သည်းခြေအိတ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးနောက် စပါးစ်ကို ပြန်လည်ဦးဆောင်လာတဲ့ ကွန်တီ

စပါးစ်နည်းပြအန်တိုနီယိုကွန်တီဟာသည်းခြေအိတ်ခွဲစိတ်ဖယ်ရှားမှုပြုလုပ်ခဲ့ရပြီးနောက်စပါးစ်အသင်းနှင့်အတူအလုပ်ပြန်လုပ်ဆောင်လာပါတယ်။

အသက်၅၃နှစ်ရှိကွန်တီဟာရင်ဘတ်နာကျင်မှုများဖြစ်ခဲ့ပြီးနောက်ပြီးခဲ့တဲ့အပတ်တုန်းကမွေးရပ်မြေအီတလီသို့သွားရောက်ကာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ်။

သူဟာမန်စီးတီးအသင်းကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်ကိုကြီးကြပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမဲ့သူဟာဗုဒ္ဓဟူးနေ့တွင်အင်္ဂလန်သို့ပြန်လည်ရောက်လာခဲ့ကာကြာသပတေးနေ့တွင်စပါးစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုစတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့သူဟာစနေနေ့ညလက်စတာနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုကြီးကြပ်လာနိုင်မလားအတိအကျမသိရသေးပါဘူး။

တဖက်တွင်စပါးစ်ကွင်းလယ်ကစားသမားအိဗ်ဘစ်ဆူမာမှာလည်းဘယ်ဖက်ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

ZawGyi

သည္းေျခအိတ္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးေနာက္ စပါးစ္ကို ျပန္လည္ဦးေဆာင္လာတဲ့ ကြန္တီ

စပါးစ္နည္းျပအန္တိုနီယိုကြန္တီဟာသည္းေျခအိတ္ခြဲစိတ္ဖယ္ရွားမႈျပဳလုပ္ခဲ့ရၿပီးေနာက္စပါးစ္အသင္းႏွင့္အတူအလုပ္ျပန္လုပ္ေဆာင္လာပါတယ္။

အသက္၅၃ႏွစ္ရွိကြန္တီဟာရင္ဘတ္နာက်င္မႈမ်ားျဖစ္ခဲ့ၿပီးေနာက္ၿပီးခဲ့တဲ့အပတ္တုန္းကေမြးရပ္ေျမအီတလီသို႔သြားေရာက္ကာခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ပါတယ္။

သူဟာမန္စီးတီးအသင္းကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္ကိုႀကီးၾကပ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဒါေပမဲ့သူဟာဗုဒၶဟူးေန႔တြင္အဂၤလန္သို႔ျပန္လည္ေရာက္လာခဲ့ကာၾကာသပေတးေန႔တြင္စပါးစ္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကိုစတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့သူဟာစေနေန႔ညလက္စတာႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုႀကီးၾကပ္လာႏိုင္မလားအတိအက်မသိရေသးပါဘူး။

တဖက္တြင္စပါးစ္ကြင္းလယ္ကစားသမားအိဗ္ဘစ္ဆူမာမွာလည္းဘယ္ဖက္ေျခက်င္းဝတ္ဒဏ္ရာခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။