သရဲနီကို အကြင်နာမဲ့ တစစီဖြိုချကြရန် ကစားဖော်များ တိုက်တွန်းပြီး အကြမ်းစားစိတ်ဓာတ်ကိုပြသခဲ့တဲ့ အင်ဒီရောဘတ်ဆင်

အင်ဒီရောဘတ်ဆင်ဟာမနေ့ညတုန်းကပွဲစဉ်တွင်မိုဟာမက်ဆာလက်ကလီဗာပူးအတွက်ပဥ္စမမြောက်အနိုင်ဂိုးကိုသွင်းယူလိုက်ပြီးနောက် ပြိုင်ဘက်မန်ယူအားအကြင်နာကင်းမဲ့စွာဖြိုချပစ်ရန်အော်ဟစ်ပြောကြားကာသူ့ရဲ့အကြမ်းစားစိတ်ဓာတ်ကိုပြသခဲ့ပါတယ်။

မိုဟာမက်ဆာလက်ဟာဒုတိယပိုင်းမှာအနီးကပ်ပိတ်သွင်းမှုပြုလုပ်ပြီးလီဗာပူးအတွက်ဟက်ထရစ်မြောက်ဂိုးကိုသွင်းယူခဲ့ပါတယ်။လီဗာပူးဟာပထမပိုင်းမှာကတည်းကမန်ယူကို၄-၀ဂိုးဖြင့်ပြတ်ပြတ်သားသားအနိုင်ရနေခဲ့တာလည်းဖြစ်ပါတယ်။

အင်ဒီရောဘတ်ဆင်ဟာမိုဟာမက်ဆာလက်အပါအဝင်ကစားဖော်များနှင့်အောင်ပွဲခံပြီးနောက် “ဆက်ချထား၊ဆက်ချထား၊ဘာမှသနားကြင်နာစရာမလိုဘူး”လို့အော်ပြောခဲ့ပါတယ်။

သူဟာမနေ့ညတုန်းကမန်ယူနှင့်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီဗာပူးလူငယ်ကစားသမားကာတစ်ဂျုံးစ်တို့အချင်းများနေချိန်တွင်လည်းဗန်ဒိုက်နှင့်အတူရှေ့မှအကာအကွယ်ပေးခဲ့သူလည်းဖြစ်ပါတယ်။

မန်ယူနှင့်ပွဲတွင်မိနစ်၉၀လုံးလုံးမနားတမ်းပြေးလွှားကစားခဲ့တဲ့စကော့တလန်အသင်းခေါင်းဆောင်ဟာ၂၀၁၇ခုနှစ်တွင်ဟားလ်စီးတီးမှရောက်လာပြီးနောက်လီဗာပူးရဲ့အဓိကကစားသမားအဖြစ်ကစားခွင့်ရရှိလာခဲ့သူဖြစ်ပါတယ်။

ZawGyi

သရဲနီကို အၾကင္နာမဲ့ တစစီၿဖိဳခ်ၾကရန္ ကစားေဖာ္မ်ား တိုက္တြန္းၿပီး အၾကမ္းစားစိတ္ဓာတ္ကိုျပသခဲ့တဲ့ အင္ဒီေရာဘတ္ဆင္

အင္ဒီေရာဘတ္ဆင္ဟာမေန႔ညတုန္းကပြဲစဥ္တြင္မိုဟာမက္ဆာလက္ကလီဗာပူးအတြက္ပၪၥမေျမာက္အႏိုင္ဂိုးကိုသြင္းယူလိုက္ၿပီးေနာက္ ၿပိဳင္ဘက္မန္ယူအားအၾကင္နာကင္းမဲ့စြာၿဖိဳခ်ပစ္ရန္ေအာ္ဟစ္ေျပာၾကားကာသူ႔ရဲ႕အၾကမ္းစားစိတ္ဓာတ္ကိုျပသခဲ့ပါတယ္။

မိုဟာမက္ဆာလက္ဟာဒုတိယပိုင္းမွာအနီးကပ္ပိတ္သြင္းမႈျပဳလုပ္ၿပီးလီဗာပူးအတြက္ဟက္ထရစ္ေျမာက္ဂိုးကိုသြင္းယူခဲ့ပါတယ္။လီဗာပူးဟာပထမပိုင္းမွာကတည္းကမန္ယူကို၄-၀ဂိုးျဖင့္ျပတ္ျပတ္သားသားအႏိုင္ရေနခဲ့တာလည္းျဖစ္ပါတယ္။

အင္ဒီေရာဘတ္ဆင္ဟာမိုဟာမက္ဆာလက္အပါအဝင္ကစားေဖာ္မ်ားႏွင့္ေအာင္ပြဲခံၿပီးေနာက္ “ဆက္ခ်ထား၊ဆက္ခ်ထား၊ဘာမွသနားၾကင္နာစရာမလိုဘူး”လို႔ေအာ္ေျပာခဲ့ပါတယ္။

သူဟာမေန႔ညတုန္းကမန္ယူႏွင့္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီဗာပူးလူငယ္ကစားသမားကာတစ္ဂ်ဳံးစ္တို႔အခ်င္းမ်ားေနခ်ိန္တြင္လည္းဗန္ဒိုက္ႏွင့္အတူေရွ႕မွအကာအကြယ္ေပးခဲ့သူလည္းျဖစ္ပါတယ္။

မန္ယူႏွင့္ပြဲတြင္မိနစ္၉၀လုံးလုံးမနားတမ္းေျပးလႊားကစားခဲ့တဲ့စေကာ့တလန္အသင္းေခါင္းေဆာင္ဟာ၂၀၁၇ခုႏွစ္တြင္ဟားလ္စီးတီးမွေရာက္လာၿပီးေနာက္လီဗာပူးရဲ႕အဓိကကစားသမားအျဖစ္ကစားခြင့္ရရွိလာခဲ့သူျဖစ္ပါတယ္။