သက်သေအထောက်အထားအသစ်အရ ဟုချ်ကို လည်ပင်းညှစ်မှုကြောင့် ကက်စ်မီရို ပွဲပယ်ခံလာရဖို့မရှိ

မန်ချက်စတာယူနိုက်တက်ပရိသတ်များကအသစ်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဝဲလ်ဟုချ်ကိုလည်ပင်းညှစ်မှုအတွက်အနီကတ်ပြသခံခဲ့ရတဲ့ကက်စ်မီရိုရဲ့အနီကတ်ကိုဖယ်ရှားလိုက်သင့်ကြောင်းယုံကြည်နေကြပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဟာမနေ့ညတုန်းကပဲလေ့စ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်ပဲလေ့စ်အလယ်တန်းကစားသမားဝဲလ်ဟုချ်ကိုလည်ပင်းညှစ်ခဲ့မှုအတွက်ကွင်းလယ်ဒိုင်လူကြီးအင်ဒရေမာရီနာရဲ့အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

ယင်းအနီကတ်ကြောင့်ကက်စ်မီရိုဟာ၃ပွဲပယ်ခံရမှာဖြစ်ပြီးလိဒ်(အိမ်/အဝေး)နှင့်လက်စတာ(အိမ်)ပွဲစဉ်တို့ကိုလွဲချော်ပါမယ်။

ဒါပေမဲ့ယူနိုက်တက်နှင့်ပဲလေ့စ်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်သစ်အရကက်စ်မီရိုနှင့်ဟုချ်တို့ဟာယင်းရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်နှစ်ဦးသားရယ်မောပြီးထွက်ခွာလာခဲ့ကြတာတွေ့ရပါတယ်။

မနေ့ညကပွဲတွင်အန်တိုနီယိုကိုကြမ်းတမ်းစွာကစားရာမှတဆင့်နှစ်ဖက်ကစားသမားများရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်အဆိုပါရုန်းရင်းဆန်ခတ်မှုအတွက်ဂျော်ဒန်အယောကဖရက်ရဲ့မျက်နှာကိုတွန်းထိုးခဲ့ကြောင်းလည်းတွေ့ရပါတယ်။

ZawGyi

သက်သေအထောက်အထားအသစ်အရ ဟုခ်ျကို လည်ပင်းညှစ်မှုကြောင့် ကက်စ်မီရို ပွဲပယ်ခံလာရဖို့မရှိ

မန်ချက်စတာယူနိုက်တက်ပရိသတ်များကအသစ်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဝဲလ်ဟုခ်ျကိုလည်ပင်းညှစ်မှုအတွက်အနီကတ်ပြသခံခဲ့ရတဲ့ကက်စ်မီရိုရဲ့အနီကတ်ကိုဖယ်ရှားလိုက်သင့်ကြောင်းယုံကြည်နေကြပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဟာမနေ့ညတုန်းကပဲလေ့စ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်ပဲလေ့စ်အလယ်တန်းကစားသမားဝဲလ်ဟုခ်ျကိုလည်ပင်းညှစ်ခဲ့မှုအတွက်ကွင်းလယ်ဒိုင်လူကြီးအင်ဒရေမာရီနာရဲ့အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။


ဒါပေမဲ့ယူနိုက်တက်နှင့်ပဲလေ့စ်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်သစ်အရကက်စ်မီရိုနှင့်ဟုခ်ျတို့ဟာယင်းရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်နှစ်ဦးသားရယ်မောပြီးထွက်ခွာလာခဲ့ကြတာတွေ့ရပါတယ်။

