သက်ငယ်လိင်အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံထားရတဲ့ အဲဗာတန်ကစားသမားရဲ့ဇနီးသည် အိမ်က ဆင်းပြီ

သက်ငယ်လိင်အကြမ်းဖက်မှုသံသယမှုဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့အဲဗာတန်စတားရဲ့ဇနီးသည်ဟာခင်ပွန်းသည်နှင့်အတူနေထိုင်နေတဲ့နေအိမ်မှဆင်းသွားပြီဖြစ်ကြောင်းသိရပါတယ်။

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ဟာမကြာသေးမီတုန်းကဥပဒေကြောင်းအရအမည်ဖော်ပြနိုင်ခြင်းမရှိတဲ့အဲဗာတန်စတားရဲ့နေအိမ်ကိုစီးနင်းဝင်ရောက်ပြီးသက်သေပစ္စည်းများကိုသိမ်းဆည်းမှုပြုလုပ်ခဲ့ပါတယ်။

အသက်၃၁နှစ်ရှိအဲဗာတန်ကစားသမားဟာသောကြာနေ့တုန်းကဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးအာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဇနီးသည်ဟာအဲဗာတန်စတားဖမ်းဆီးထိန်းသိမ်းခံရပြီးရက်အနည်းငယ်အကြာမှာသူတို့နေထိုင်ရာတန်ဖိုးကြီးဇိမ်ခံအိမ်ပေါ်မှဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်အဲဗာတန်စတားရဲ့မိဘများနှင့်ညီအစ်မများကတော့ကစားသမားကိုအားပေးတဲ့အနေဖြင့်ယင်းနေအိမ်တွင်နေထိုင်နေကြပါတယ်။

ရဲတပ်ဖွဲ့ဟာအဲဗာတန်ကစားသမားနှင့်ပတ်သက်ပြီးလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အကြာတုန်းကတိုင်ကြားစာရရှိပြီးနောက်စုံစမ်းစစ်ဆေးမှုပြုလုပ်ကာသောကြာနေ့တုန်းကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အထက်ပါသတင်းကြောင့်ပရိသတ်များအံ့ဩတုန်လှုပ်ခဲ့ကြရပြီးအမည်ဖော်ပြထားခြင်းမရှိတဲ့ကစားသမားကအင်္ဂလန်စတားဖေဘီယန်ဒဲလ်ဆိုပြီးအွန်လိုင်းမှာမှားယွင်းအမည်ထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်များတွင်သူ့ရဲ့အမည်နှင့်နိုင်ငံကိုတော့ ရေးသားဖော်ပြလျက်ရှိကြပါတယ်။

ZawGyi








