သက်ငယ်လိင်အကြမ်းဖက်မှုကြောင့် ပရီးမီးယားလိဂ်ကစားသမားတစ်ဦးဖမ်းဆီးထိန်းသိမ်းခံရ

လက်ထပ်ထားပြီးသားပရီးမီးယားလိဂ်ကစားသမားတစ်ဦးဟာကလေးသူငယ်လိင်အကြမ်းဖက်မှုသံသယမှုဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပါတယ်။

အသက်၃၁နှစ်ရှိကစားသမားရဲ့အမည်ကိုဖော်ထုတ်ခြင်းမရှိသေးပါဘူး။လက်ရှိအချိန်မှာရဲတပ်ဖွဲ့ကသူ့အမှုကိုစုံစမ်းနေဆဲဖြစ်ပြီးကလပ်ကလည်းသူ့ကိုယာယီပိတ်ပင်မှုပြုလုပ်ထားပါတယ်။

ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့ဟာသူ့နေအိမ်ကိုစီးနင်းဝင်ရောက်ရှာဖွေကာဖမ်းဆီးမှုပြုလုပ်ခဲ့ပြီးသောကြာနေ့တုန်းကဖမ်းဆီးခဲ့ပါတယ်။လက်ရှိအချိန်မှာယင်းကစားသမားဟာအာမခံဖြင့်ပြန်လည်လွတ်မြောက်လာပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ကလပ်က “ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုခံနေရတဲ့ပထမအသင်းကစားသမားတစ်ဦးကိုကျွန်တော်တို့ကလပ်ကနေယာယီပိတ်ပင်မှုလုပ်ထားပါတယ်။ရဲတပ်ဖွဲ့တွေလိုအပ်တဲ့အကူအညီပေးသွားပါမယ်။အခုအချိန်မှာတော့ဘာမှထပ်မပြောလိုသေးပါဘူး”လို့ပြောကြားသွားပါတယ်။

ကစားသမားရဲ့အေးဂျင့်ကမူအထက်ပါအမှုနဲ့ပတ်သက်ပြီးတစ်စုံတစ်ရာမှတ်ချက်ပေးဖို့ငြင်းဆိုထားပါတယ်။

ZawGyi

သက္ငယ္လိင္အၾကမ္းဖက္မႈေၾကာင့္ ပရီးမီးယားလိဂ္ကစားသမားတစ္ဦးဖမ္းဆီးထိန္းသိမ္းခံရ

လက္ထပ္ထားၿပီးသားပရီးမီးယားလိဂ္ကစားသမားတစ္ဦးဟာကေလးသူငယ္လိင္အၾကမ္းဖက္မႈသံသယမႈျဖင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရပါတယ္။

အသက္၃၁ႏွစ္ရွိကစားသမားရဲ႕အမည္ကိုေဖာ္ထုတ္ျခင္းမရွိေသးပါဘူး။လက္ရွိအခ်ိန္မွာရဲတပ္ဖြဲ႕ကသူ႔အမႈကိုစုံစမ္းေနဆဲျဖစ္ၿပီးကလပ္ကလည္းသူ႔ကိုယာယီပိတ္ပင္မႈျပဳလုပ္ထားပါတယ္။

ဂရိတ္တားမန္ခ်က္စတာရဲတပ္ဖြဲ႕ဟာသူ႔ေနအိမ္ကိုစီးနင္းဝင္ေရာက္ရွာေဖြကာဖမ္းဆီးမႈျပဳလုပ္ခဲ့ၿပီးေသာၾကာေန႔တုန္းကဖမ္းဆီးခဲ့ပါတယ္။လက္ရွိအခ်ိန္မွာယင္းကစားသမားဟာအာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာပါတယ္။

အမည္ေဖာ္ျပထားျခင္းမရွိတဲ့ကလပ္က “ရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးမႈခံေနရတဲ့ပထမအသင္းကစားသမားတစ္ဦးကိုကြၽန္ေတာ္တို႔ကလပ္ကေနယာယီပိတ္ပင္မႈလုပ္ထားပါတယ္။ရဲတပ္ဖြဲ႕ေတြလိုအပ္တဲ့အကူအညီေပးသြားပါမယ္။အခုအခ်ိန္မွာေတာ့ဘာမွထပ္မေျပာလိုေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ကစားသမားရဲ႕ေအးဂ်င့္ကမူအထက္ပါအမႈနဲ႔ပတ္သက္ၿပီးတစ္စုံတစ္ရာမွတ္ခ်က္ေပးဖို႔ျငင္းဆိုထားပါတယ္။