
ပေါ်တူဂီနှင့်ဥရုဂွေးတို့ရင်ဆိုင်ကစားကြတဲ့ကမ္ဘာ့ဖလားပွဲစဉ်မှာပရိသတ်တစ်ဦးသက်တန့်အလံကိုင်ဆောင်ပြီးကွင်းအတွင်းပြေးဝင်မှုနှင့်အတူရပ်ဆိုင်းခဲ့ရပါတယ်။
Lusail Stadium ကွင်းတွင်ကစားတဲ့ယင်းပွဲစဉ်ရဲ့ဒုတိယပိုင်းတွင်ရူဘင်နာဗက်စ်ဒဏ်ရာရရှိသွားမှုကြောင့်ပွဲကိုခေတ္တရပ်နားပြီးနောက်ပြန်လည်စတင်ချိန်တွင်ယင်းပရိသတ်မှာကွင်းအတွင်းပြေးဝင်ရောက်လာတာဖြစ်ပါတယ်။
ယင်းပရိသတ်ဟာLGBT+အသိုင်းအဝိုင်းကိုထောက်ခံတဲ့အနေဖြင့်သက်တန့်အလံကိုင်ဆောင်ထားပြီး Save Ukraine နှင့် Respect For Iranian Women ဆိုတဲ့စာသားပါ Superman တီရှပ်ကိုဝတ်ဆင်ထားပါတယ်။
ယင်းသို့ကွင်းအတွင်းပြေးဝင်မှုကြောင့်ကိုပွဲကိုခေတ္တရပ်ဆိုင်းခဲ့ရပြီးပြေးဝင်သူများလည်းကွင်းလုံခြုံရေးရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
ဘောလုံးပရိသတ်များဟာသတ္တိရှိရှိဖြင့်ကွင်းအတွင်းပြေးဝင်ပြီးဆန္ဒဖော်ပြမှုပြုလုပ်ခဲ့တဲ့ ယင်းပရိသတ်ကိုချီးကျူးလျက်ရှိကြပါတယ်။
မနေ့ညတုန်းကပွဲစဉ်တွင်ပေါ်တူဂီဟာဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးနှစ်ဂိုးဖြင့် ဥရုဂွေးကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ZawGyi
သက္တန႔္အလံကိုင္ၿပီး ကြင္းထဲ ေျပးဝင္သူတစ္ဦးေၾကာင့္ ေပၚတူဂီ-ဥ႐ုေဂြးပြဲ ရပ္ဆိုင္းခဲ့ရ
ေပၚတူဂီႏွင့္ဥ႐ုေဂြးတို႔ရင္ဆိုင္ကစားၾကတဲ့ကမာၻ႔ဖလားပြဲစဥ္မွာပရိသတ္တစ္ဦးသက္တန႔္အလံကိုင္ေဆာင္ၿပီးကြင္းအတြင္းေျပးဝင္မႈႏွင့္အတူရပ္ဆိုင္းခဲ့ရပါတယ္။
Lusail Stadium ကြင္းတြင္ကစားတဲ့ယင္းပြဲစဥ္ရဲ႕ဒုတိယပိုင္းတြင္႐ူဘင္နာဗက္စ္ဒဏ္ရာရရွိသြားမႈေၾကာင့္ပြဲကိုေခတၱရပ္နားၿပီးေနာက္ျပန္လည္စတင္ခ်ိန္တြင္ယင္းပရိသတ္မွာကြင္းအတြင္းေျပးဝင္ေရာက္လာတာျဖစ္ပါတယ္။
ယင္းပရိသတ္ဟာLGBT+အသိုင္းအဝိုင္းကိုေထာက္ခံတဲ့အေနျဖင့္သက္တန႔္အလံကိုင္ေဆာင္ထားၿပီး Save Ukraine ႏွင့္ Respect For Iranian Women ဆိုတဲ့စာသားပါ Superman တီရွပ္ကိုဝတ္ဆင္ထားပါတယ္။
ယင္းသို႔ကြင္းအတြင္းေျပးဝင္မႈေၾကာင့္ကိုပြဲကိုေခတၱရပ္ဆိုင္းခဲ့ရၿပီးေျပးဝင္သူမ်ားလည္းကြင္းလုံၿခဳံေရးရဲ႕ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။
ေဘာလုံးပရိသတ္မ်ားဟာသတၱိရွိရွိျဖင့္ကြင္းအတြင္းေျပးဝင္ၿပီးဆႏၵေဖာ္ျပမႈျပဳလုပ္ခဲ့တဲ့ ယင္းပရိသတ္ကိုခ်ီးက်ဴးလ်က္ရွိၾကပါတယ္။
မေန႔ညတုန္းကပြဲစဥ္တြင္ေပၚတူဂီဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕သြင္းဂိုးႏွစ္ဂိုးျဖင့္ ဥ႐ုေဂြးကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။