သရဲကိုက်ခံရပြီးနောက် စပါးစ်နည်းပြနူနိုရဲ့အနာဂတ်မရေမရာဖြစ်လာ

နူနိုအက်စ်ပီရီတိုဆန်တိုဟာတနင်္ဂနွေနေ့တုန်းကစပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းကအရေးပေါ်ဘုတ်အဖွဲ့အစည်းဆင့်ခေါ်ယူလိုက်မှုနဲ့အတူ ရာထူးမှအထုတ်မခံရရေးတိုက်ပွဲဝင်နေရပြီဖြစ်ပါတယ်။

စပါးစ်ဥက္ကဌဟာစနေနေ့တုန်းကလန်ဒန်ကွင်းတွင်မန်ယူကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တစ်ရက်အကြာတနင်္ဂနွေနေ့တွင်နည်းပြနူနိုရဲ့အနာဂတ်နှင့်ပတ်သက်ပြီးအားကစားဒါရိုက်တာဖေဘီယိုပါရာတီခီနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ယခုအခါလီဗိုင်းဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၁၀ပွဲတွင်၅ပွဲအနိုင်ယူပေးထားတဲ့အသက်၄၇နှစ်ရှိနည်းပြနူနိုကိုထုတ်ပယ်ရေးအတွက်စဉ်းစားနေပြီဖြစ်ပါတယ်။

တကယ်လို့နူနိုဟာစပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပါကအသင်းကို၁၂၄ရက်တည်းသာကိုင်တွယ်ခဲ့ရကာစပါးစ်ဥက္ကဌလီဗိုင်းလက်အောက်တွင်သက်တမ်းအတိုဆုံးနည်းပြဖြစ်လာပါမယ်။

စပါးစ်ပရိသတ်များဟာစနေနေ့တုန်းကမန်ယူအားရှုံးနိမ့်တဲ့ပွဲတွင်နူနိုကိုရာထူးမှထုတ်ပယ်ရန်အော်ဟစ်ခဲ့ကြပါတယ်။

နူနိုရဲ့လက်အောက်တွင်စပါးစ်အသင်းဟာစုဖွဲ့မှုပျောက်ဆုံးနေပြီးမန်ယူနှင့်ပွဲတုန်းကဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မျှမပြုလုပ်နိုင်ခဲ့ပါဘူး။

ZawGyi

သရဲကိုက္ခံရၿပီးေနာက္ စပါးစ္နည္းျပႏူႏိုရဲ႕အနာဂတ္မေရမရာျဖစ္လာ

ႏူႏိုအက္စ္ပီရီတိုဆန္တိုဟာတနဂၤေႏြေန႔တုန္းကစပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းကအေရးေပၚဘုတ္အဖြဲ႕အစည္းဆင့္ေခၚယူလိုက္မႈနဲ႔အတူ ရာထူးမွအထုတ္မခံရေရးတိုက္ပြဲဝင္ေနရၿပီျဖစ္ပါတယ္။

စပါးစ္ဥကၠဌဟာစေနေန႔တုန္းကလန္ဒန္ကြင္းတြင္မန္ယူကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တစ္ရက္အၾကာတနဂၤေႏြေန႔တြင္နည္းျပႏူႏိုရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးအားကစားဒါ႐ိုက္တာေဖဘီယိုပါရာတီခီႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

ယခုအခါလီဗိုင္းဟာပရီးမီးယားလိဂ္အဖြင့္ပြဲ၁၀ပြဲတြင္၅ပြဲအႏိုင္ယူေပးထားတဲ့အသက္၄၇ႏွစ္ရွိနည္းျပႏူႏိုကိုထုတ္ပယ္ေရးအတြက္စဥ္းစားေနၿပီျဖစ္ပါတယ္။

တကယ္လို႔ႏူႏိုဟာစပါးစ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရပါကအသင္းကို၁၂၄ရက္တည္းသာကိုင္တြယ္ခဲ့ရကာစပါးစ္ဥကၠဌလီဗိုင္းလက္ေအာက္တြင္သက္တမ္းအတိုဆုံးနည္းျပျဖစ္လာပါမယ္။

စပါးစ္ပရိသတ္မ်ားဟာစေနေန႔တုန္းကမန္ယူအားရႈံးနိမ့္တဲ့ပြဲတြင္ႏူႏိုကိုရာထူးမွထုတ္ပယ္ရန္ေအာ္ဟစ္ခဲ့ၾကပါတယ္။

ႏူႏိုရဲ႕လက္ေအာက္တြင္စပါးစ္အသင္းဟာစုဖြဲ႕မႈေပ်ာက္ဆုံးေနၿပီးမန္ယူႏွင့္ပြဲတုန္းကဂိုးေပါက္တည့္တဲ့ကန္ခ်က္တစ္ႀကိမ္မွ်မျပဳလုပ္ႏိုင္ခဲ့ပါဘူး။