
ကက်စ်မီရိုဟာမနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာဝဲလ်ဟုချ်ကိုလည်ပင်းညှစ်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဘရာဇီးစတားဟာကစားဖော်အန်တိုနီကိုဖျက်ထုတ်မှုမှတဆင့်နှစ်ဖက်ကစားသမားများရုန်းရင်ဆန်ခတ်ဖြစ်မှုတွင်အလွန်အကျွံလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အထက်ပါအဖြစ်အပျက်ဖြစ်နေချိန်တွင်ယူနိုက်တက်ကပဲလေ့စ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိနေပါတယ်။
VAR ကအထက်ပါအဖြစ်အပျက်ကိုစစ်ဆေးပြီးနောက် ဒိုင်လူကြီးအင်ဒရေမာရီနာကတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ကက်စ်မီရိုဟာကလပ်နှင့်နိုင်ငံတကာကစားသမားဘဝမှာပထမဆုံးအကြိမ်အဖြစ်တိုက်ရိုက်အနီကတ်ပြခံခဲ့ရတာလည်းဖြစ်ပါတယ်။
ပဲလေ့စ်ဟာတစ်ယောက်အသာဖြင့်ကစားရပြီးနောက်ဂျက်ဖရီရှလော့ပ်ကချေပဂိုးသွင်းခဲ့ပေမဲ့နောက်ကျသွားပြီဖြစ်ကာယူနိုက်တက်ကို၂-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ကက်စ်မီရိုဟာမိုက်ရူးရဲဆန်စွာလုပ်ဆောင်ခဲ့ပေမဲ့ယူနိုက်တက်ပရိသတ်များကတော့အပြစ်မမြင်ကြပါဘူး။ယူနိုက်တက်ပရိသတ်များကကက်စ်မီရိုဟာယင်းအနီကတ်ကြောင့်ပွဲပယ်ခံရမှာဖြစ်လို့နားချိန်ရရှိလာမှာဖြစ်ကာဘာစီလိုနာနှင့်ယူရိုပါလိဂ်ပွဲစဉ်များနှင့်နယူးကာဆယ်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲတို့တွင်အင်ပြည့်အားပြည့်ဖြင့်ကစားနိုင်လာမယ်လို့ဆိုနေကြပါတယ်။
ကက်စ်မီရိုဟာယင်းအနီကတ်ကြောင့်လိဒ်နှင့်အိမ်ကွင်း/အဝေးကွင်းပွဲစဉ်များနှင့်လက်စတာနှင့်အိမ်ကွင်းပွဲစဉ်တို့တွင်ပါဝင်လာပါမယ်။
သူဟာပြည်တွင်းပွဲသာပိတ်ပင်ခံရမှာဖြစ်လို့ဖေဖော်ဝါရီလ၁၆ရက်နေ့နှင့်၂၃ရက်နေ့တွင်ကစားရမဲ့ဘာစီလိုနာနှင့်ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပလေးအော့ဖ်ပွဲစဉ်များတွင်ပါဝင်လာပါမယ်။
ယင်းနောက်သူဟာပွဲပယ်ပြစ်ဒဏ်မှလွတ်မြောက်ကာဖေဖော်ဝါရီလ၂၆ရက်နေ့နယူးကာဆယ်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲမှာပါဝင်လာပါမယ်။
ယူနိုက်တက်ပရိသတ်တစ်ဦးက “အဲရစ်တန်ဟက်ကတော့ဘာကာပွဲအတွက်ကက်စ်မီရိုကိုအနားပေးနိင်ပြီပေါ့။ကက်စ်မီရိုအင်ပြည့်အားပြည့်နဲ့ပိုကစားနိုင်လာတော့မယ်”လို့ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “အခုဆိုဆာဘစ်ဇာဟာထင်မှတ်ထားတာထက်ပိုပြီးတော့ကစားခွင့်ရလာတော့မယ်”လို့ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “ကက်စ်မီရိုကိုလွဲစေချင်တဲ့နှစ်သင်းနဲ့ထိပ်တိုက်တွေ့ပွဲပြောပါဆိုရင်လိဒ်၊လက်စတာပွဲတွေလို့ပဲပြောရမယ်။သူမပါလည်းနိုင်နိုင်ပါတယ်။ဘာကာ/ခါရာဘောင်ဗိုလ်လုပွဲအတွက်သူအသင့်ဖြစ်နေမယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ဝဲလ်ဟုခ်ျကို လည်ပင်းညှစ်မှုကြောင့် အနီကတ်ပြခံရတဲ့ ကက်စ်မီရိုနှင့်ပတ်သက်ပြီး တစ်လေသံတည်းထွက်လာတဲ့ ယူနိုက်တက်ပရိသတ်များ
ကက်စ်မီရိုဟာမနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာဝဲလ်ဟုခ်ျကိုလည်ပင်းညှစ်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။