သမိုင်းကြောင်းက ပြောနေတဲ့ တာထွက်မကောင်းရင် ချန်ပီယံဖြစ်ဖို့မလွယ်တဲ့ သရဲနီ

မန်ယူဟာရာသီကြိုခြေစမ်းပွဲတာထွက်ကောင်းခဲ့ပါတယ်။ရွန်းနီရဲ့ဒါဘီကို၂-၁ဂိုးနဲ့အနိုင်ရရှိပြီး မန်ယူဟာပထမဆုံးရာသီကြိုခြေစမ်းပွဲမှာအနိုင်ရရှိခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံမန်စီးတီးနဲ့ရမှတ်၁၂မှတ်အထိကွာဟကာဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းဒါဘီနဲ့ခြေစမ်းပွဲအပြီးမှာဆိုးလ်ရှားကမန်ယူစတားများအား ချန်ပီယံဆုအတွက်ရည်မှန်းနိုင်ဖို့အတွက်လာမယ့်ရာသီအစမှာတာထွက်ကောင်းအောင်ကြိုးစားကြရန်တိုက်တွန်းခဲ့ပါတယ်။

ဆိုးလ်ရှားက “ပြီးခဲ့တဲ့ရာသီတုန်းကထက်ပိုကောင်းတဲ့ရာသီအစပိုင်ဆိုင်ဖို့လိုတယ်။ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့တာထွက်မကောင်းခဲ့ဘူး။အခုကျွန်တော်တို့လုပ်ရမယ့်အရာကတာထွက်ကောင်းဖို့ပါ။ပထမပွဲ၆ပွဲ၊၇ပွဲနိုင်လို့ချန်ပီယံမဖြစ်ဘူးဆိုပေမယ့်မကောင်းဘူးဆိုရင်တော့လိဂ်အနိုင်ရရေးလက်လွှတ်သွားရနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်အဖွင့်ပွဲ၇ပွဲမှာ၃ပွဲတည်းဘဲရရှိခဲ့ပါတယ်။၎င်းတို့ဟာခရစ္စတယ်ပဲလေ့စ်နှင့်အဖွင့်ပွဲရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင်မန်ယူဟာစပါးစ်ကိုအိမ်ကွင်းမှာ၆-၁ဂိုးဖြင့်လည်းကောင်း၊အာဆင်နယ်ကို၁-၀ဂိုးဖြင့်လည်းကောင်းရှုံးနိမ့်ခဲ့ပါတယ်။မန်ယူဟာဘရိုက်တန်၊နယူးကာဆယ်၊အဲဗာတန်တို့ကိုအနိုင်ရခဲ့တာကြောင့်အဆိုးရွားဆုံးတာထွက်မဖြစ်ခဲ့ပါဘူး။

ပိုပြီးတော့ဆိုးရွားခဲ့တာကတော့ဆိုးလ်ရှားပထမဆုံးရာသီပြည့်ကိုင်တွယ်တဲ့၂၀၁၉-၂၀တုန်းကဖြစ်ပါတယ်။အဖွင့်ပွဲမှာချဲလ်ဆီးကို၄-၀ဂိုးနဲ့အနိုင်ရရှိပေမယ့်ပထမဆုံး၇ပွဲမှာ၉မှတ်ရရှိထားပါတယ်။၎င်းတို့ဟာဝုဗ်၊ပဲလေ့စ်၊ဆောက်သမ်တန်၊ဝက်စ်ဟမ်း၊အာဆင်နယ်တို့နှင့်ပွဲမှာရမှတ်ဆုံးရှုံးခဲ့ပြီးလက်စတာကိုရပ်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဖာဂူဆန်လက်ထက်တုန်းကမန်ယူဟာပရီးမီးယားလိဂ်ဖလား၁၃ကြိမ်ရရှိခဲ့ပါတယ်။ဖာဂူဆန်လက်ထက်တုန်းကမန်ယူအသင်း ပရီးမီးယားလိဂ်ဖလားရရှိတဲ့ရာသီတိုင်း ပထမဆုံး၇ပွဲမှာ ၂ ပွဲတည်းသာအများဆုံးရှုံးနိမ့်ခဲ့တာတွေ့ရပါတယ်။

ဖာဂူဆန်လက်ထက်တုန်းက၁၉၉၂-၉၃၊၂၀၀၂-၀၃၊၂၀၁၂-၁၃ရာသီတုန်းမှာဘဲအဖွင့်ပွဲ၇ပွဲမှာ၂ပွဲရှုံးနိမ့်ပြီးချန်ပီယံဖြစ်ခဲ့တာပါ။ကျန်ဖာဂူဆန်လက်ထက် ကျန်ပရီးမီးယားလိဂ်ဖလား၁၀ကြိမ်ဆွတ်ခူးခဲ့ရာမှာအများဆုံး ၁ပွဲတည်းသာရှုံးပါတယ်။

ဖာဂူဆန်လက်ထက်၁၉၉၉-၂၀တုန်းကအဖွင့်ပွဲ၇ပွဲမှာ၆ပွဲနိုင်၊၁ပွဲသရေရရှိပြီးရမှတ်၁၉မှတ်ရရှိကာသူကိုင်တွယ်ခဲ့တဲ့၂၇နှစ်အတွင်းအကောင်းဆုံးတာထွက်ပိုင်ဆိုင်ခဲ့ပါတယ်။ယင်းရာသီမှာဖာဂူဆန်ရဲ့မန်ယူဟာရမှတ်၉၁မှတ်အထိရရှိပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ဆိုးလ်ရှားရဲ့မန်ယူစတားများအပေါ်သတိပေးပြောကြားမှုကမှန်ကန်နေတာတွေ့ရပါတယ်။

မန်ယူဟာလာမယ့်ဩဂုတ်လ၁၄ရက်နေ့မှာအိုးထရက်ဖို့ဒ်မှာလိဒ်ကိုဧည့်ခံကစားပြီးရာသီသစ်စတင်ရပါမယ်။ပြီးရင်မန်ယူဟာဆောက်သမ်တန်(အဝေး)၊ဝုဗ်(အဝေး)၊နယူးကာဆယ်(အိမ်)၊ဝက်စ်ဟမ်း(အဝေး)၊ဗီလာ(အိမ်)၊အဲဗာတန်(အိမ်)စသဖြင့်အဖွင့်ပွဲ၇ပွဲရင်ဆိုင်ရပါမယ်။

ဒါကြောင့်မန်ယူအတွက်ရာသီအစ၇ပွဲကအရမ်းကိုခက်ခဲမနေပါဘူး။မန်ယူအနေဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်မယ့်အခွင့်အရေးဖမ်းဆုပ်နိုင်ဖို့အတွက်ရာသီအစတာထွက်ကောင်းဖို့ကအလွန်အရေးပါနေတာနဲ့အညီ တာထွက်ကောင်းဖို့အစွမ်းကုန်ကြိုးပမ်းရပါမယ်။

ZawGyi

သမိုင္းေၾကာင္းက ေျပာေနတဲ့ တာထြက္မေကာင္းရင္ ခ်န္ပီယံျဖစ္ဖို႔မလြယ္တဲ့ သရဲနီ

မန္ယူဟာရာသီႀကိဳေျခစမ္းပြဲတာထြက္ေကာင္းခဲ့ပါတယ္။႐ြန္းနီရဲ႕ဒါဘီကို၂-၁ဂိုးနဲ႔အႏိုင္ရရွိၿပီး မန္ယူဟာပထမဆုံးရာသီႀကိဳေျခစမ္းပြဲမွာအႏိုင္ရရွိခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာၿပီးခဲ့တဲ့ရာသီတုန္းကခ်န္ပီယံမန္စီးတီးနဲ႔ရမွတ္၁၂မွတ္အထိကြာဟကာဒုတိယေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဒါဘီနဲ႔ေျခစမ္းပြဲအၿပီးမွာဆိုးလ္ရွားကမန္ယူစတားမ်ားအား ခ်န္ပီယံဆုအတြက္ရည္မွန္းႏိုင္ဖို႔အတြက္လာမယ့္ရာသီအစမွာတာထြက္ေကာင္းေအာင္ႀကိဳးစားၾကရန္တိုက္တြန္းခဲ့ပါတယ္။

ဆိုးလ္ရွားက “ၿပီးခဲ့တဲ့ရာသီတုန္းကထက္ပိုေကာင္းတဲ့ရာသီအစပိုင္ဆိုင္ဖို႔လိုတယ္။ၿပီးခဲ့တဲ့ရာသီတုန္းကကြၽန္ေတာ္တို႔တာထြက္မေကာင္းခဲ့ဘူး။အခုကြၽန္ေတာ္တို႔လုပ္ရမယ့္အရာကတာထြက္ေကာင္းဖို႔ပါ။ပထမပြဲ၆ပြဲ၊၇ပြဲႏိုင္လို႔ခ်န္ပီယံမျဖစ္ဘူးဆိုေပမယ့္မေကာင္းဘူးဆိုရင္ေတာ့လိဂ္အႏိုင္ရေရးလက္လႊတ္သြားရႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္အဖြင့္ပြဲ၇ပြဲမွာ၃ပြဲတည္းဘဲရရွိခဲ့ပါတယ္။၎တို႔ဟာခရစၥတယ္ပဲေလ့စ္ႏွင့္အဖြင့္ပြဲရႈံးနိမ့္ခဲ့ပါတယ္။

ဒါ့အျပင္မန္ယူဟာစပါးစ္ကိုအိမ္ကြင္းမွာ၆-၁ဂိုးျဖင့္လည္းေကာင္း၊အာဆင္နယ္ကို၁-၀ဂိုးျဖင့္လည္းေကာင္းရႈံးနိမ့္ခဲ့ပါတယ္။မန္ယူဟာဘ႐ိုက္တန္၊နယူးကာဆယ္၊အဲဗာတန္တို႔ကိုအႏိုင္ရခဲ့တာေၾကာင့္အဆိုး႐ြားဆုံးတာထြက္မျဖစ္ခဲ့ပါဘူး။

ပိုၿပီးေတာ့ဆိုး႐ြားခဲ့တာကေတာ့ဆိုးလ္ရွားပထမဆုံးရာသီျပည့္ကိုင္တြယ္တဲ့၂၀၁၉-၂၀တုန္းကျဖစ္ပါတယ္။အဖြင့္ပြဲမွာခ်ဲလ္ဆီးကို၄-၀ဂိုးနဲ႔အႏိုင္ရရွိေပမယ့္ပထမဆုံး၇ပြဲမွာ၉မွတ္ရရွိထားပါတယ္။၎တို႔ဟာဝုဗ္၊ပဲေလ့စ္၊ေဆာက္သမ္တန္၊ဝက္စ္ဟမ္း၊အာဆင္နယ္တို႔ႏွင့္ပြဲမွာရမွတ္ဆုံးရႈံးခဲ့ၿပီးလက္စတာကိုရပ္ရွ္ဖို႔ဒ္ရဲ႕ပင္နယ္တီနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။

ဖာဂူဆန္လက္ထက္တုန္းကမန္ယူဟာပရီးမီးယားလိဂ္ဖလား၁၃ႀကိမ္ရရွိခဲ့ပါတယ္။ဖာဂူဆန္လက္ထက္တုန္းကမန္ယူအသင္း ပရီးမီးယားလိဂ္ဖလားရရွိတဲ့ရာသီတိုင္း ပထမဆုံး၇ပြဲမွာ ၂ ပြဲတည္းသာအမ်ားဆုံးရႈံးနိမ့္ခဲ့တာေတြ႕ရပါတယ္။

ဖာဂူဆန္လက္ထက္တုန္းက၁၉၉၂-၉၃၊၂၀၀၂-၀၃၊၂၀၁၂-၁၃ရာသီတုန္းမွာဘဲအဖြင့္ပြဲ၇ပြဲမွာ၂ပြဲရႈံးနိမ့္ၿပီးခ်န္ပီယံျဖစ္ခဲ့တာပါ။က်န္ဖာဂူဆန္လက္ထက္ က်န္ပရီးမီးယားလိဂ္ဖလား၁၀ႀကိမ္ဆြတ္ခူးခဲ့ရာမွာအမ်ားဆုံး ၁ပြဲတည္းသာရႈံးပါတယ္။

ဖာဂူဆန္လက္ထက္၁၉၉၉-၂၀တုန္းကအဖြင့္ပြဲ၇ပြဲမွာ၆ပြဲႏိုင္၊၁ပြဲသေရရရွိၿပီးရမွတ္၁၉မွတ္ရရွိကာသူကိုင္တြယ္ခဲ့တဲ့၂၇ႏွစ္အတြင္းအေကာင္းဆုံးတာထြက္ပိုင္ဆိုင္ခဲ့ပါတယ္။ယင္းရာသီမွာဖာဂူဆန္ရဲ႕မန္ယူဟာရမွတ္၉၁မွတ္အထိရရွိၿပီးခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ဆိုးလ္ရွားရဲ႕မန္ယူစတားမ်ားအေပၚသတိေပးေျပာၾကားမႈကမွန္ကန္ေနတာေတြ႕ရပါတယ္။

မန္ယူဟာလာမယ့္ဩဂုတ္လ၁၄ရက္ေန႔မွာအိုးထရက္ဖို႔ဒ္မွာလိဒ္ကိုဧည့္ခံကစားၿပီးရာသီသစ္စတင္ရပါမယ္။ၿပီးရင္မန္ယူဟာေဆာက္သမ္တန္(အေဝး)၊ဝုဗ္(အေဝး)၊နယူးကာဆယ္(အိမ္)၊ဝက္စ္ဟမ္း(အေဝး)၊ဗီလာ(အိမ္)၊အဲဗာတန္(အိမ္)စသျဖင့္အဖြင့္ပြဲ၇ပြဲရင္ဆိုင္ရပါမယ္။

ဒါေၾကာင့္မန္ယူအတြက္ရာသီအစ၇ပြဲကအရမ္းကိုခက္ခဲမေနပါဘူး။မန္ယူအေနျဖင့္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္မယ့္အခြင့္အေရးဖမ္းဆုပ္ႏိုင္ဖို႔အတြက္ရာသီအစတာထြက္ေကာင္းဖို႔ကအလြန္အေရးပါေနတာနဲ႔အညီ တာထြက္ေကာင္းဖို႔အစြမ္းကုန္ႀကိဳးပမ္းရပါမယ္။