
ဘရာဇီးလက်ရွေးစင်အသင်းဟာယခုနှစ်နှောင်းပိုင်းတွင်သမိုင်းဝင်အရွှေ့တစ်ခုအနေဖြင့်ကွဲပြားတဲ့အရောင်ကိုဝတ်ဆင်ကစားလာတော့မှာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားငါးကြိမ်ချန်ပီယံဘရာဇီးဟာအသင်းသမိုင်းတွင်အဝါရောင်နှင့်အပြာရောင်တို့ကိုသာအင်္ကျီအဖြစ်ဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။
၎င်းတို့ဟာအဝေးကွင်းဝတ်စုံကိုအပြာရောင်ဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ဇူလိုင်လမှာတော့ဘရာဇီးအသင်းဟာကွဲပြားတဲ့အရောင်အဖြစ်အစိမ်းရောင်ဝတ်စုံဝတ်ဆင်ကစားလာတော့မှာဖြစ်ပါတယ်။
ဘရာဇီးဟာArena Amazonia မှာကစားမဲ့ အမည်မသိပြိုင်ဘက်အသင်းတစ်သင်းနှင့်ပွဲစဉ်မှာအစိမ်းရောင်ဝတ်စုံဝတ်ဆင်ကစားလာမှာဖြစ်ပါတယ်။
အစိမ်းရောင်မှာဘရာဇီးရဲ့နိုင်ငံတော်အလံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဘရာဇီးဟာ၂၀၁၄ခုနှစ်နှင့်၂၀၁၇ခုနှစ်တို့တွင်အစိမ်းရောင်အင်္ကျီကြေညာရောင်းချခဲ့ဖူးပါတယ်။
ဒါပေမဲ့ဘရာဇီးအသင်းဟာယင်းအစိမ်းရောင်ဝတ်စုံကိုကွင်းအတွင်းဝတ်ဆင်ခြင်းမရှိဘဲလေ့ကျင့်ခန်းအစီအစဉ်နှင့်ပွဲမတိုင်မီတွင်သာဝတ်ဆင်ပါတယ်။
ယခုအခါမှာတော့ဘရာဇီးအသင်းဟာအမေဇုံတောကြီးထိန်းသိမ်းရေးစီမံကိန်းဖြစ်တဲ့ NGO SOS Amazonia အစိတ်အပိုင်းတစ်ရပ်အဖြစ် သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်အစိမ်းရောင်ဝတ်စုံဖြင့်ကစားလာတော့မှာဖြစ်ပါတယ်။
လက်ရှိအချိန်တွင်အထက်ပါသတင်းနှင့်ပတ်သက်ပြီးဘရာဇီးဘောလုံးအဖွဲ့ချုပ်နှင့်အင်္ကျီထုတ်လုပ်ပေးတဲ့ Nike တို့ကတစုံတရာမှတ်ချက်မပေးသေးပါဘူး။
ဘရာဇီးဟာ၁၉၅၀ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ဥရုဂွေးကိုရှုံးနိမ့်တဲ့အချိန်မတိုင်မီအထိအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ခဲ့တာဖြစ်ပြီးယင်းဗိုလ်လုပွဲမှစတင်ကာအဝါရောင်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
ZawGyi
သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ကြဲျပားတဲ့အေရာင္ဝတ္ဆင္လာမဲ့ ဘရာဇီး
ဘရာဇီးလက္ေ႐ြးစင္အသင္းဟာယခုႏွစ္ေႏွာင္းပိုင္းတြင္သမိုင္းဝင္အေ႐ႊ႕တစ္ခုအေနျဖင့္ကြဲျပားတဲ့အေရာင္ကိုဝတ္ဆင္ကစားလာေတာ့မွာျဖစ္ပါတယ္။
ကမာၻ႔ဖလားငါးႀကိမ္ခ်န္ပီယံဘရာဇီးဟာအသင္းသမိုင္းတြင္အဝါေရာင္ႏွင့္အျပာေရာင္တို႔ကိုသာအက်ႌအျဖစ္ဝတ္ဆင္လာခဲ့တာျဖစ္ပါတယ္။
၎တို႔ဟာအေဝးကြင္းဝတ္စုံကိုအျပာေရာင္ဝတ္ဆင္လာခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ဇူလိုင္လမွာေတာ့ဘရာဇီးအသင္းဟာကြဲျပားတဲ့အေရာင္အျဖစ္အစိမ္းေရာင္ဝတ္စုံဝတ္ဆင္ကစားလာေတာ့မွာျဖစ္ပါတယ္။
ဘရာဇီးဟာArena Amazonia မွာကစားမဲ့ အမည္မသိၿပိဳင္ဘက္အသင္းတစ္သင္းႏွင့္ပြဲစဥ္မွာအစိမ္းေရာင္ဝတ္စုံဝတ္ဆင္ကစားလာမွာျဖစ္ပါတယ္။
အစိမ္းေရာင္မွာဘရာဇီးရဲ႕ႏိုင္ငံေတာ္အလံရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ဘရာဇီးဟာ၂၀၁၄ခုႏွစ္ႏွင့္၂၀၁၇ခုႏွစ္တို႔တြင္အစိမ္းေရာင္အက်ႌေၾကညာေရာင္းခ်ခဲ့ဖူးပါတယ္။
ဒါေပမဲ့ဘရာဇီးအသင္းဟာယင္းအစိမ္းေရာင္ဝတ္စုံကိုကြင္းအတြင္းဝတ္ဆင္ျခင္းမရွိဘဲေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပြဲမတိုင္မီတြင္သာဝတ္ဆင္ပါတယ္။
ယခုအခါမွာေတာ့ဘရာဇီးအသင္းဟာအေမဇုံေတာႀကီးထိန္းသိမ္းေရးစီမံကိန္းျဖစ္တဲ့ NGO SOS Amazonia အစိတ္အပိုင္းတစ္ရပ္အျဖစ္ သမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္အစိမ္းေရာင္ဝတ္စုံျဖင့္ကစားလာေတာ့မွာျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္အထက္ပါသတင္းႏွင့္ပတ္သက္ၿပီးဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္အက်ႌထုတ္လုပ္ေပးတဲ့ Nike တို႔ကတစုံတရာမွတ္ခ်က္မေပးေသးပါဘူး။
ဘရာဇီးဟာ၁၉၅၀ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ဥ႐ုေဂြးကိုရႈံးနိမ့္တဲ့အခ်ိန္မတိုင္မီအထိအျဖဴေရာင္ဝတ္စုံကိုဝတ္ဆင္ခဲ့တာျဖစ္ၿပီးယင္းဗိုလ္လုပြဲမွစတင္ကာအဝါေရာင္ဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။