
ဒေးဗစ်ဘက်ဟမ်းဟာရေနံထုတ်ရောင်းစားနေတဲ့ကာတာရဲ့သံတမန်အဖြစ်ဆောင်ရွက်နေပေမဲ့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုကိုဝင်ရောက်ချီးမြှင့်မှုနှင့်အတူပရိသတ်တွေရဲ့ဒေါသသူပုန်ထခြင်းထပ်မံကြုံလာရပါတယ်။
ဒေးဗစ်ဘက်ဟမ်းဟာကာတာခရီးသွားလုပ်ငန်းရဲ့သံတမန်အဖြစ်ဆောင်ရွက်မှုအတွက်ဝေဖန်မှုခံခဲ့ရသူလည်းဖြစ်ပါတယ်။သူဟာကာတာခရီးသွားလုပ်ငန်းရဲ့သံတမန်အဖြစ်၁၀နှစ်ကြာတာဝန်ထမ်းဆောင်မှာဖြစ်ပြီးယင်းအတွက်ဒေါ်လာ၁၈၆သန်းရရှိလာမှာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကွင်းတည်ဆောက်စဉ်ရွှေ့ပြောင်းအလုပ်သမား၆၀၀၀သေဆုံးမှုအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လိင်တူဆက်ဆံမှုပိတ်ပင်မှုအတွက်ဝေဖန်ခံနေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
အခုဒေးဗစ်ဘက်ဟမ်းဟာမင်းသားဝီလီယမ်ရဲ့Earthshot Prize ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ကာဆုကိုတက်ရောက်ချီးမြှင့်မှုအတွက်ပိုမိုဝေဖန်ခံလာရပါတယ်။
အဆိုပါအခမ်းအနားတွင်ဒေးဗစ်ဘက်ဟမ်းဟာမျက်မှောက်ကမ္ဘာကြီးရဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးနေမှု၊ယင်းကိုကာကွယ်ထိန်းသိမ်းရေးမှာလူသားတိုင်းရဲ့တာဝန်ဖြစ်ကြောင်းမိန့်ခွန်းချွေခဲ့ပါတယ်။
ဒါပေမဲ့ပရိသတ်တွေကတော့ ဒေးဗစ်ဘက်ဟမ်းဟာရေနံ့ထုတ်ရောင်းစားနေတဲ့ကာတာအတွက်သံတမန်အဖြစ်ဆောင်ရွက်နေပြီးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုပေးပွဲအခမ်းအနားသို့တက်ရောက်ကာဆုတက်ပေးမှုမှာအရေခြုံထားမှုမျှသာဖြစ်ကြောင်းဝေဖန်နေကြပါတယ်။
တဖက်တွင်သူကိုယ်စားပြုနေတဲ့ကာတာနိုင်ငံကလည်းကမ္ဘာမှာလေထုညစ်ညမ်းအောင်အလုပ်ဆုံးနိုင်ငံများထဲမှတစ်ခုအဖြစ်ရပ်တည်နေပါတယ်။
ZawGyi
သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆုခ်ီးျမႇင့္မႈေၾကာင့္ ကာတာရဲ႕သံတမန္အျဖစ္ ထမ္းေဆာင္ေနတဲ့ ေဒးဗစ္ဘက္ဟမ္း ေဝဖန္ခံေနရ
ေဒးဗစ္ဘက္ဟမ္းဟာေရနံထုတ္ေရာင္းစားေနတဲ့ကာတာရဲ႕သံတမန္အျဖစ္ေဆာင္႐ြက္ေနေပမဲ့လည္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆုကိုဝင္ေရာက္ခ်ီးျမႇင့္မႈႏွင့္အတူပရိသတ္ေတြရဲ႕ေဒါသသူပုန္ထျခင္းထပ္မံႀကဳံလာရပါတယ္။
ေဒးဗစ္ဘက္ဟမ္းဟာကာတာခရီးသြားလုပ္ငန္းရဲ႕သံတမန္အျဖစ္ေဆာင္႐ြက္မႈအတြက္ေဝဖန္မႈခံခဲ့ရသူလည္းျဖစ္ပါတယ္။သူဟာကာတာခရီးသြားလုပ္ငန္းရဲ႕သံတမန္အျဖစ္၁၀ႏွစ္ၾကာတာဝန္ထမ္းေဆာင္မွာျဖစ္ၿပီးယင္းအတြက္ေဒၚလာ၁၈၆သန္းရရွိလာမွာလည္းျဖစ္ပါတယ္။
ကမာၻ႔ဖလားအိမ္ရွင္အျဖစ္က်င္းပေနတဲ့ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကြင္းတည္ေဆာက္စဥ္ေ႐ႊ႕ေျပာင္းအလုပ္သမား၆၀၀၀ေသဆုံးမႈအေပၚလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈနဲ႔ လိင္တူဆက္ဆံမႈပိတ္ပင္မႈအတြက္ေဝဖန္ခံေနရတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။
အခုေဒးဗစ္ဘက္ဟမ္းဟာမင္းသားဝီလီယမ္ရဲ႕Earthshot Prize ဆုေပးပြဲအခမ္းအနားသို႔တက္ေရာက္ကာဆုကိုတက္ေရာက္ခ်ီးျမႇင့္မႈအတြက္ပိုမိုေဝဖန္ခံလာရပါတယ္။
အဆိုပါအခမ္းအနားတြင္ေဒးဗစ္ဘက္ဟမ္းဟာမ်က္ေမွာက္ကမာၻႀကီးရဲ႕သဘာဝပတ္ဝန္းက်င္ပ်က္စီးဆုံးရႈံးေနမႈ၊ယင္းကိုကာကြယ္ထိန္းသိမ္းေရးမွာလူသားတိုင္းရဲ႕တာဝန္ျဖစ္ေၾကာင္းမိန႔္ခြန္းေခြၽခဲ့ပါတယ္။
ဒါေပမဲ့ပရိသတ္ေတြကေတာ့ ေဒးဗစ္ဘက္ဟမ္းဟာေရနံ႔ထုတ္ေရာင္းစားေနတဲ့ကာတာအတြက္သံတမန္အျဖစ္ေဆာင္႐ြက္ေနၿပီးမွ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆုေပးပြဲအခမ္းအနားသို႔တက္ေရာက္ကာဆုတက္ေပးမႈမွာအေရၿခဳံထားမႈမွ်သာျဖစ္ေၾကာင္းေဝဖန္ေနၾကပါတယ္။
တဖက္တြင္သူကိုယ္စားျပဳေနတဲ့ကာတာႏိုင္ငံကလည္းကမာၻမွာေလထုညစ္ညမ္းေအာင္အလုပ္ဆုံးႏိုင္ငံမ်ားထဲမွတစ္ခုအျဖစ္ရပ္တည္ေနပါတယ္။