သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်ရဲ့ Selfie ရိုက်ကူးရန် တောင်းဆိုမှုကြောင့် စိတ်ပျက်ခဲ့ရတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြဂွါဒီယိုလာဟာယနေ့ညကိုပင်ဟေဂင်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်တစ်ဦးရဲ့ Selfie ရိုက်ကူးရန်တောင်းဆိုခြင်းခံခဲ့ရပါတယ်။

မန်စီးတီးဟာယနေ့ညတွင်ဒိန်းမတ်တွင်ကိုပင်ဟေဂင်နှင့်ချန်ပီယံလိဂ် အုပ်စုပွဲကစားရပါမယ်။

ဂွါဒီယိုလာဟာသတင်းစာရှင်းလင်းပွဲသို့ရောက်လာပြီးနောက် ဒေသခံသတင်းထောက်တစ်ယောက်ကစားပွဲခုံမှချက်ချင်းထလာကာ Selfie ရိုက်ကူးခွင့်ပေးရန်တောင်းဆိုခဲ့ပါတယ်။

ဂွါဒီယိုလာဟာချက်ချင်းပင် “Sorry”လို့ပြောကြားပြီးငြင်းဆိုခဲ့ပေမဲ့လည်း နောက်ဆုံးတွင်ဓာတ်ပုံတစ်ပုံရိုက်ကူးခွင့်ပြုခဲ့ပါတယ်။ပိုပြီးတော့စိတ်ပျက်စရာကောင်းတာကတော့ ယင်းသတင်းထောက်ဟာ ကင်မရာခလုတ်ရှာဖွေရခက်ခဲနေခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာချန်ပီယံလိဂ်အုပ်စုတွင်းတွင်သုံးပွဲလုံးအနိုင်ရကာအုပ်စုဗိုလ်အဖြစ်ရပ်တည်နေပြီးပြီးခဲ့တဲ့အပတ်တုန်းအိမ်ကွင်းတွင်ကိုပင်ဟေဂင်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi






မန်စီးတီးဟာချန်ပီယံလိဂ်အုပ်စုတွင်းတွင်သုံးပွဲလုံးအနိုင်ရကာအုပ်စုဗိုလ်အဖြစ်ရပ်တည်နေပြီးပြီးခဲ့တဲ့အပတ်တုန်းအိမ်ကွင်းတွင်ကိုပင်ဟေဂင်ကို၎-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။