သရဲနီကစားဖော်ပတ်ဂျီဆန်မှာ သူ့သားရဲ့ခေါင်းကိုင်ဖခင်လို့ အတည်ပြုလာတဲ့ အီဗရာ

ပက်ထရစ်အီဗရာဟာမန်ယူကစားဖော်ဟောင်းပတ်ဂျီဆန်နှင့်အလွန်ရင်းနှီးတဲ့သူငယ်ချင်းများဖြစ်ကြောင်းကိုဖွင့်ဟပြောကြားလာပြီးအသက်၄၀နှစ်ရှိတောင်ကိုရီးယားစတားဟောင်းမှာသူ့သားရဲ့ခေါင်းကိုင်ဖခင်ဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းကပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းကမန်ယူကစားဖော်ဟောင်းပတ်ဂျီဆန်မှာသူ့ရဲ့အခင်ဆုံးသူငယ်ချင်းများထဲမှတစ်ဦးဖြစ်ပြီးသူ့ကလေးရဲ့ခေါင်းကိုင်ဖြစ်လာနိုင်ကြောင်းအရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ယင်းနောက်နှစ်ပတ်အကြာတွင်ပက်ထရစ်အီဗရာရဲ့ချစ်သူမာဂတ်စ်အလက်ဇန္ဒရားတွင်ပထမဆုံးကလေးမွေးဖွားခဲ့ပါတယ်။

ယခုခြောက်လအကြာတွင်အီဗရာကမန်ယူကစားဖော်ဟောင်းပတ်ဂျီဆန်မှာသူ့သားလီလပ်စ်လာတိုင်အီဗရာရဲ့ခေါင်းကိုင်ဖခင်မှာပတ်ဂျီဆန်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အီဗရာက “ကျွန်တော်ကရှက်တတ်တဲ့လူတွေကသဘောကျတယ်။သိပ်မဖွင့်ပြောကြတဲ့သူတွေပေါ့။ဂျီကကျွန်တော့်သားရဲ့ခေါင်းကိုင်ဖခင်ပါ။သူကသူငယ်ချင်းတစ်ယောက်ဆိုတာထက်ပိုတယ်။ဒီနေ့မနက်ကတောင်သူနဲ့စကားပြောဖြစ်သေးတယ်။သူကအရမ်းနှိမ့်ချတတ်တဲ့သူပါ။ဒါပေမယ့်သူကအရမ်းပျော်ပျော်နေတတ်တဲ့သူ။သူကဒါကိုကျွန်တော့်ကိုပြတော့အခြားသူတွေမြင်မှာမဟုတ်ဘူး။သူကတကယ့်ကိုစစ်မှန်တဲ့ညီအစ်ကိုပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

သရဲနီကစားေဖာ္ပတ္ဂ်ီဆန္မွာ သူ႔သားရဲ႕ေခါင္းကိုင္ဖခင္လို႔ အတည္ျပဳလာတဲ့ အီဗရာ

ပက္ထရစ္အီဗရာဟာမန္ယူကစားေဖာ္ေဟာင္းပတ္ဂ်ီဆန္ႏွင့္အလြန္ရင္းႏွီးတဲ့သူငယ္ခ်င္းမ်ားျဖစ္ေၾကာင္းကိုဖြင့္ဟေျပာၾကားလာၿပီးအသက္၄၀ႏွစ္ရွိေတာင္ကိုရီးယားစတားေဟာင္းမွာသူ႔သားရဲ႕ေခါင္းကိုင္ဖခင္ျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

ၿပီးခဲ့တဲ့ဧၿပီလတုန္းကျပင္သစ္လက္ေ႐ြးစင္ကစားသမားေဟာင္းကမန္ယူကစားေဖာ္ေဟာင္းပတ္ဂ်ီဆန္မွာသူ႔ရဲ႕အခင္ဆုံးသူငယ္ခ်င္းမ်ားထဲမွတစ္ဦးျဖစ္ၿပီးသူ႔ကေလးရဲ႕ေခါင္းကိုင္ျဖစ္လာႏိုင္ေၾကာင္းအရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။

ယင္းေနာက္ႏွစ္ပတ္အၾကာတြင္ပက္ထရစ္အီဗရာရဲ႕ခ်စ္သူမာဂတ္စ္အလက္ဇႏၵရားတြင္ပထမဆုံးကေလးေမြးဖြားခဲ့ပါတယ္။

ယခုေျခာက္လအၾကာတြင္အီဗရာကမန္ယူကစားေဖာ္ေဟာင္းပတ္ဂ်ီဆန္မွာသူ႔သားလီလပ္စ္လာတိုင္အီဗရာရဲ႕ေခါင္းကိုင္ဖခင္မွာပတ္ဂ်ီဆန္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အီဗရာက “ကြၽန္ေတာ္ကရွက္တတ္တဲ့လူေတြကသေဘာက်တယ္။သိပ္မဖြင့္ေျပာၾကတဲ့သူေတြေပါ့။ဂ်ီကကြၽန္ေတာ့္သားရဲ႕ေခါင္းကိုင္ဖခင္ပါ။သူကသူငယ္ခ်င္းတစ္ေယာက္ဆိုတာထက္ပိုတယ္။ဒီေန႔မနက္ကေတာင္သူနဲ႔စကားေျပာျဖစ္ေသးတယ္။သူကအရမ္းႏွိမ့္ခ်တတ္တဲ့သူပါ။ဒါေပမယ့္သူကအရမ္းေပ်ာ္ေပ်ာ္ေနတတ္တဲ့သူ။သူကဒါကိုကြၽန္ေတာ့္ကိုျပေတာ့အျခားသူေတြျမင္မွာမဟုတ္ဘူး။သူကတကယ့္ကိုစစ္မွန္တဲ့ညီအစ္ကိုပါ”လို႔ေျပာၾကားသြားပါတယ္။