သမိုင်းသစ်ရေးထိုးကြရန် အင်္ဂလန်အသင်းကို ဗြိတိန်ဘုရင်မကြီး တိုက်တွန်း

ဗြိတိန်ဘုရင်မကြီးကဂါရတ်ဆောက်ဂိတ်နှင့်အင်္ဂလန်အသင်းအားယူရို၂၀၂၀ဖလားဆွတ်ခူးကာသမိုင်းမှတ်တိုင်သစ်စိုက်ထူကြရန်တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်ဘုရင်မကြီးဟာယူရို၂၀၂၀ပြိုင်ပွဲသို့တက်ရောက်နိုင်အောင်စွမ်းဆောင်ထားတဲ့အင်္းလန်အသင်းရဲ့ပေးဆပ်မှု၊စိတ်ဓာတ်နှင့်ဂုဏ်မြှင့်တင်ပေးမှုတို့ကိုချီးကျူးခဲ့ပါသေးတယ်။

အင်္ဂလန်ဟာယနေ့ညမှာဝင်ဘာလေကွင်းမှာယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲအဖြစ်အီတလီနှင့်ရင်ဆိုင်ကစားရပါမယ်။အင်္ဂလန်ဟာ၁၉၆၆ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်ဗိုလ်လုပွဲသို့တက်ရောက်ထားပြီး၅၅နှစ်ကြာဆုဖလားဝေးကွာလာမှုကိုအဆုံးသတ်နိုင်မယ့်အခွင့်အရေးရထားပါတယ်။

ဗြိတိန်ဘုရင်မကြီးကအင်္ဂလန်အသင်းနောက်ဆုံးအကြိမ်နိုင်ငံတကာဆုဖလားဆွတ်ခူးတဲ့၁၉၆၆ကမ္ဘာ့ဖလားတုန်းကဆုဖလားအားအင်္ဂလန်အသင်းကိုချီးမြှင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ဘုရင်မကြီးက အင်္ဂလန်နည်းပြဆောက်ဂိတ်ထံသို့ရေးသားတဲ့စာထဲတွင် လွန်ခဲ့တဲ့၅၅နှစ်တုန်းကကမ္ဘာ့ဖလားကိုဘော်ဘီမိုးကိုချီးမြှင့်ခွင့်ရခဲ့စဉ်က နိုင်ငံတကာဆုဖလားမှာကစားသမားတွေ၊စီမံခန့်ခွဲသူတွေ၊ပရိသတ်တွေအတွက်ဘယ်လောက်အထိအရေးပါသလဲမြင်ခဲ့ရကြောင်း၊မနက်ဖြန်ယူရိုချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်းသမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်ရန်ဆုမွန်ကောင်းတောင်းပါကြောင်းရေးသားထားပါတယ်။

ဗြိတိန်ဘုရင်မကြီးဟာယနေ့ညဝင်ဘာလေကွင်းတွင်ကစားမယ့်အီတလီနှင့်ယူရိုဗိုလ်လုပွဲကိုတော့လာရောက်ကြည့်ဖို့တော့မရှိပါဘူး။ဒါပေမယ့်မင်းသားဝီလီယမ်နှင့်ဇနီးသည်ကိတ်မက်ဒဲလ်တန်တို့ကတော့လာရောက်ကြည့်ရှုဖို့ရှိပါတယ်။

ZawGyi

သမိုင္းသစ္ေရးထိုးၾကရန္ အဂၤလန္အသင္းကို ၿဗိတိန္ဘုရင္မႀကီး တိုက္တြန္း

ၿဗိတိန္ဘုရင္မႀကီးကဂါရတ္ေဆာက္ဂိတ္ႏွင့္အဂၤလန္အသင္းအားယူ႐ို၂၀၂၀ဖလားဆြတ္ခူးကာသမိုင္းမွတ္တိုင္သစ္စိုက္ထူၾကရန္တိုက္တြန္းလိုက္ပါတယ္။

ၿဗိတိန္ဘုရင္မႀကီးဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲသို႔တက္ေရာက္ႏိုင္ေအာင္စြမ္းေဆာင္ထားတဲ့အၤးလန္အသင္းရဲ႕ေပးဆပ္မႈ၊စိတ္ဓာတ္ႏွင့္ဂုဏ္ျမႇင့္တင္ေပးမႈတို႔ကိုခ်ီးက်ဴးခဲ့ပါေသးတယ္။

အဂၤလန္ဟာယေန႔ညမွာဝင္ဘာေလကြင္းမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲအျဖစ္အီတလီႏွင့္ရင္ဆိုင္ကစားရပါမယ္။အဂၤလန္ဟာ၁၉၆၆ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္ဗိုလ္လုပြဲသို႔တက္ေရာက္ထားၿပီး၅၅ႏွစ္ၾကာဆုဖလားေဝးကြာလာမႈကိုအဆုံးသတ္ႏိုင္မယ့္အခြင့္အေရးရထားပါတယ္။

ၿဗိတိန္ဘုရင္မႀကီးကအဂၤလန္အသင္းေနာက္ဆုံးအႀကိမ္ႏိုင္ငံတကာဆုဖလားဆြတ္ခူးတဲ့၁၉၆၆ကမာၻ႔ဖလားတုန္းကဆုဖလားအားအဂၤလန္အသင္းကိုခ်ီးျမႇင့္ေပးခဲ့သူလည္းျဖစ္ပါတယ္။

ဘုရင္မႀကီးက အဂၤလန္နည္းျပေဆာက္ဂိတ္ထံသို႔ေရးသားတဲ့စာထဲတြင္ လြန္ခဲ့တဲ့၅၅ႏွစ္တုန္းကကမာၻ႔ဖလားကိုေဘာ္ဘီမိုးကိုခ်ီးျမႇင့္ခြင့္ရခဲ့စဥ္က ႏိုင္ငံတကာဆုဖလားမွာကစားသမားေတြ၊စီမံခန႔္ခြဲသူေတြ၊ပရိသတ္ေတြအတြက္ဘယ္ေလာက္အထိအေရးပါသလဲျမင္ခဲ့ရေၾကာင္း၊မနက္ျဖန္ယူ႐ိုခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္လည္းသမိုင္းမွတ္တိုင္သစ္စိုက္ထူႏိုင္ရန္ဆုမြန္ေကာင္းေတာင္းပါေၾကာင္းေရးသားထားပါတယ္။

ၿဗိတိန္ဘုရင္မႀကီးဟာယေန႔ညဝင္ဘာေလကြင္းတြင္ကစားမယ့္အီတလီႏွင့္ယူ႐ိုဗိုလ္လုပြဲကိုေတာ့လာေရာက္ၾကည့္ဖို႔ေတာ့မရွိပါဘူး။ဒါေပမယ့္မင္းသားဝီလီယမ္ႏွင့္ဇနီးသည္ကိတ္မက္ဒဲလ္တန္တို႔ကေတာ့လာေရာက္ၾကည့္ရႈဖို႔ရွိပါတယ္။