ဝှေးစေ့အကျိတ်တွေ့ရှိမှုကြောင့် ဆေးကုသမှုခံယူရတော့မယ့် ဒေါ့မွန်တိုက်စစ်မှူးသစ်ဟောလာ

ဒေါ့မွန်တိုက်စစ်မှူးသစ်ဆီဘာစတီယန်ဟောလဟာရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင်နေထိုင်မကောင်းမှုကြောင့်စစ်ဆေးမှုပြုလုပ်ခဲ့ရာဝှေးစေ့တွင်အကျိတ်တစ်ခုတွေ့ရှိခဲ့ရပါတယ်။

အသက်၂၈နှစ်ရှိအိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်မှူးဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အေဂျက်စ်မှဒေါ့မွန်သို့လေးနှစ်စာချုပ်ဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

သူဟာတနင်္လာနေ့တုန်းကဒေါ့မွန်ရဲ့ဆွစ်ဇာလန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင်နေထိုင်မကောင်းဖြစ်ပြီးနောက်စစ်ဆေးခဲ့ရာဝှေးစေ့အကျိတ်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းသူဟာဒေါ့မွန်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာထွက်ခွာခဲ့ရပြီးလာမယ့်ရက်များအတွင်းတွင်ဆေးစစ်မှုများခံယူရပါမယ်။

ဒေါ့မွန်က “ဒေါ့မွန်တိုက်စစ်မှူးဆီဘာစတီယန်ဟောလာဟာမကျန်းမာလို့ ဆွစ်ဇာလန်၊ဘက်ရာဂါမှာရှိတဲ့ဒေါ့မွန်လေ့ကျင့်ရေးစခန်းကနေထွက်ခွာခဲ့ရပါတယ်။သူဟာဒေါ့မွန်သို့ပြန်သွားပြီးဖြစ်ပါတယ်။အသက်၂၈နှစ်ရှိအိုင်ဗရီကို့စ်လက်ရွေးစင်ဟာတနင်္လာနေ့တုန်းကလေ့ကျင့်ခန်းအစီအစဉ်မှာနေထိုင်မကောင်းဆိုပြီးသတင်းပို့လာပါတယ်။ဆေးစစ်ဆေးမှုပြုလုပ်တဲ့အခါယင်းနေ့မှာပဲဝှေးစေ့အကျိတ်တွေ့ပါတယ်။နောက်ထပ်ဆေးစစ်ဆေးမှုကိုအထူးဆေးဖက်ဆိုင်ရာစင်တာမှာထပ်မံပြုလုပ်သွားပါဦးမယ်။ကစားသမားနဲ့မိသားစုကိုလေးစားတဲ့အနေနဲ့မေးခွန်းမမေးကြဖို့အထူးတောင်းဆိုလိုပါတယ်။ကစားသမားနဲ့ညှိနှိုင်းပြီးနောက်ထပ်သတင်းတွေတင်ပြသွားပါဦးမယ်”လို့ ကြေညာလာပါတယ်။

ဒါ့အပြင်ဒေါ့မွန်အားကစားဒါရိုက်တာဆီဘာစတီယန်ခါးကလည်း၎င်းတို့အနေဖြင့်ဆီဘာစတီယန်ဟောလာ အမြန်ဆုံးသက်သာပျောက်ကင်းလာရေးအတွက်အကောင်းဆုံးဆေးကုသမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကြေညာသွားပါတယ်။

ခါးက”ဒီကနေ့သတင်းကတော့ဆီဘာစတီယန်ဟောလာရောကျွန်တော်တို့အားလုံးပါတုန်လှုပ်ခဲ့စေပါတယ်။ဒေါ့မွန်မိသားစုတစ်ခုလုံးက ဆီဘာစတီယန်အမြန်ဆုံးပျောက်ကင်းပြီးအမြန်ဆုံးပွေ့ဖက်နိုင်ဖို့ဆုတောင်းနေပါတယ်။သူ့အတွက်အကောင်းဆုံးဆေးကုသမှုခံယူနိုင်ဖို့အစွမ်းကုန်ကြိုးစားပါမယ်”လို့ပြောကြားသွားပါတယ်။

အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာပြီးခဲ့တဲ့လတုန်းကအေဂျက်စ်မှဒေါ့မွန်သို့ပေါင်၃၁သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။သူဟာဝက်စ်ဟမ်းတွင်အောင်မြင်မှုမရခဲ့ပေမဲ့အေဂျက်စ်တွင်တစ်ရာသီခွဲကစားစဉ်အတွင်း၆၆ပွဲကစားရာမှာ၄၇ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်အုပ်စုပွဲစဉ်တိုင်းဂိုးသွင်းနိုင်တဲ့ဒုတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

Zawgyi

ေဝွးေစ့အက်ိတ္ေတြ႕ရွိမႈေၾကာင့္ ေဆးကုသမႈခံယူရေတာ့မယ့္ ေဒါ့မြန္တိုက္စစ္မႉးသစ္ေဟာလာ

ေဒါ့မြန္တိုက္စစ္မႉးသစ္ဆီဘာစတီယန္ေဟာလဟာရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္တြင္ေနထိုင္မေကာင္းမႈေၾကာင့္စစ္ေဆးမႈျပဳလုပ္ခဲ့ရာေဝွးေစ့တြင္အက်ိတ္တစ္ခုေတြ႕ရွိခဲ့ရပါတယ္။

အသက္၂၈ႏွစ္ရွိအိုင္ဗရီကို႔စ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေအဂ်က္စ္မွေဒါ့မြန္သို႔ေလးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

သူဟာတနလၤာေန႔တုန္းကေဒါ့မြန္ရဲ႕ဆြစ္ဇာလန္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္တြင္ေနထိုင္မေကာင္းျဖစ္ၿပီးေနာက္စစ္ေဆးခဲ့ရာေဝွးေစ့အက်ိတ္ေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္းသူဟာေဒါ့မြန္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္မွာထြက္ခြာခဲ့ရၿပီးလာမယ့္ရက္မ်ားအတြင္းတြင္ေဆးစစ္မႈမ်ားခံယူရပါမယ္။

ေဒါ့မြန္က “ေဒါ့မြန္တိုက္စစ္မႉးဆီဘာစတီယန္ေဟာလာဟာမက်န္းမာလို႔ ဆြစ္ဇာလန္၊ဘက္ရာဂါမွာရွိတဲ့ေဒါ့မြန္ေလ့က်င့္ေရးစခန္းကေနထြက္ခြာခဲ့ရပါတယ္။သူဟာေဒါ့မြန္သို႔ျပန္သြားၿပီးျဖစ္ပါတယ္။အသက္၂၈ႏွစ္ရွိအိုင္ဗရီကို႔စ္လက္ေ႐ြးစင္ဟာတနလၤာေန႔တုန္းကေလ့က်င့္ခန္းအစီအစဥ္မွာေနထိုင္မေကာင္းဆိုၿပီးသတင္းပို႔လာပါတယ္။ေဆးစစ္ေဆးမႈျပဳလုပ္တဲ့အခါယင္းေန႔မွာပဲေဝွးေစ့အက်ိတ္ေတြ႕ပါတယ္။ေနာက္ထပ္ေဆးစစ္ေဆးမႈကိုအထူးေဆးဖက္ဆိုင္ရာစင္တာမွာထပ္မံျပဳလုပ္သြားပါဦးမယ္။ကစားသမားနဲ႔မိသားစုကိုေလးစားတဲ့အေနနဲ႔ေမးခြန္းမေမးၾကဖို႔အထူးေတာင္းဆိုလိုပါတယ္။ကစားသမားနဲ႔ညႇိႏႈိင္းၿပီးေနာက္ထပ္သတင္းေတြတင္ျပသြားပါဦးမယ္”လို႔ ေၾကညာလာပါတယ္။

ဒါ့အျပင္ေဒါ့မြန္အားကစားဒါ႐ိုက္တာဆီဘာစတီယန္ခါးကလည္း၎တို႔အေနျဖင့္ဆီဘာစတီယန္ေဟာလာ အျမန္ဆုံးသက္သာေပ်ာက္ကင္းလာေရးအတြက္အေကာင္းဆုံးေဆးကုသမႈျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္းေၾကညာသြားပါတယ္။

ခါးက”ဒီကေန႔သတင္းကေတာ့ဆီဘာစတီယန္ေဟာလာေရာကြၽန္ေတာ္တို႔အားလုံးပါတုန္လႈပ္ခဲ့ေစပါတယ္။ေဒါ့မြန္မိသားစုတစ္ခုလုံးက ဆီဘာစတီယန္အျမန္ဆုံးေပ်ာက္ကင္းၿပီးအျမန္ဆုံးေပြ႕ဖက္ႏိုင္ဖို႔ဆုေတာင္းေနပါတယ္။သူ႔အတြက္အေကာင္းဆုံးေဆးကုသမႈခံယူႏိုင္ဖို႔အစြမ္းကုန္ႀကိဳးစားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့လတုန္းကေအဂ်က္စ္မွေဒါ့မြန္သို႔ေပါင္၃၁သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။သူဟာဝက္စ္ဟမ္းတြင္ေအာင္ျမင္မႈမရခဲ့ေပမဲ့ေအဂ်က္စ္တြင္တစ္ရာသီခြဲကစားစဥ္အတြင္း၆၆ပြဲကစားရာမွာ၄၇ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တိုင္းဂိုးသြင္းႏိုင္တဲ့ဒုတိယေျမာက္ကစားသမားအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။