
မာဇူယိုရှီမူရာဟာသမိုင်းတွင်အသက်အကြီးဆုံးဘောလုံးကစားနေဆဲ ပရော်ဖက်ရှင်ဂိုးသွင်းယူသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလာပါတယ်။
ဂျပန်စတားဟာဆူဇူကီးပွိုင့်ဂက်တားအတွက်ပင်နယ်တီကနေတဆင့်ဂိုးသွင်းယူပြီးနောက်ဘောလုံးသမိုင်းစာအုပ်တွင်သမိုင်းမှတ်တမ်းရေးထိုးလာတာလည်းဖြစ်ပါတယ်။
သူဟာဆူဇူကီးပွိုင့်ဂက်တားရရှိတဲ့ပင်နယ်တီကိုညာထောင့်သို့ကန်သွင်းပြီးအသက်အကြီးဆုံးဂိုးသွင်းယူသူဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
မူရာဟာအသက်၅၅နှစ်နှင့်၂၄၆ရက်တွင်ဂိုးသွင်းခဲ့တာဖြစ်ပြီးသူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ၃၇ရာသီမြောက်ရာသီကိုကစားနေတာလည်းဖြစ်ပါတယ်။
သူဟာစတုတ္ထတန်းလိဂ်ပွဲစဉ်ရဲ့ပွဲချိန်၈၄မိနစ်တွင်လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူဝင်ရောက်လာပြီးနောက်မိနစ်အနည်းငယ်အကြာတွင်ပင်နယ်တီရရှိပြီးပင်နယ်တီရရှိကာသွင်းယူခဲ့တာဖြစ်ပါတယ်။
မူရာဟာဂိုးသွင်းယူပြီးနောက်ပြေးလွှားပြီးခြေထောက်အကကကာအောင်ပွဲခံခဲ့တာတွေ့ရပါတယ်။
သူဟာ၂၀၁၇ခုနှစ်၊မတ်လနောက်ပိုင်းတွင်သွင်းယူတဲ့ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။
ယင်းပွဲတွင်ဆူဇူကီးပွိုင့်ဂက်တားကတီယာမိုဟီရာကာတာကို၃-၁ဖြင့်အနိုင်ရခဲ့ပါတယ်။
ZawGyi
သမိုင်းတွင် အသက်ကြီးဆုံးဂိုးသွင်းယူသူအဖြစ် မှတ်တမ်းရေးထိုးလာတဲ့ အသက် ၅၅ နှစ်အရွယ်ရှိ ဂျပန်ကစားသမား