ဝှေးစေ့ကင်ဆာရောဂါဝေဒနာခံစားရပြီးနောက် ဒေါ့မွန်အတွက် ပွဲကစားနိုင်ရန် နီးစပ်နေပြီဖြစ်တဲ့ ဟယ်လာ

ဆီဘာစတီယန်ဟယ်လာဟာဝှေးစေ့ကင်ဆာရောဂါဝေဒနာခံစားခဲ့ရပြီးနောက်ခြောက်လအကြာတွင်ဒေါ့မွန်အသင်းနှင့်အတူပြန်လည်လေ့ကျင့်ခန်းဆင်းလာနိုင်ပြီဖြစ်ပါတယ်။

ဆီဘာစတီယန်ဟယ်လာဟာဒေါ့မွန်နှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်မှုနဲ့အတူပထမဆုံးပွဲကစားရန်မျှော်လင့်နေပြီဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဟယ်လာဟာဇူလိုင်လတုန်းကအာလင်းဟာလန်းနေရာတွင်အစားထိုးရန်ဒေါ့မွန်သို့ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဒေါ့မွန်သို့ပြောင်းပြီးနှစ်ပတ်အကြာလေ့ကျင့်ခန်းဆင်းနေစဉ် ဝှေးစေ့ကင်ဆာခံစားနေရကြောင်းစစ်ဆေးတွေ့ခဲ့ကာနှစ်ကြိမ်တိုင်တိုင်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

ယခုအခါသူဟာဒေါ့မွန်နှင့်အတူပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပြီးဒေါ့မွန်အတွက်ပထမဆုံးပွဲကစားနိုင်ရန်မျှော်လင့်နေပြီဖြစ်ပါတယ်။

ဟယ်လာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအေဂျက်စ်အတွက်၃၁ပွဲကစားရာမှာ၂၁ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဒေါ့မွန်သို့ပေါင်၂၈သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ZawGyi

ေဝွးေစ့ကင္ဆာေရာဂါေဝဒနာခံစားရၿပီးေနာက္ ေဒါ့မြန္အတြက္ ပြဲကစားႏိုင္ရန္ နီးစပ္ေနၿပီျဖစ္တဲ့ ဟယ္လာ

ဆီဘာစတီယန္ဟယ္လာဟာေဝွးေစ့ကင္ဆာေရာဂါေဝဒနာခံစားခဲ့ရၿပီးေနာက္ေျခာက္လအၾကာတြင္ေဒါ့မြန္အသင္းႏွင့္အတူျပန္လည္ေလ့က်င့္ခန္းဆင္းလာႏိုင္ၿပီျဖစ္ပါတယ္။

ဆီဘာစတီယန္ဟယ္လာဟာေဒါ့မြန္ႏွင့္အတူေလ့က်င့္ခန္းျပန္ဆင္းႏိုင္မႈနဲ႔အတူပထမဆုံးပြဲကစားရန္ေမွ်ာ္လင့္ေနၿပီျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိဟယ္လာဟာဇူလိုင္လတုန္းကအာလင္းဟာလန္းေနရာတြင္အစားထိုးရန္ေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕ကစားခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာေဒါ့မြန္သို႔ေျပာင္းၿပီးႏွစ္ပတ္အၾကာေလ့က်င့္ခန္းဆင္းေနစဥ္ ေဝွးေစ့ကင္ဆာခံစားေနရေၾကာင္းစစ္ေဆးေတြ႕ခဲ့ကာႏွစ္ႀကိမ္တိုင္တိုင္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။

ယခုအခါသူဟာေဒါ့မြန္ႏွင့္အတူျပန္လည္ေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္ၿပီးေဒါ့မြန္အတြက္ပထမဆုံးပြဲကစားႏိုင္ရန္ေမွ်ာ္လင့္ေနၿပီျဖစ္ပါတယ္။

ဟယ္လာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေအဂ်က္စ္အတြက္၃၁ပြဲကစားရာမွာ၂၁ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ေဒါ့မြန္သို႔ေပါင္၂၈သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။