝရေနသူလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားက “ေဝဖန္မႈကကိုယ့္ကိုယ္ကိုသံသယဝင္လာႏိုင္သလိုကိုယ့္အတြက္ကိုယ္ကိုယ္တိုင္ပိုၿပီးေတာ့ရပ္တည္ရမယ္ဆိုတာလည္းသိလာေစပါတယ္။ေဝဖန္မႈေတြအေပၚမွာေပ်ာ္႐ႊင္ပါတယ္။ထပ္ၿပီးေတာ့လည္းေရာက္လာၾကဦးမွာပါ။အဆင္ေျပပါတယ္။ဂ်ာနယ္လစ္၊ေဝဖန္ေရးသမားေတြ၊ကြၽမ္းက်င္သူေတြအားလုံးအလုပ္ကြဲျပားပါတယ္။သူတို႔အလုပ္ကသူတို႔အျမင္ကိုေျပာဖို႔ပါ။သူတို႔နဲ႔တိုက္ခိုက္ဖို႔ဒီကိုေရာက္လာတာမဟုတ္ပါဘူး။ဘယ္သူနဲ႔မွျပႆနာတက္စရာမလိုပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာအိုးထရက္ဖို႔ဒ္တြင္ခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူကို၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ၿပီးခဲ့တဲ့အပတ္တုန္းကစပါးစ္ကိုအေဝးကြင္းတြင္၃-၀ဂိုးျဖင့္အႏိုင္ယူကာျပန္လည္ႏိူးထႏိုင္ခဲ့ပါတယ္။၎တို႔ဟာယေန႔ညတြင္အတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးစေနေန႔တြင္လည္းၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးႏွင့္ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။