သမိုင်းတစ်လျှောက် အလှပဆုံး Own Goal ကို သွင်းမိလုနီးပါးဖြစ်ခဲ့တဲ့ ဘရက်စ်ဂိုးသမား

ဘရက်စ်ဂိုးသမားဂူတီယာလာဆင်နီယာဟာဘောလုံးသမိုင်းတွင်ဂိုးသမားသွင်းမိတဲ့အဆိုးရွားဆုံး Own Goal ကို သွင်းမိလုနီးပါးအနေအထားသို့အထိဖြစ်ခဲ့ပါတယ်။

ပြင်သစ်ဂိုးသမားဟာမနေ့ညတုန်းကနိုက်စ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပြင်သစ်လီဂူး၁ပွဲစဉ်မှာကိုယ့်ဂိုးကိုယ်သွင်းမိလု နီးပါးအနေအထားနဲ့ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ယင်းပွဲမှာဘရက်စ်ဟာပွဲချိန်၂၈မိနစ်အတွင်းမှာဘဲစတိဗ်မူနီနှင့်ဖရန့်ဟိုနိုရက်တို့သွင်းယူတဲ့ဂိုးနဲ့ နိုက်စ်ကို ဦးဆောင် ထားနိုင်ခဲ့ပါတယ်။

ပွဲချိန်၃၅မိနစ်မှာပြင်သစ်ဂိုးသမားထံသို့အလယ်တန်းကစားသမားပေါလ်လာစနီကဘောလုံးပြန်ပေးခဲ့ပါတယ်။ဂိုးသ မားဟာပြိုင်ဘက်ကစားသမားရဲ့ဖိအားပေးခံရမှု၊ထောင့်ကန်ဘောမပေးရလိုတို့နဲ့အတူဘောလုံးကိုရှင်းထုတ်ရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့်သူကန်လိုက်တဲ့ဘောလုံးကကန်ချက်မမှန်မှုကြောင့်ဂိုးတိုင်နဲ့ကိုထိသွားခဲ့ပြီးသမိုင်းတစ်လျှောက် အလှပဆုံးOwn Goal ဖြစ်ဖို့ တစ်လက်မကလေးဘဲလိုတဲ့အနေအထားနဲ့ကြုံခဲ့ရပါတယ်။ပြန်အံထွက်လာတဲ့ ဘောလုံးကိုနိုက်စ်တိုက်စစ်မှူးကကန်ဖို့ကြိုးပမ်းခဲ့ပေမယ့်ဘရက်စ်ခံစစ်မှုးရဲ့တားဆီးမှုကြောင့်ဂိုးသမားဟာ အလွယ်တကူဘဲဖမ်းမိနိုင်ခဲ့ပါတယ်။

ယင်းအချိန်ကျမှဂိုးသမားဟာလည်းစပ်ဖြဲဖြဲအပြုံးဖြင့်သူ့အမှားကိုကာကွယ်နိုင်ဖို့ကြိုးပမ်းခဲ့ပါတော့တယ်။ကံကောင်းစွာဘဲဘရက်စ်ဟာနောက်ထပ်ဂိုးမပေးရဘဲ၂-၀ဂိုးနဲ့ဘဲအနိုင်ရရှိခဲ့ပါတယ်။

ZawGyi






