
ဆီဘာစတီယန်ဟယ်လာဟာဝှေးစေ့ကင်ဆာရောဂါဝေဒနာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒေါ့မွန်အသင်းရဲ့ခြေစွမ်းပွဲတွင်ပထမဆုံးအကြိမ်အဖြစ်ကစားလာနိုင်ခဲ့ပါတယ်။
အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာမာဘယ်လာတွင်ဖော်ကျူနာဒူဆယ်ဒေါ့ဖ်နှင့်ကစားတဲ့ခြေစမ်းပွဲတွင်ပွဲချိန်၇၃မိနစ်တွင်အရန်ခုံမှထကာကစားလာခဲ့တာလည်းဖြစ်ပါတယ်။
သူလူစားဝင်ချိန်တွင်ဒေါ့မွန်က၂-၁ဖြင့်ဦးဆောင်နေခဲ့တာဖြစ်ပြီးပွဲအပြီးတွင်၅-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
သူဟာဇူလိုင်လတုန်းကအေဂျက်စ်မှဒေါ့မွန်သို့ပြောင်းရွှေ့ပြီးနောက်ရာသီကြိုလေ့ကျင့်ခန်းဆင်းနေစဉ်ဝှေးစေ့ကင်ဆာဝေဒနာခံစားနေရကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
သူဟာရောဂါကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးနောက်လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းကလေ့ကျင့်ခန်းဆင်းလာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်ဟာဘွန်ဒက်စ်လီဂါပွဲ၁၅ပွဲကစားပြီးချိန်တွင်အမှတ်ပေးဇယားအဆင့်၆နေရာမှာရပ်တည်နေပြီးထိပ်ဆုံးမှဒေါ့မွန်နှင့်ရမှတ်၉မှတ်ကွာဟနေပါတယ်။
ဒေါ့မွန်ဟာလာမယ့်ဇန်နဝါရီလ၂၂ရက်နေ့တနင်္ဂနွေနေ့တွင်အော့စ်ဘတ်နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ေဝွးေစ့ကင္ဆာေရာဂါကို ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးေနာက္ ေဒါ့မြန္အတြက္ ပထမဆုံးကစားလာႏိုင္တဲ့ ဟယ္လာ
ဆီဘာစတီယန္ဟယ္လာဟာေဝွးေစ့ကင္ဆာေရာဂါေဝဒနာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ေဒါ့မြန္အသင္းရဲ႕ေျခစြမ္းပြဲတြင္ပထမဆုံးအႀကိမ္အျဖစ္ကစားလာႏိုင္ခဲ့ပါတယ္။
အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာမာဘယ္လာတြင္ေဖာ္က်ဴနာဒူဆယ္ေဒါ့ဖ္ႏွင့္ကစားတဲ့ေျခစမ္းပြဲတြင္ပြဲခ်ိန္၇၃မိနစ္တြင္အရန္ခုံမွထကာကစားလာခဲ့တာလည္းျဖစ္ပါတယ္။
သူလူစားဝင္ခ်ိန္တြင္ေဒါ့မြန္က၂-၁ျဖင့္ဦးေဆာင္ေနခဲ့တာျဖစ္ၿပီးပြဲအၿပီးတြင္၅-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
သူဟာဇူလိုင္လတုန္းကေအဂ်က္စ္မွေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ရာသီႀကိဳေလ့က်င့္ခန္းဆင္းေနစဥ္ေဝွးေစ့ကင္ဆာေဝဒနာခံစားေနရေၾကာင္းေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။
သူဟာေရာဂါကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ၿပီးေနာက္လြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ခန႔္ကတည္းကေလ့က်င့္ခန္းဆင္းလာႏိုင္ခဲ့တာျဖစ္ပါတယ္။
ေဒါ့မြန္ဟာဘြန္ဒက္စ္လီဂါပြဲ၁၅ပြဲကစားၿပီးခ်ိန္တြင္အမွတ္ေပးဇယားအဆင့္၆ေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးမွေဒါ့မြန္ႏွင့္ရမွတ္၉မွတ္ကြာဟေနပါတယ္။
ေဒါ့မြန္ဟာလာမယ့္ဇန္နဝါရီလ၂၂ရက္ေန႔တနဂၤေႏြေန႔တြင္ေအာ့စ္ဘတ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။