သမိုင်းတစ်လျှောက်အမြင့်ဆုံးနေရာသို့ ရောက်ပြီးမှ အဆင့်ပြန်ကျလာမယ့် အင်္ဂလန်

အင်္ဂလန်အသင်းဟာဟန်ဂရီအသင်းနှင့်သရေကျခဲ့မှုနဲ့အတူဖီဖာရဲ့အောက်တိုဘာလအတွက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်အဆင့်၅သို့ကျဆင်းလတော့မှာဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာပြီးခဲ့တဲ့လတုန်းကသမိုင်းတစ်လျှောက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်အမြင့်ဆုံးအဆင့်အဖြစ် အဆင့်၃နေရာသို့အထိတက်လှမ်းနိုင်ခဲ့ပါတယ်။

ဖီဖာအဆင့်သတ်မှတ်ချက်အဆင့်၃နေရာကိုနေးရှင်းလိဂ်ချန်ပီယံပြင်သစ်အသင်းကရယူလာမှာဖြစ်ပြီးအဆင့်၄နေရာကိုယူရိုချန်ပီယံအီတလီကရယူလာပါမယ်။

ဖီဖာကမ္ဘာ့အဆင့်၁နေရာကိုသုံးနှစ်ကျော်ကြာရယူလာခဲ့တဲ့ဘယ်လ်ဂျီယံဟာပြင်သစ်နှင့်အီတလီတို့ကိုဆက်တိုက်ရှုံးနိမ့်ပေမယ့်နေရာကိုဆက်လက်ရယူလာပါဦးမယ်။

အင်္ဂလန်အသင်းဟာလာမယ့်လတွင်အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲနှစ်ပွဲမှဖီဖာအဆင့်အတွက်ရမှတ်အမြင့်ဆုံးအဖြစ် ၅မှတ်ရယူနိုင်ပါမယ်။

အင်္ဂလန်အနေဖြင့်ဖီဖာအဆင့်အတွက်၄မှတ်ရယူနိုင်မည်ဆိုပါက၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ဦးစားပေးဆီဒင်ရရှိဖို့သေချာလာပါမယ်။

ZawGyi

သမိုင္းတစ္ေလွ်ာက္အျမင့္ဆုံးေနရာသို႔ ေရာက္ၿပီးမွ အဆင့္ျပန္က်လာမယ့္ အဂၤလန္

အဂၤလန္အသင္းဟာဟန္ဂရီအသင္းႏွင့္သေရက်ခဲ့မႈနဲ႔အတူဖီဖာရဲ႕ေအာက္တိုဘာလအတြက္ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္တြင္အဆင့္၅သို႔က်ဆင္းလေတာ့မွာျဖစ္ပါတယ္။

ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာၿပီးခဲ့တဲ့လတုန္းကသမိုင္းတစ္ေလွ်ာက္ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္တြင္အျမင့္ဆုံးအဆင့္အျဖစ္ အဆင့္၃ေနရာသို႔အထိတက္လွမ္းႏိုင္ခဲ့ပါတယ္။

ဖီဖာအဆင့္သတ္မွတ္ခ်က္အဆင့္၃ေနရာကိုေနးရွင္းလိဂ္ခ်န္ပီယံျပင္သစ္အသင္းကရယူလာမွာျဖစ္ၿပီးအဆင့္၄ေနရာကိုယူ႐ိုခ်န္ပီယံအီတလီကရယူလာပါမယ္။

ဖီဖာကမာၻ႔အဆင့္၁ေနရာကိုသုံးႏွစ္ေက်ာ္ၾကာရယူလာခဲ့တဲ့ဘယ္လ္ဂ်ီယံဟာျပင္သစ္ႏွင့္အီတလီတို႔ကိုဆက္တိုက္ရႈံးနိမ့္ေပမယ့္ေနရာကိုဆက္လက္ရယူလာပါဦးမယ္။

အဂၤလန္အသင္းဟာလာမယ့္လတြင္အယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲႏွစ္ပြဲမွဖီဖာအဆင့္အတြက္ရမွတ္အျမင့္ဆုံးအျဖစ္ ၅မွတ္ရယူႏိုင္ပါမယ္။

အဂၤလန္အေနျဖင့္ဖီဖာအဆင့္အတြက္၄မွတ္ရယူႏိုင္မည္ဆိုပါက၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ဦးစားေပးဆီဒင္ရရွိဖို႔ေသခ်ာလာပါမယ္။