သမိုင်းကြောင်းအရ ရာသီအကုန်မှာ အဆင့် ၄ တက် ပိုရဖို့မရှိတဲ့ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားခံစစ်ပိုင်ဆိုင်ထားတဲ့ ဂျူဗင်တပ်
ဂျူဗင်တပ်ရဲ့ရာသီအစရလဒ်ဆိုးရွားမှုကတစစဆိုးသထက်ဆိုးရွားနေပါတယ်။ဂျူဗင်တပ်ဟာစီးရီးအေပွဲ၁၁အပြီးမှာ၄ပွဲအထိရှုံးနိမ့်ထားပါတယ်။
၎င်းတို့ဟာဆက်စ်ဆူလိုနှင့်ဗီရိုနာတို့ကိုဆက်တိုက်ရှုံးနိမ့်ထားပြီးထိပ်ဆုံးမှနာပိုလီ၊မီလန်တို့နှင့်ရမှတ်၁၃မှတ်အထိကွာဟနေပါတယ်။တကယ်လို့မီလန်နှင့်နာပိုလီသာဒီညပွဲမှာအနိုင်ရသွားမယ်ဆိုရင်၁၆မှတ်အထိကွာဟလာပါမယ်။
သမိုင်းကြောင်းအရဂျူဗင်တပ်ဟာစီးရီးအေ၁၁ပွဲအပြီးမှာရှုံးပွဲ၄ပွဲကြုံရတိုင်း ရာသီသိမ်းချိန်မှာအဆင့်၄ထက်ပိုကောင်းတဲ့အဆင့်မျိုးမရခဲ့ကြောင်းတွေ့ရပါတယ်။ဂျူဗင်တပ်ဟာယခုရာသီမှာစီးရီးအေ၁၁ပွဲကစားချိန်မှာ၄ပွဲနိုင်၊၃ပွဲသရေ၊၄ပွဲရှုံးထားပါတယ်။
ဂျူဗင်တပ်ဟာ၁၉၄၁-၄၂၊၁၉၆၈-၆၉၊၁၉၇၀-၇၁ရာသီများတုန်းကလည်းယင်းသို့အခြေအနေမျိုးကြုံခဲ့ကာအဆင့်၄ထက်ပိုပြီးရပ်တည်နိုင်ခဲ့ခြင်းမရှိပါဘူး။
တကယ်တော့ယခုရာသီကဂျူဗင်တပ်သမိုင်းမှာအဆိုးရွားဆုံးရာသီမဟုတ်သေးပါဘူး။ဂျူဗင်တပ်ဟာ၁၉၆၁-၆၂ရာသီတုန်းကပွဲစဉ်၁၀ပြီးချိန်မှာ၄ပွဲရှုံးတာမျိုး၊၁၉၃၈-၃၉ရာသီနှင့်၁၉၈၇-၈၈ရာသီတို့မှာစီးရီးအေပွဲစဉ်၉ပြီးချိန်မှာ၄ပွဲရှုံးတာနဲ့ကြုံရဖူးပါသေးတယ်။
အဆိုးရွားဆုံးကတော့၁၉၄၈-၄၉ရာသီတုန်းကစီးရီးအေ၈ပွဲပြီးချိန်မှာတင်၄ပွဲအထိရှုံးနိမ့်ခဲ့တာပါ။ယင်းရာသီတုန်းကတော့သူတို့ဟာရာသီသိမ်းချိန်မှာအဆင့်၄ရခဲ့ပါတယ်။
တစ်ဖက်မှာဂျူဗင်တပ်ဟာစီးရီးအေပွဲ၁၁ပွဲအပြီးမှာပေးဂိုး၁၅ဂိုးပေးထားရပြီး၁၉၆၁-၆၂ရာသီနောက်ပိုင်းအဆိုးရွားခံစစ်ပိုင်ဆိုင်ထားပါတယ်။ယင်းရာသီတုန်းကဂျူဗင်တပ်ဟာရာသီသိမ်းချိန်မှာအဆင့်၁၂နေရာမှာရပ်တည်တဲ့အထိဆိုးရွားခဲ့ပါတယ်။
ZawGyi
သမိုင်းကြောင်းအရဂျူဗင်တပ်ဟာစီးရီးအေ၁၁ပွဲအပြီးမှာရှုံးပွဲ၎ပွဲကြုံရတိုင်း ရာသီသိမ်းချိန်မှာအဆင့်၎ထက်ပိုကောင်းတဲ့အဆင့်မျိုးမရခဲ့ကြောင်းတွေ့ရပါတယ်။ဂျူဗင်တပ်ဟာယခုရာသီမှာစီးရီးအေ၁၁ပွဲကစားချိန်မှာ၎ပွဲနိုင်၊၃ပွဲသရေ၊၄ပွဲရှုံးထားပါတယ်။
ဂျူဗင်တပ်ဟာ၁၉၄၁-၄၂၊၁၉၆၈-၆၉၊၁၉၇၀-၇၁ရာသီများတုန်းကလည်းယင်းသို့အခြေအနေမျိုးကြုံခဲ့ကာအဆင့်၎ထက်ပိုပြီးရပ်တည်နိုင်ခဲ့ခြင်းမရှိပါဘူး။
အဆိုးရွားဆုံးကတော့၁၉၄၈-၄၉ရာသီတုန်းကစီးရီးအေ၈ပွဲပြီးချိန်မှာတင်၎ပွဲအထိရှုံးနိမ့်ခဲ့တာပါ။ယင်းရာသီတုန်းကတော့သူတို့ဟာရာသီသိမ်းချိန်မှာအဆင့်၎ရခဲ့ပါတယ်။