သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအရှိဆုံးကစားသမား ၅၀ ဦစာရင်း ထွက်ပေါ်လာ

ဗေ့ဗ်အင်ဒါဆင်ဟာဘောလုံးသမိုင်းတစ်လျှောက် လွှမ်းမိုးမှုအများဆုံးကစားသမားအဖြစ် ခရစ္စတီယာနိုရော်နယ်ဒို၊လီယွန်နယ်မက်ဆီ၊ဒေးဗစ်ဘက်ဟမ်း၊ရော်နယ်ဒင်ဟိုတို့နှင့်အတူ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အသက်၆၅နှစ်ရှိနောက်ခံလူဟောင်းဟာနော်ဝင်ဟမ်ဖောရက်စ်အသင်းတွင်ဘရိုင်ယန်ကလောက်ချ်လက်အောက်တွင်ဥရောပဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်တွင်ဆယ်စုနှစ်တစ်ခုကြာကစားခဲ့တဲ့အင်ဒါဆင်ဟာအာဆင်နယ်၊မန်ချက်စတာယူနိုက်တက်၊ရှက်ဖီးလ်ဝင်းနက်စ်ဒေးအသင်းတို့တွင်လည်းကစားခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင်သူဟာအင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းတွင်အင်္ဂလန်အတွက်ကစားခွင့်ရရှိတဲ့ပထမဆုံးလူမည်းကစားသမားလည်းဖြစ်ပါတယ်။

ဘောလုံးသမိုင်းတွင်လွှမ်းမိုးအရှိဆုံးကစားသမားငါးဆယ်ဦးစာရင်းကို Four Four Two ပြုစုထုတ်ပြန်ခဲ့တာဖြစ်ပြီးဇီဒန်း၊အန်တိုနီပါနန်ကာ၊ဒီယေဂိုမာရာဒိုနာ၊ပီလီ၊ဂျိုဟန်ခရိုက်ဖ်တို့လည်းပါဝင်ပါတယ်။

Four Four Two မဂ္ဂဇင်းရဲ့ဘောလုံးသမိုင်းတစ်လျှောက်လွှမ်းမိုးမှုအများဆုံးကစားသမား၅၀စာရင်းတွင်ပါဝင်ကြသူများမှာဗေ့ဗ်အင်ဒါဆင်၊ဟိုဆေးအင်ဒရာဒီ၊အော်စီအာဒဲလ်၊ဖရန်ကိုဘရဲစီ၊ဂျော့ဘတ်ရှ်၊ဂျိန်းမာ့ခ်ဘော့စမန်၊အဲရစ်ကန်တိုနာ၊အေမာဒီယိုကာရီဇီယို၊ဂျွန်ချားလ်၊ဂျိုဟန်ခရိုက်ဖ်၊အယ်ဖရီဒီယိုဒီစတီဖာနို၊အူစီဘီယို၊ဂျီယာစင်တိုဖာချက်တီ၊ရီယိုဖာဒီနန်၊ထရီဗော်ဖရန်ဆစ်၊ဂါရင်ချာ၊ဂူလာဂရိုဆစ်၊မီယာဟမ်း၊သီယာရီဟင်နရီ၊နန်ဒိုဟိုင်ဒက်ဂူတီ၊အင်ဒရေအင်နီယေစတာ၊ဖီးလစ်လမ်း၊မက်ခီလီလီ၊ဒီယေဂိုမာရာဒိုနာ၊မာတာ၊စတန်လေမက်သရူး၊ဘေးလ်မက်ခရစ်ကင်၊လီယွန်နယ်မက်ဆီ၊သောမတ်စ်မူလာ၊နာကာတာ၊မန်နူရယ်နူအာ၊နေမာ၊အန်တိုနီယိုပါနန်ကာ၊ပီလီ၊အင်ဒရေပီယာလို၊ရော်နယ်ဒင်ဟို၊ခရစ္စတီယာနိုရော်နယ်ဒို၊ရော်နယ်ဒို၊နီလ်တိုဆန်းတို့စ်၊မားသီးယပ်စ်ဆင်ကလဲယား၊ကယ်လီစမစ်၊ဖရန်ဆစ္စကိုတော့တီ၊ဂျောမီဗာဒီ၊ကားလို့စ်ဗိုလန်တီ၊ဂျော့ဝီယာ၊အီရန်ရိုက်၊လက်ဗ်ယာရှင်၊ဇီဒန်းတို့တို့ဖြစ်ကြပါတယ်။

ZawGyi



အသက်၆၅နှစ်ရှိနောက်ခံလူဟောင်းဟာနော်ဝင်ဟမ်ဖောရက်စ်အသင်းတွင်ဘရိုင်ယန်ကလောက်ခ်ျလက်အောက်တွင်ဥရောပဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။



