သမိုင်းတစ်လျှောက်အကောင်းဆုံးအဆုံးသတ်သမားအဖြစ် ခရစ္စတီယာနိုရော်နယ်ဒိုကင်ပွန်းတပ်ခံရ

ခရစ္စတီယာနိုရော်နယ်ဒိုမှာသမိုင်းတစ်လျှောက်အကောင်းဆုံးအဆုံးသတ်သမားအဖြစ်ကြောင်းဂျူဗင်တပ်ကစား ဖော်ဟောင်းအင်ဒရေဘဇာဂလီကကင်ပွန်းတပ်ပြောကြားလိုက်ပါတယ်။

အီတလီနောက်ခံလူဟာ၂၀၁၉ခုနှစ်တွင်ကစားသမားဘဝမှအနားမယူမီ Ballon d’Or ငါးကြိမ်ရခရစ္စတီယာနို ရော်နယ်ဒိုနှင့်လအတန်ကြာတွဲကစားခဲ့သူလည်းဖြစ်ပါတယ်။ဘဇာဂလီဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဆာလောင်မှု၊ဂိုးရှေ့တွင်အစွမ်းကုန်ကြိုးပမ်းမှုတို့အတွက်ချီးကျူးသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘဇာဂလီက “ဘယ်တိုက်စစ်မှူးကကျွန်တော့်ကိုအခက်ခဲဆုံးဖြစ်အောင်လုပ်လဲ?ခရစ္စတီယာနိုရော်နယ်ဒိုကကျွန် တော်တို့နဲ့တွေ့တိုင်းဂိုးသွင်းတာကြောင့်သူကိုရင်ဆိုင်ရတာအခက်ခဲဆုံးပါ။ဒရော့ဘာကလည်းမွေးရာပါတိုက်ပွဲဝင် သူတစ်ဦးဖြစ်ပါတယ်။ရော်နယ်ဒိုလား?သူကသမိုင်းတစ်လျှောက်အကောင်းဆုံးအဆုံးသတ်သမားပါ။နည်းလမ်း ပေါင်းစုံနဲ့ဂိုးသွင်းတယ်။သူ့ဂိုးမှတ်တမ်းကိုကြည့်ရင်သိနိုင်ပါတယ်။သူကအကြောက်အလန့်မဲ့တယ်။ဆာလောင်မှုက လည်းအင်မတန်ကြီးမားတယ်”လို့ပြောကြားသွားပါတယ်။

ဘဇာဂလီဟာ၂၀၁၉ခုနှစ်တွင်ကစားသမားဘဝမှအနားယူပြီးနောက်နည်းပြဆာရီလက်အောက်တွင်ဂျူဗင်တပ်ခံစစ်နည်းပြအဖြစ်တစ်ရာသီနီးပါးတာဝန်ထမ်းဆောင်ပြီးနောက်မေလတွင်ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များ ဖြင့်နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။သူဟာဂျူဗင်တပ်နှင့်အတူစကူဒက်တိုဖလား၈ကြိမ်ဆွတ်ခူးခဲ့ပြီးအီတလီနှင့်အတူ ၂၀၀၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးအဆုံးသတ္သမားအျဖစ္ ခရစၥတီယာႏိုေရာ္နယ္ဒိုကင္ပြန္းတပ္ခံရ

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးအဆုံးသတ္သမားအျဖစ္ေၾကာင္းဂ်ဴဗင္တပ္ကစား ေဖာ္ေဟာင္းအင္ဒေရဘဇာဂလီကကင္ပြန္းတပ္ေျပာၾကားလိုက္ပါတယ္။

အီတလီေနာက္ခံလူဟာ၂၀၁၉ခုႏွစ္တြင္ကစားသမားဘဝမွအနားမယူမီ Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏို ေရာ္နယ္ဒိုႏွင့္လအတန္ၾကာတြဲကစားခဲ့သူလည္းျဖစ္ပါတယ္။ဘဇာဂလီဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဆာေလာင္မႈ၊ဂိုးေရွ႕တြင္အစြမ္းကုန္ႀကိဳးပမ္းမႈတို႔အတြက္ခ်ီးက်ဴးသြားခဲ့တာလည္းျဖစ္ပါတယ္။

ဘဇာဂလီက “ဘယ္တိုက္စစ္မႉးကကြၽန္ေတာ့္ကိုအခက္ခဲဆုံးျဖစ္ေအာင္လုပ္လဲ?ခရစၥတီယာႏိုေရာ္နယ္ဒိုကကြၽန္ ေတာ္တို႔နဲ႔ေတြ႕တိုင္းဂိုးသြင္းတာေၾကာင့္သူကိုရင္ဆိုင္ရတာအခက္ခဲဆုံးပါ။ဒေရာ့ဘာကလည္းေမြးရာပါတိုက္ပြဲဝင္ သူတစ္ဦးျဖစ္ပါတယ္။ေရာ္နယ္ဒိုလား?သူကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးအဆုံးသတ္သမားပါ။နည္းလမ္း ေပါင္းစုံနဲ႔ဂိုးသြင္းတယ္။သူ႔ဂိုးမွတ္တမ္းကိုၾကည့္ရင္သိႏိုင္ပါတယ္။သူကအေၾကာက္အလန႔္မဲ့တယ္။ဆာေလာင္မႈက လည္းအင္မတန္ႀကီးမားတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘဇာဂလီဟာ၂၀၁၉ခုႏွစ္တြင္ကစားသမားဘဝမွအနားယူၿပီးေနာက္နည္းျပဆာရီလက္ေအာက္တြင္ဂ်ဴဗင္တပ္ခံစစ္နည္းျပအျဖစ္တစ္ရာသီနီးပါးတာဝန္ထမ္းေဆာင္ၿပီးေနာက္ေမလတြင္ကိုယ္ေရးကိုယ္တာအေၾကာင္းျပခ်က္မ်ား ျဖင့္ႏုတ္ထြက္ခဲ့သူျဖစ္ပါတယ္။သူဟာဂ်ဴဗင္တပ္ႏွင့္အတူစကူဒက္တိုဖလား၈ႀကိမ္ဆြတ္ခူးခဲ့ၿပီးအီတလီႏွင့္အတူ ၂၀၀၆ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။