သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ၁၀၀ စာရင်းထွက်ပေါ်လာ၊ ရော်နယ်ဒို နံပါတ် ၃၊ ပီလီ နံပါတ် ၄ ရပ်တည်ကာ နေမာမပါဝင်
သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားကဘယ်သူလဲဆိုတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးကမ္ဘာတလွှားဝိဝါဒကွဲပြားလာခဲ့တာနှစ်ပေါင်းများစွာကြာမြင့်လာပြီဖြစ်ပါတယ်။
သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားနှင့်ပတ်သက်ပြီး အဓိကဝိဝါဒကွဲပြားတာကတော့ လီယွန်နယ်မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒို၊ပီလီ၊ မာရာဒိုနာတို့နှင့်ပတ်သက်ပြီးဖြစ်တာပါ။
ဒါပေမဲ့တကယ်တော့သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားနဲ့ပတ်သက်ပြီးအငြင်းပွားရမယ့်အခြားကစားသမားတွေလည်းရှိပါသေးတယ်။ဥပမာဇီဒန်း၊ဘရာဇီးဂန္ထဝင်ရော်နယ်ဒို၊ဂတ်မူလာ၊ဂျိုဟန်ခရိုက်ဖ်၊ဂျော့ဘတ်က်စ်တို့ပါ။
အခု‌ FourFourTwo ကသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား၁၀၀စာရင်းကိုအဆင့်နှင့်ထုတ်ပြန်လာပါတယ်။
FourFourTwo ကဖော်ပြလာတဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးသမား ၁၀၀မှ ၁၀ဦးစာရင်းကိုဦးဆောင်နေတာလီယွန်နယ်မက်ဆီဖြစ်ပါတယ်။မာရာဒိုနာကနံပါတ်၂နေရာမှာရပ်တည်နေပြီးခရစ္စတီယာနိုရော်နယ်ဒိုကနံပါတ်၃နေရာမှာရပ်တည်နေပါတယ်။
ပီလီကနံပါတ်၄နေရာမှာရပ်တည်နေပြီးဇီဒန်းကအဆင့်၅နေရာမှာရပ်တည်နေပါတယ်။နံပါတ်၆နေရာမှာဂျိုဟန်ခရိုက်ဖ်ကလည်းကောင်း၊နံပါတ်၇နေရာမှာဂျော့ဘတ်စ်ကလည်းကောင်း၊အဆင့်၈နေရာမှာဘက်ကင်ဘောင်ဝါကလည်းကောင်း၊အဆင့်၉နေရာမှာဖီရင့်ပွတ်ရှ်ကပ်စ်ကလည်းကောင်း၊အဆင့်၁၀နေရာမှာရော်နယ်ဒိုကလည်းကောင်းရပ်တည်နေတာတွေ့ရပါတယ်။
ZawGyi