သက်သတ်လွတ်စားလာခဲ့သည်မှာ သုံးနှစ်တိုင် ရှိပြီဖြစ်ကြောင်း ဘလက်ဘန်းနည်းပြဟောင်းဆောင်းနက်စ်ဖွင့်ဟလာ

ဂရေမီဆောင်းနက်စ်က၎င်းမှာဟင်းသီးဟင်းရွက်များသာစားပြီးအသားမစားလာခဲ့တာသုံးနှစ်တိုင်ရှိပြီဖြစ်ကြောင်းဖွင့်ဟလာခဲ့ပါတယ်။

Sky Sports တွင်ဘောလုံးဝေဖန်ရေးသမားအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဆောင်းနက်စ်ဟာတနင်္ဂနွေနေ့ညပရီးမီးယားလိဂ်ပွဲများအားသုံးသပ်နေစဉ်သက်သတ်လွတ်စားလာခဲ့တာသုံးနှစ်တိုင်ရှိပြီလို့ဖွင့်ဟလာခဲ့တာလည်းဖြစ်ပါတယ်။

Sky Sports ဘောလုံးဝေဖန်ရေးသမားများဖြစ်ကြတဲ့ဆောင်းနက်စ်၊ရွိုင်ကိန်းနှင့်မီကာရစ်ချက်တို့ဟာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ရေးအတွက်ဘယ်လိုကူညီလုပ်ဆောင်တယ်ဆိုတာအပြန်အလှန်ပြောကြားခဲ့ရာမှာဘလက်ဘန်းနည်းပြဟောင်းကသက်သတ်လွတ်စားလာတာသုံးနှစ်ရှိပြီလို့ဖွင့်ဟလာခဲ့တာလည်းဖြစ်ပါတယ်။

ဆောင်းနက်စ်က “တိရိစ္ဆာန်ထိန်းသိမ်းရေးအပေါ်စိုးရိမ်လို့ဒီလိုလုပ်ခဲ့တာပါ။ဒီတစ်ချက်တည်းအတွက်သက်သတ်လွတ်စားခဲ့တာပါ။တိရိစ္ဆာန်တွေအပေါ်ကျွန်တော်တို့လူသားတွေရဲ့ဆက်ဆံပုံကစက်ဆုပ်စရာကောင်းတယ်လို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မီကာရစ်ချ်က၎င်းမှာလျှပ်စစ်ကားမောင်းကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့ဖူးပြီးရွိုင်ကိန်းကလည်းလမ်းလျှောက်ရသည်ကိုနှစ်သက်ကြောင်းဆိုသွားပါတယ်။

ZawGyi






ဒါ့အပြင်မီကာရစ်ခ်ျက၎င်းမှာလျှပ်စစ်ကားမောင်းကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့ဖူးပြီးရွိုင်ကိန်းကလည်းလမ်းလျှောက်ရသည်ကိုနှစ်သက်ကြောင်းဆိုသွားပါတယ်။