
အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုအားပထမဆုံးအသင်းနှင့်ပြန်လည်ပူးပေါင်းခွင့်မပေးမီ တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
အဲရစ်တန်ဟက်ဟာဗုဒ္ဓဟူးနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်စပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမပြီးဆုံးမီ နောက်ကျလူစားဝင်ရောက်ကစားလိုခြင်းမရှိမှုနှင့်အတူပွဲမပြီးမီကွင်းအတွင်းမှထွက်ခွာသွားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကိုအရေးယူမှုများပြုလုပ်ထားပါတယ်။
အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကို ယနေ့ညချဲလ်ဆီးနှင့်ပွဲအတွက်ယူနိုက်တက်လူစာရင်းမှချန်လှပ်ထားခဲ့တဲ့အပြင် ပထမအသင်းမှဖယ်ရှားပြီး တစ်ကိုယ်တည်းလေ့ကျင့်ခန်းဆင်းစေလျက်ရှိပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်အပတ်တွင်ယူနိုက်တက်ပထမအသင်းနှင့်ပြန်လည်ပူးပေါင်းလာဖို့တော့ရှိနေပါတယ်။ဒါပေမဲ့အဲရစ်တန်ဟက်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုမှာသူ့အမှားအတွက်သင်ခန်းစာယူ/မယူသိရှိလိုမှုနှင့်အတူတွေ့ဆုံဆွေးနွေးမှုပြုလုပ်လိုနေပါတယ်။
အဲရစ်တန်ဟက်က “ကျွန်တော်တို့ဦးစွာဆွေးနွေးစကားပြောမယ်။ကျွန်တော်တို့ဟာကစားသမားအားလုံးအတွက်အဆင့်သတ်မှတ်ချက်ထားပြီးသားပါ”လို့ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုနှစ်ပတ်စာလုပ်ခပေါင်၇၂၀၀၀၀ ဒဏ်ရိုက်သွားရန်စီစဉ်ထားကြောင်းလည်းသိရပါတယ်။
ဒါပေမဲ့ယင်းနှင့်ပတ်သက်ပြီးအဲရစ်တန်ဟက်က အတည်ပြုရန်ငြင်းဆိုသွားခဲ့ပြီး ယင်းဒဏ်ရိုက်တဲ့လုပ်ရပ်မှာကလပ်အပေါ်တွင်သာမူတည်ကြောင်းဆိုသွားပါတယ်။
ZawGyi
သူပုန္တိုက္စစ္မႉးေရာ္နယ္ဒိုကို ပထမအသင္းႏွင့္ပူးေပါင္းခြင့္မေပးမီ ေဆြးေႏြးမႈျပဳလုပ္လာမဲ့ အဲရစ္တန္ဟက္
အဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားပထမဆုံးအသင္းႏွင့္ျပန္လည္ပူးေပါင္းခြင့္မေပးမီ ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
အဲရစ္တန္ဟက္ဟာဗုဒၶဟူးေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္စပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမၿပီးဆုံးမီ ေနာက္က်လူစားဝင္ေရာက္ကစားလိုျခင္းမရွိမႈႏွင့္အတူပြဲမၿပီးမီကြင္းအတြင္းမွထြက္ခြာသြားခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအေရးယူမႈမ်ားျပဳလုပ္ထားပါတယ္။
အဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကို ယေန႔ညခ်ဲလ္ဆီးႏွင့္ပြဲအတြက္ယူႏိုက္တက္လူစာရင္းမွခ်န္လွပ္ထားခဲ့တဲ့အျပင္ ပထမအသင္းမွဖယ္ရွားၿပီး တစ္ကိုယ္တည္းေလ့က်င့္ခန္းဆင္းေစလ်က္ရွိပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္အပတ္တြင္ယူႏိုက္တက္ပထမအသင္းႏွင့္ျပန္လည္ပူးေပါင္းလာဖို႔ေတာ့ရွိေနပါတယ္။ဒါေပမဲ့အဲရစ္တန္ဟက္ဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုမွာသူ႔အမွားအတြက္သင္ခန္းစာယူ/မယူသိရွိလိုမႈႏွင့္အတူေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္လိုေနပါတယ္။
အဲရစ္တန္ဟက္က “ကြၽန္ေတာ္တို႔ဦးစြာေဆြးေႏြးစကားေျပာမယ္။ကြၽန္ေတာ္တို႔ဟာကစားသမားအားလုံးအတြက္အဆင့္သတ္မွတ္ခ်က္ထားၿပီးသားပါ”လို႔ေျပာၾကားသြားပါတယ္။
ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုႏွစ္ပတ္စာလုပ္ခေပါင္၇၂၀၀၀၀ ဒဏ္႐ိုက္သြားရန္စီစဥ္ထားေၾကာင္းလည္းသိရပါတယ္။
ဒါေပမဲ့ယင္းႏွင့္ပတ္သက္ၿပီးအဲရစ္တန္ဟက္က အတည္ျပဳရန္ျငင္းဆိုသြားခဲ့ၿပီး ယင္းဒဏ္႐ိုက္တဲ့လုပ္ရပ္မွာကလပ္အေပၚတြင္သာမူတည္ေၾကာင္းဆိုသြားပါတယ္။