သမိုင်းတစ်လျှောက်အကောင်းဆုံးဇီဒန်းလို့ ဇီဒန်းအစ်ခ်ဘောကို ယူနိုက်တက်ပရိသတ်များချီးကျူးနေ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာအင်္ဂါနေ့ညတုန်းကလီဗာပူးနှင့်ရာသီကြိုခြေစမ်းပွဲတွင်ခြေစွမ်းပြကစားခဲ့တဲ့ဇီဒန်းအစ်ခ်ဘောကို သမိုင်းတစ်လျှောက်အကောင်းဆုံးဇီဒန်းလို့ချီးကျူးပြောကြားနေကြပါတယ်။

ယူနိုက်တက်ဟာမနေ့ညတုန်းကဘန်ကောက်ရှိရာဇမင်္ဂလာကွင်းတွင်ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးနှင့်ရာသီကြိုခြေစမ်းပွဲကစားခဲ့ပြီး၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အစ်ခ်ဘောဟာဒုတိယပိုင်းတွင်ယူနိုက်တက်ကလီဗာပူးက၃-၀ဂိုးဖြင့်အနိုင်ရနေချိန်တွင်ဖရက်အစားလူစားဝင်ရောက်ကစားခဲ့ပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာဆန်ချို၊ဖရက်၊မာရှယ်တို့ရဲ့သွင်းဂိုးများနှင့်လီဗာပူးကိုပထမပိုင်းမှာ၃-၀ဂိုးဖြင့်အနိုင်ရနေခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ပရိသတ်များဟာဒုတိယပိုင်းတွင်လူစားဝင်ရောက်ကစားတဲ့ဇီဒန်းအစ်ခ်ဘောရဲ့ခြေစွမ်းကိုအထူးတလည်ချီးကျူးနေပြီအချို့က သမိုင်းတစ်လျှောက်အကောင်းဆုံးဇီဒန်းလို့တောင်ပြောနေကြပါတယ်။

ပရိသတ်တစ်ဦးက “ဇီဒန်းအစ်ခ်ဘောကိုမြင်တော့တီယာဂို(လီဗာပူးစတား)ငယ်ငယ်တုန်းကကိုသွားသတိရတယ်။တကယ်ပဲကောင်းလွန်းလှတယ်”လို့ပြောကြားသွားပါတယ်။

အခြားတစ်ဦးက “သူ့အမည်ကိုဇီဒန်းအစ်ခ်ဘောလို့မှည့်ခေါ်ကတည်းကသူ့မှာဘောလုံးမာစတာတစ်ဦးဖြစ်အောင်လုပ်ရမယ့်တာဝန်ကရှိနေပါပြီ”လို့ဆိုသွားပါတယ်။

အခြားယူနိုက်တက်ပရိသတ်တစ်ဦးကလည်း “ဇီဒန်းအစ်ခ်ဘောကတကယ့်ဘီလူးကြီးပါ။အံ့ဩစရာကောင်းလွန်းလှတဲ့ကစားသမားတစ်ဦးပါ။အကောင်းဆုံးဇီဒန်းဖြစ်လာမယ့်သူပါ”လို့ဆိုသွားပါတယ်။

အစ်ခ်ဘောဟာအီရန်လက်ရွေးစင်အသင်းအတွက်ကစားနေသူဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အတွက်ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

သူဟာလာမယ့်ဘောလုံးရာသီတွင်အဲရစ်တန်ဟက်လက်အောက်တွင်ကစားခွင့်ပိုမိုရရှိလာဖို့ရှိနေပါတယ်။

ZawGyi

သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးဇီဒန္းလို႔ ဇီဒန္းအစ္ခ္ေဘာကို ယူႏိုက္တက္ပရိသတ္မ်ားခ်ီးက်ဴးေန

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာအဂၤါေန႔ညတုန္းကလီဗာပူးႏွင့္ရာသီႀကိဳေျခစမ္းပြဲတြင္ေျခစြမ္းျပကစားခဲ့တဲ့ဇီဒန္းအစ္ခ္ေဘာကို သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးဇီဒန္းလို႔ခ်ီးက်ဴးေျပာၾကားေနၾကပါတယ္။

ယူႏိုက္တက္ဟာမေန႔ညတုန္းကဘန္ေကာက္ရွိရာဇမဂၤလာကြင္းတြင္ခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူးႏွင့္ရာသီႀကိဳေျခစမ္းပြဲကစားခဲ့ၿပီး၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အစ္ခ္ေဘာဟာဒုတိယပိုင္းတြင္ယူႏိုက္တက္ကလီဗာပူးက၃-၀ဂိုးျဖင့္အႏိုင္ရေနခ်ိန္တြင္ဖရက္အစားလူစားဝင္ေရာက္ကစားခဲ့ပါတယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာဆန္ခ်ိဳ၊ဖရက္၊မာရွယ္တို႔ရဲ႕သြင္းဂိုးမ်ားႏွင့္လီဗာပူးကိုပထမပိုင္းမွာ၃-၀ဂိုးျဖင့္အႏိုင္ရေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ပရိသတ္မ်ားဟာဒုတိယပိုင္းတြင္လူစားဝင္ေရာက္ကစားတဲ့ဇီဒန္းအစ္ခ္ေဘာရဲ႕ေျခစြမ္းကိုအထူးတလည္ခ်ီးက်ဴးေနၿပီအခ်ိဳ႕က သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးဇီဒန္းလို႔ေတာင္ေျပာေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ဇီဒန္းအစ္ခ္ေဘာကိုျမင္ေတာ့တီယာဂို(လီဗာပူးစတား)ငယ္ငယ္တုန္းကကိုသြားသတိရတယ္။တကယ္ပဲေကာင္းလြန္းလွတယ္”လို႔ေျပာၾကားသြားပါတယ္။

အျခားတစ္ဦးက “သူ႔အမည္ကိုဇီဒန္းအစ္ခ္ေဘာလို႔မွည့္ေခၚကတည္းကသူ႔မွာေဘာလုံးမာစတာတစ္ဦးျဖစ္ေအာင္လုပ္ရမယ့္တာဝန္ကရွိေနပါၿပီ”လို႔ဆိုသြားပါတယ္။

အျခားယူႏိုက္တက္ပရိသတ္တစ္ဦးကလည္း “ဇီဒန္းအစ္ခ္ေဘာကတကယ့္ဘီလူးႀကီးပါ။အံ့ဩစရာေကာင္းလြန္းလွတဲ့ကစားသမားတစ္ဦးပါ။အေကာင္းဆုံးဇီဒန္းျဖစ္လာမယ့္သူပါ”လို႔ဆိုသြားပါတယ္။

အစ္ခ္ေဘာဟာအီရန္လက္ေ႐ြးစင္အသင္းအတြက္ကစားေနသူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီတုန္းကယူႏိုက္တက္အတြက္ပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

သူဟာလာမယ့္ေဘာလုံးရာသီတြင္အဲရစ္တန္ဟက္လက္ေအာက္တြင္ကစားခြင့္ပိုမိုရရွိလာဖို႔ရွိေနပါတယ္။