ဝေါက်ဖတ်စ်ရဲ့ဒူးကို နင်းခဲ့ပေမဲ့ ကံကောင်းထောက်မစွာ အနီကတ်မပြခံခဲ့ရတဲ့ မာဆယ်ဆာဘစ်ဇာ

မာဆယ်ဆာဘစ်ဇာဟာမနေ့ညတုန်းကလက်စတာကိုယူနိုက်တက်ကအနိုင်ရတဲ့ပွဲတွင်လက်စတာကစားသမားဝေါက်ဖတ်စ်ရဲ့ဒူးကိုနင်းခဲ့ပေမဲ့လည်းကံကောင်းထောက်မစွာအနီကတ်ပြသခြင်းမခံခဲ့ရပါဘူး။

ဘောလုံးဝေဖန်သုံးသပ်သူ နည်းပြဟောင်းဂရေမီဆောင်းနက်စ်ကဘိုင်ယန်မြူးနစ်မှအငှားဖြင့်လာရောက်ကစားနေတဲ့ဆာဘစ်ဇာမှာပြိုင်ဘက်ကစားသမားကိုဒဏ်ရာရရှိအောင်တမင်ရည်ရွယ်လုပ်ခဲ့တယ်လို့စွပ်စွဲသွားပါတယ်။

ဖတ်စ်နှင့်ဆာဘစ်ဇာတို့ဟာအိုးထရက်ဖို့ဒ်ပွဲစဉ်ရဲ့ပွဲချိန်၄၁မိနစ်တွင်လက်စတာပင်နယ်တီဧရိယာအစပ်နားတွင်ဘောလုံးယှဉ်လုခဲ့ပါတယ်။

ဘယ်လ်ဂျီယံကစားသမားကလက်ဦးမှုရရှိပြီးဘောလုံးကိုကန်ခဲ့ပါတယ်။ဘောလုံးထွက်သွားချိန်တွင်မှဆာဘစ်ဇာရောက်လာပြီးဖတ်စ်ရဲ့ဒူးကိုကန်ခဲ့ပါတယ်။

ဖတ်စ်ဟာဆာဘစ်ဇာရဲ့လုပ်ရပ်ကြောင့်ဆေးကုသမှုခံယူခဲ့ရပါတယ်။ဒါပေမဲ့ ဒဏ်ရာအပြင်းအထန်ရရှိသွားပုံတော့မရပါဘူး။ပွဲကိုဆက်ကစားနိုင်ခဲ့ပါတယ်။

ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်ဟာလက်စတာဘက်သို့ဖရီးကစ်ပေးခဲ့ပေမဲ့လည်းဆာဘစ်ဇာကိုအဝါကတ်တောင်မပြခဲ့ပါဘူး။

ဂရေမီဆောင်းနက်စ်က “အကြောင်းပြချက်တော်တော်များများကြောင့်ဒါကိုအနီကတ်ပြရပါမယ်။ဖတ်စ်ဟာကျိုးတောင်ကျိုးသွားနိုင်တယ်။ဆာဘစ်ဇာကနောက်ကျပြီးတော့မှရောက်လာတယ်။ဒါတမင်လုပ်တာပါ။ဘောလုံးနဲ့ထိခဲ့ရင်တမျိုးပေါ့”လို့ပြောကြားသွားပါတယ်။

အထက်ပါဖြစ်ရပ်ကို VAR ကလည်းစစ်ဆေးမှုပြုလုပ်ခဲ့ပေမဲ့လည်းဆာဘစ်ဇာကိုအရေးမယူခဲ့ပါဘူး။

မနေ့ညကပွဲတွင်ယူနိုက်တက်ဟာရက်ဖို့ဒ်ရဲ့သွင်းဂိုး၂ဂိုး၊ ဆန်ချိုရဲ့၁ဂိုးဖြင့်လက်စတာကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ေဝါက္ဖတ္စ္ရဲ႕ဒူးကို နင္းခဲ့ေပမဲ့ ကံေကာင္းေထာက္မစြာ အနီကတ္မျပခံခဲ့ရတဲ့ မာဆယ္ဆာဘစ္ဇာ

မာဆယ္ဆာဘစ္ဇာဟာမေန႔ညတုန္းကလက္စတာကိုယူႏိုက္တက္ကအႏိုင္ရတဲ့ပြဲတြင္လက္စတာကစားသမားေဝါက္ဖတ္စ္ရဲ႕ဒူးကိုနင္းခဲ့ေပမဲ့လည္းကံေကာင္းေထာက္မစြာအနီကတ္ျပသျခင္းမခံခဲ့ရပါဘူး။

ေဘာလုံးေဝဖန္သုံးသပ္သူ နည္းျပေဟာင္းဂေရမီေဆာင္းနက္စ္ကဘိုင္ယန္ျမဴးနစ္မွအငွားျဖင့္လာေရာက္ကစားေနတဲ့ဆာဘစ္ဇာမွာၿပိဳင္ဘက္ကစားသမားကိုဒဏ္ရာရရွိေအာင္တမင္ရည္႐ြယ္လုပ္ခဲ့တယ္လို႔စြပ္စြဲသြားပါတယ္။

ဖတ္စ္ႏွင့္ဆာဘစ္ဇာတို႔ဟာအိုးထရက္ဖို႔ဒ္ပြဲစဥ္ရဲ႕ပြဲခ်ိန္၄၁မိနစ္တြင္လက္စတာပင္နယ္တီဧရိယာအစပ္နားတြင္ေဘာလုံးယွဥ္လုခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံကစားသမားကလက္ဦးမႈရရွိၿပီးေဘာလုံးကိုကန္ခဲ့ပါတယ္။ေဘာလုံးထြက္သြားခ်ိန္တြင္မွဆာဘစ္ဇာေရာက္လာၿပီးဖတ္စ္ရဲ႕ဒူးကိုကန္ခဲ့ပါတယ္။

ဖတ္စ္ဟာဆာဘစ္ဇာရဲ႕လုပ္ရပ္ေၾကာင့္ေဆးကုသမႈခံယူခဲ့ရပါတယ္။ဒါေပမဲ့ ဒဏ္ရာအျပင္းအထန္ရရွိသြားပုံေတာ့မရပါဘူး။ပြဲကိုဆက္ကစားႏိုင္ခဲ့ပါတယ္။

ဒိုင္လူႀကီးစတူးအပ္အက္ဝဲလ္ဟာလက္စတာဘက္သို႔ဖရီးကစ္ေပးခဲ့ေပမဲ့လည္းဆာဘစ္ဇာကိုအဝါကတ္ေတာင္မျပခဲ့ပါဘူး။

ဂေရမီေဆာင္းနက္စ္က “အေၾကာင္းျပခ်က္ေတာ္ေတာ္မ်ားမ်ားေၾကာင့္ဒါကိုအနီကတ္ျပရပါမယ္။ဖတ္စ္ဟာက်ိဳးေတာင္က်ိဳးသြားႏိုင္တယ္။ဆာဘစ္ဇာကေနာက္က်ၿပီးေတာ့မွေရာက္လာတယ္။ဒါတမင္လုပ္တာပါ။ေဘာလုံးနဲ႔ထိခဲ့ရင္တမ်ိဳးေပါ့”လို႔ေျပာၾကားသြားပါတယ္။

အထက္ပါျဖစ္ရပ္ကို VAR ကလည္းစစ္ေဆးမႈျပဳလုပ္ခဲ့ေပမဲ့လည္းဆာဘစ္ဇာကိုအေရးမယူခဲ့ပါဘူး။

မေန႔ညကပြဲတြင္ယူႏိုက္တက္ဟာရက္ဖို႔ဒ္ရဲ႕သြင္းဂိုး၂ဂိုး၊ ဆန္ခ်ိဳရဲ႕၁ဂိုးျဖင့္လက္စတာကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။