
လီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလား၊ချန်ပီယံလိဂ်ဖလားနှင့်Ballon d’Orတို့ကိုဆွတ်ခူးထားနိုင်တဲ့၉ဦးမြောက်ကစားသမားဖြစ်လာပါတယ်။
မက်ဆီဟာမနေ့ညတုန်းကပြင်သစ်ကိုပွဲချိန်အတွင်း၃ဂိုးစီသရေကျကာပင်နယ်တီအဆုံးအဖြတ်ဖြင့်အာဂျင်တီးနားတို့ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားတဲ့ပွဲတွင် ၂ဂိုးသွင်းခဲ့တဲ့အပြင်ပင်နယ်တီအဆုံးအဖြတ်တွင်လည်းပင်နယ်တီကန်သွင်းခဲ့ပါတယ်။
မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၇ဂိုးသွင်းထားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား၅ကြိမ်ဆက်ကစားခဲ့ရာမှာ၂၆ပွဲကစားခဲ့တွင်၁၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။
မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် Golden Boot မရရှိပေမဲ့လည်း အကောင်းဆုံးကစားသမားဆု Golden Ball ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မက်ဆီဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပါဝင်ကစားပြီးနောက်လိုသာမားသီးယပ်စ်ရဲ့ကမ္ဘာ့ဖလားပွဲအများဆုံးစံချိန်ကိုလည်းရိုက်ချိုးနိုင်ခဲ့ပါတယ်။
ဒါ့အပြင်မက်ဆီဟာချန်ပီယံလိဂ်ဖလား၊ကမ္ဘာ့ဖလားနှင့် Ballon d’Or ဆုကိုဆွတ်ခူးနိုင်တဲ့ ၉ဦးမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
မက်ဆီမတိုင်မီ ကမ္ဘာ့ဖလား၊ချန်ပီယံလိဂ်ဖလားနှင့်Ballon d’Or တို့ကိုဆွတ်ခူးနိုင်ခဲ့ကြသူများမှာဘော်ဘီချာလ်တန်၊ဖရန့်ဘက်ကင်ဘောင်ဝါ၊ဂတ်မူလာ၊ပါအိုလိုရော့စီ၊ဇီဒန်း၊ရီဗယ်ဒို၊ရော်နယ်ဒင်ဟို၊ကာကာတို့ဖြစ်ကြပါတယ်။
ZawGyi
သမိုင်းတွင် ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်နှင့် Ballon d’Or တို့ကို ဆွတ်ခူးနိုင်တဲ့ ၉ ဦးမြောက်ကစားသမားဖြစ်လာတဲ့ မက်ဆီ